ညဘက္အထိအပင္ပန္းခံကာ ႐ိုက္ကူးေရးလုပ္ေနၾကတဲ့ အူဝဲ၊ ခိုင္သင္းၾကည္နဲ႔ေမျမင့္မိုရ္တို႔ဒိတ္ဒိတ္ႀကဲမင္းသမီးသုံးေယာက္

အႏုပညာေလာကမွာ ဒိတ္ဒိတ္ႀကဲမင္းသမီးေတြအျဖစ္ရပ္တည္လ်က္ရွိေနၾကသူေတြကေတာ့ ျပည္သူခ်စ္မင္းသမီးေခ်ာေလးေတြျဖစ္တဲ့ အူဝဲနဲ႔ခိုင္သင္းၾကည္တို႔ပဲ ျဖစ္ၾကပါတယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ အႏုပညာလမ္းေၾကာင္းမွာ ဝါရင့္အႏုပညာရွင္ေတြအျဖစ္ ဆယ္စုႏွစ္ေက်ာ္တိုင္ေအာင္ ပရိသတ္ေတြရဲ႕တစ္ခဲနက္အားေပးမႈေတြနဲ႔ ေအာင္မင္မႈေတြမ်ားစြာရရွိပိုင္ဆိုင္ထားၾကတာပါ။ ပီျပင္ကြၽမ္းက်င္လွတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္လည္း အကယ္ဒမီထူးခြၽန္ဆုေတြရရွိပိုင္ဆိုင္ထားၾကသူေတြပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ အိမ္ေထာင္ရွင္မမ်ားျဖစ္ၾကၿပီး မိသားစုနဲ႔အႏုပညာအလုပ္ေတြကို မလစ္ဟင္းရေအာင္လုပ္ေဆာင္ႏိုင္ၾကတဲ့ထက္ျမက္တဲ့အမ်ိဳးသမီးေတြဆိုရင္လည္း မမွားႏိုင္ပါဘူးေနာ္။

သ႐ုပ္ေဆာင္ေမျမင့္မိုရ္ကေတာ့ MRTV-4 ႐ုပ္သံဇာတ္လမ္းတြဲမ်ားမွတစ္ဆင့္ ပရိသတ္ေတြရဲ႕ရင္ထဲကိုအခ်ိန္တိုအတြင္းမွာေရာက္ရွိေနရာယူထားသူေလးတစ္ေယာက္ပါ။ သူမရဲ႕ပီျပင္တဲ့သ႐ုပ္ေဆာင္မႈေတြေၾကာင့္လည္း ႐ုပ္သံဇာတ္လမ္းတြဲမ်ားသာမကပဲ ႐ုပ္ရွင္ဇာတ္ကားႀကီးမ်ားပါ႐ိုက္ကူးေနရတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာလည္း ဝါရင့္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ အူဝဲ၊ခိုင္သင္းၾကည္တို႔နဲ႔အတူ “ ဇာတ္လိုက္ ” ဆိုတဲ့႐ုပ္ရွင္ကားႀကီးတစ္ကား႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။

ဒီဇာတ္ကားႀကီးကို လြန္ခဲ့တဲ့တစ္ပတ္ေက်ာ္က ပဲခူး႐ိုးမမွာသြားေရာက္႐ိုက္ကူးေနတာပဲျဖစ္ၿပီး မိုးဒဏ္ေလဒဏ္စတဲ့ရာသီဥတုကိုအံတုကာ အခက္အခဲေတြမ်ားစြာနဲ႔႐ိုက္ကူးထားရတာလည္းျဖစ္ပါတယ္။ အခုတစ္ေခါက္မွာလည္း ညမိုးခ်ဳပ္တဲ့အခ်ိန္ထိအနားမယူႏိုင္ပဲ အပင္ပန္းခံကာ႐ိုက္ကူးေနတဲ့ပုံရိပ္ေလးေတြကို ေမျမင့္မိုရ္ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာေဝမွ်ထားတာပဲ ျဖစ္ပါတယ္။ ပင္ပန္းေနတဲ့ၾကားက အၿပဳံးေလးေတြကိုယ္စီနဲ႔အရမ္းကိုခ်စ္စရာေကာင္းေနၾကတဲ့ မင္းသမီးေခ်ာေလးသုံးေယာက္ရဲ႕ပုံရိပ္ေလးေတြကို ေဝမွ်ေပးလိုက္ရပါတယ္ေနာ္။

Photo – May Myint Mo,CRD-Myanmarload

UNICODE
ညဘက်အထိအပင်ပန်းခံကာ ရိုက်ကူးရေးလုပ်နေကြတဲ့ အူဝဲ၊ ခိုင်သင်းကြည်နဲ့မေမြင့်မိုရ်တို့ဒိတ်ဒိတ်ကြဲမင်းသမီးသုံးယောက်

အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲမင်းသမီးတွေအဖြစ်ရပ်တည်လျက်ရှိနေကြသူတွေကတော့ ပြည်သူချစ်မင်းသမီးချောလေးတွေဖြစ်တဲ့ အူဝဲနဲ့ခိုင်သင်းကြည်တို့ပဲ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အနုပညာလမ်းကြောင်းမှာ ဝါရင့်အနုပညာရှင်တွေအဖြစ် ဆယ်စုနှစ်ကျော်တိုင်အောင် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုတွေနဲ့ အောင်မင်မှုတွေများစွာရရှိပိုင်ဆိုင်ထားကြတာပါ။ ပီပြင်ကျွမ်းကျင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေရရှိပိုင်ဆိုင်ထားကြသူတွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အိမ်ထောင်ရှင်မများဖြစ်ကြပြီး မိသားစုနဲ့အနုပညာအလုပ်တွေကို မလစ်ဟင်းရအောင်လုပ်ဆောင်နိုင်ကြတဲ့ထက်မြက်တဲ့အမျိုးသမီးတွေဆိုရင်လည်း မမှားနိုင်ပါဘူးနော်။

သရုပ်ဆောင်မေမြင့်မိုရ်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေရဲ့ရင်ထဲကိုအချိန်တိုအတွင်းမှာရောက်ရှိနေရာယူထားသူလေးတစ်ယောက်ပါ။ သူမရဲ့ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့်လည်း ရုပ်သံဇာတ်လမ်းတွဲများသာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးများပါရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ အူဝဲ၊ခိုင်သင်းကြည်တို့နဲ့အတူ “ ဇာတ်လိုက် ” ဆိုတဲ့ရုပ်ရှင်ကားကြီးတစ်ကားရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကို လွန်ခဲ့တဲ့တစ်ပတ်ကျော်က ပဲခူးရိုးမမှာသွားရောက်ရိုက်ကူးနေတာပဲဖြစ်ပြီး မိုးဒဏ်လေဒဏ်စတဲ့ရာသီဥတုကိုအံတုကာ အခက်အခဲတွေများစွာနဲ့ရိုက်ကူးထားရတာလည်းဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ညမိုးချုပ်တဲ့အချိန်ထိအနားမယူနိုင်ပဲ အပင်ပန်းခံကာရိုက်ကူးနေတဲ့ပုံရိပ်လေးတွေကို မေမြင့်မိုရ်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပင်ပန်းနေတဲ့ကြားက အပြုံးလေးတွေကိုယ်စီနဲ့အရမ်းကိုချစ်စရာကောင်းနေကြတဲ့ မင်းသမီးချောလေးသုံးယောက်ရဲ့ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ရပါတယ်နော်။

Share From Global Myanmar Media