You are here
Home > KNOWLEDGE > .မိေက်ာင္းဆြဲခံထားရတဲ့ သားေဇာနဲ႔ ကိုယ့္အသက္ကို မငဲ့ဘဲ ေရထဲဆင္းၿပီး မိေက်ာင္းနဲ႔ ၿပိဳင္ဖိုက္ ဖက္ကိုက္ကာ သားကို ျပန္လုတဲ့ ဖခင္…

.မိေက်ာင္းဆြဲခံထားရတဲ့ သားေဇာနဲ႔ ကိုယ့္အသက္ကို မငဲ့ဘဲ ေရထဲဆင္းၿပီး မိေက်ာင္းနဲ႔ ၿပိဳင္ဖိုက္ ဖက္ကိုက္ကာ သားကို ျပန္လုတဲ့ ဖခင္…

အသက္ ၁၂အရြယ္သာရွိေသးတဲ့ Diego Abdulhasan နဲ႔ မိသားစုဟာဖိလစ္ပိုင္နိုင္ငံ Palawan ေဒသရွိ Balabac ကၽြန္းမွာေနထိုင္ၾကပါတယ္။

ၿပီးခဲ့တဲ့ ၂၅ရက္ေန႔ညေန ၆နာရီေလာက္မွာ ညီကိုႏွစ္ေယာက္နဲ႔အတူ အိမ္နားကသူေတြနဲ႔ေရဆင္းကူးေနတုန္း Diego ကိုေရေအာက္ကတစ္ခုခုက ေဆာင့္ဆြဲသလိုျဖစ္ခဲ့ပါတယ္။

ကိုက္ဆြဲလိုက္တဲ့ဒဏ္ရာေၾကာင့္ အရမ္းနာက်င္ၿပီး သူ႔ကိုကိုက္ဆြဲထားတဲ့အရာကို ၾကည့္လိုက္တဲ့အခါမွာေတာ့ မိေက်ာင္းတစ္ေကာင္ပဲ ျဖစ္ေနပါတယ္။

Diego ရဲ့ ဖခင္ Tejada Abulhasan ဟာ အနီးနားကေအာ္ဟစ္သံေၾကာင့္ ထြက္ၾကည့္တဲ့အခါမွာေတာ့ သားႀကီးျဖစ္သူကို မိေက်ာင္းဆြဲေနတာကိုေတြ႕လိုက္ရပါတယ္။

ေတြ႕တာနဲ႔တစ္ၿပိဳင္နက္ထဲ ကိုက္ ၁ဝဝေလာက္ရွိတဲ့ေနရာကို သားေဇာနဲ႔ေတြ႕ကရာသစ္သားေခ်ာင္းကို ေကာက္ကိုင္ၿပီးအေျပးသြားခဲ့ပါတယ္။

သားရွိရာကို ကူးခတ္သြားခဲ့ၿပီး မိေခ်ာင္းရဲ့ႏွာႏုရိုးကို ထပ္ခါထပ္ခါဆင့္ထိုးေပမဲ့ မိေက်ာင္းက သားျဖစ္သူကိုကိုက္ထားရာက မလြတ္ေပးတာေၾကာင့္ အခက္ေတြ႕ေနပါတယ္။

အဲ့အခ်ိန္မွာ မိေက်ာင္းရဲ့ ေပ်ာ့ၿပီးကိုက္လို႔နိုင္မယ့္ ေနရာကိုရွာကိုက္မယ္ဆိုၿပီး အေတြးဝင္လာပါတယ္။ အဲ့ဒီေနာက္ အရင္ဆုံး မိေက်ာင္းရဲ့ေျခေထာက္ကိုအားရွိသမၽွ အသားကုန္ထည့္ၿပီး ကိုက္ျဖတ္ပါေတာ့တယ္။

ဆင့္ကာဆင့္ကာ ကိုက္ခဲမႈေၾကာင့္ မိေက်ာင္းလဲနာက်င္ၿပီး Diegoကို လြတ္ခ်ကာေရထဲကို ဆင္းသြားပါေတာ့တယ္။

အဲ့ဒီေနာက္ Diego Abdulhasan ကို Balabac ၿမိဳ႕ရွိေဆး႐ုံကို အခ်ိန္မီ ပို႔ေဆာင္နိုင္ခဲ့လို႔ စိုးရိမ္စရာအေျခအေနေတာ့ မျဖစ္ခဲ့ပါဘူး။

ဒါေပမယ့္ မိေက်ာင္းကိုက္တဲ့ ဒဏ္ရာေၾကာင့္ မ်က္ႏွာ၊ မ်က္ခြံ၊ ေျခေထာက္နဲ႔ လက္တို႔မွာ ကုတ္ရာျခစ္ရာေတြရရွိခဲ့ၿပီး ေဆး႐ုံမွာ ၂ရက္ၾကာေဆးကုသမႈခံယူခဲ့ပါတယ္။

အဆိုပါ ျဖစ္စဥ္ဟာ ၂၀၁၉ခုႏွစ္မွာ ပထမဦးဆုံးအႀကိမ္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၁၈ နိုဝင္ဘာလတုန္းကလည္း ငါးဖမ္းသမားတစ္ဦး မိေက်ာင္းဆြဲခံရလို႔ ေသဆုံးခဲ့ရပါေသးတယ္။

ထိုကဲ့သို႔ မိေက်ာင္းဆြဲခံရမႈေတြျဖစ္ေပၚေနတာေၾကာင့္ ျမစ္ကမ္းတစ္ေလၽွာက္ ေသာင္းက်န္းေနတဲ့ မိေက်ာင္းေတြကို လိုက္လံဖမ္းဆီးရာမွာေတာ့ ေရငန္မိေက်ာင္းတစ္ေကာင္ကို ဖမ္းဆီးရမိခဲ့ပါတယ္။

အဆိုပါမိေက်ာင္းဟာ ၁၅ေပနဲ႔ ၆လက္မရွည္လ်ာၿပီး Puerto Princesa ရွိ မိေက်ာင္းထိန္းသိမ္းေရးဌာနကို ပို႔ေဆာင္ခဲ့ပါတယ္။

Credit – MPA

Unicode

မိကျောင်းဆွဲခံထားရတဲ့ သားဇောနဲ့ ကိုယ့်အသက်ကို မငဲ့ဘဲ ရေထဲဆင်းပြီး မိကျောင်းနဲ့ ပြိုင်ဖိုက် ဖက်ကိုက်ကာ သားကို ပြန်လုတဲ့ ဖခင်

အသက် ၁၂အရွယ်သာရှိသေးတဲ့ Diego Abdulhasan နဲ့ မိသားစုဟာဖိလစ်ပိုင်နိုင်ငံ Palawan ဒေသရှိ Balabac ကျွန်းမှာနေထိုင်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၅ရက်နေ့ညနေ ၆နာရီလောက်မှာ ညီကိုနှစ်ယောက်နဲ့အတူ အိမ်နားကသူတွေနဲ့ရေဆင်းကူးနေတုန်း Diego ကိုရေအောက်ကတစ်ခုခုက ဆောင့်ဆွဲသလိုဖြစ်ခဲ့ပါတယ်။

ကိုက်ဆွဲလိုက်တဲ့ဒဏ်ရာကြောင့် အရမ်းနာကျင်ပြီး သူ့ကိုကိုက်ဆွဲထားတဲ့အရာကို ကြည့်လိုက်တဲ့အခါမှာတော့ မိကျောင်းတစ်ကောင်ပဲ ဖြစ်နေပါတယ်။

Diego ရဲ့ ဖခင် Tejada Abulhasan ဟာ အနီးနားကအော်ဟစ်သံကြောင့် ထွက်ကြည့်တဲ့အခါမှာတော့ သားကြီးဖြစ်သူကို မိကျောင်းဆွဲနေတာကိုတွေ့လိုက်ရပါတယ်။

တွေ့တာနဲ့တစ်ပြိုင်နက်ထဲ ကိုက် ၁ဝဝလောက်ရှိတဲ့နေရာကို သားဇောနဲ့တွေ့ကရာသစ်သားချောင်းကို ကောက်ကိုင်ပြီးအပြေးသွားခဲ့ပါတယ်။

သားရှိရာကို ကူးခတ်သွားခဲ့ပြီး မိချောင်းရဲ့နှာနုရိုးကို ထပ်ခါထပ်ခါဆင့်ထိုးပေမဲ့ မိကျောင်းက သားဖြစ်သူကိုကိုက်ထားရာက မလွတ်ပေးတာကြောင့် အခက်တွေ့နေပါတယ်။

အဲ့အချိန်မှာ မိကျောင်းရဲ့ ပျော့ပြီးကိုက်လို့နိုင်မယ့် နေရာကိုရှာကိုက်မယ်ဆိုပြီး အတွေးဝင်လာပါတယ်။ အဲ့ဒီနောက် အရင်ဆုံး မိကျောင်းရဲ့ခြေထောက်ကိုအားရှိသမျှ အသားကုန်ထည့်ပြီး ကိုက်ဖြတ်ပါတော့တယ်။

ဆင့်ကာဆင့်ကာ ကိုက်ခဲမှုကြောင့် မိကျောင်းလဲနာကျင်ပြီး Diegoကို လွတ်ချကာရေထဲကို ဆင်းသွားပါတော့တယ်။

အဲ့ဒီနောက် Diego Abdulhasan ကို Balabac မြို့ရှိဆေးရုံကို အချိန်မီ ပို့ဆောင်နိုင်ခဲ့လို့ စိုးရိမ်စရာအခြေအနေတော့ မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် မိကျောင်းကိုက်တဲ့ ဒဏ်ရာကြောင့် မျက်နှာ၊ မျက်ခွံ၊ ခြေထောက်နဲ့ လက်တို့မှာ ကုတ်ရာခြစ်ရာတွေရရှိခဲ့ပြီး ဆေးရုံမှာ ၂ရက်ကြာဆေးကုသမှုခံယူခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ၂၀၁၉ခုနှစ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလတုန်းကလည်း ငါးဖမ်းသမားတစ်ဦး မိကျောင်းဆွဲခံရလို့ သေဆုံးခဲ့ရပါသေးတယ်။

ထိုကဲ့သို့ မိကျောင်းဆွဲခံရမှုတွေဖြစ်ပေါ်နေတာကြောင့် မြစ်ကမ်းတစ်လျှောက် သောင်းကျန်းနေတဲ့ မိကျောင်းတွေကို လိုက်လံဖမ်းဆီးရာမှာတော့ ရေငန်မိကျောင်းတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါမိကျောင်းဟာ ၁၅ပေနဲ့ ၆လက်မရှည်လျာပြီး Puerto Princesa ရှိ မိကျောင်းထိန်းသိမ်းရေးဌာနကို ပို့ဆောင်ခဲ့ပါတယ်။

Credit – MPA

Top
//doruffleton.com/4/3018672