ပါခ်ဳပ္ဆရာေတာ္နဲ႔ ဖားေအာက္ဆရာေတာ္ကို ဖူးေမွ်ာ္ခြင့္ရခဲ့တဲ့ ပိုပို

ပုိပုိက ပါခ်ဳပ္ဆရာေတာ္ႀကီးနဲ႔ ဖားေအာက္ဆရာေတာ္ႀကီး ႏွစ္ပါးကုိ ကုိယ္တုိင္ဖူးေမွ်ာ္ခြင့္ရခဲ့လုိ႔ ဝမ္းသာပီတိျဖစ္လို႔ေနပါတယ္။ပုိပုိဟာ သီလရွင္ဝတ္ေနတဲ့အခ်ိန္မွာ နာမည္ေက်ာ္ ဆရာေတာ္ဘုရားႀကီးေတြျဖစ္တဲ့ ပါခ်ဳပ္ဆရာေတာ္ႀကီးနဲ႔ ဖားေအာက္ဆရာေတာ္ႀကီးတုိ႔ကုိ ဖူးေမွ်ာ္ခြင့္ရခဲ့ပါတယ္တဲ့။ ဒါေၾကာင့္လည္း သူမကုိယ္တုိင္ ပီတိျဖစ္ေနတယ္လုိ႔ ဆုိပါတယ္။‘’သီလရွင္ ဘဝမွာ တစ္ရက္တည္းန႔ဲ ဖားေအာက္ဆရာေတာ္ ဘုရားႀကီးကိုေရာ ပါခ်ဴပ္ ဆရာေတာ္ ဘုရားႀကီးကိုပါ

ဖူးေတြ႕ခြင့္ရခ့ဲတာ ဝမ္းသာပီတိျဖစ္’’ ဆုိၿပီးေတာ့ ေမလ ၃၁ ရက္ေန႔ မနက္ ၈ နာရီ ေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာေရးသားခဲ့ပါတယ္။ အဲဒီေနာက္ ဆရာေတာ္ဘုရားႀကီးတုိ႔ကုိ ဖူးေမွ်ာ္ခြင့္ရခဲ့တဲ့ အမွတ္တရ ဓာတ္ပုံေတြကုိလည္း တင္ခဲ့တာ ေတြ႔ရပါတယ္။

ပုိပုိဟာ ေမလ ၂၁ ရက္ေန႔ကေန ေမလ ၂၉ ရက္ေန႔ အထိ စစ္ကုိင္းေခ်ာင္မွာ ၉ ရက္အၾကာ သီလရွင္ ဝတ္ခဲ့တာျဖစ္ပါတယ္။ သူမဟာ ရရွိလာတဲ့ အႏုပညာေၾကးထဲကေန သီလရွင္မဝတ္ႏုိင္တဲ့ မိန္းကေလး ပရိသတ္ေတြကုိလည္း ကုိယ္တုိင္ သီလရွင္ ဝတ္ေပးခဲ့တာကုိ ေတြ႔ရပါတယ္။

ပုိပုိက မၾကာေသးခင္ကပဲ အသက္ ၂၉ ႏွစ္ျပည့္သြားတာျဖစ္ပါတယ္။သူမကုိေတာ့ အခ်စ္သီခ်င္းေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာပါ။ ပိုပုိရဲ႕ ပထမဆုံးတစ္ကုိယ္ေတာ္ ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယုိ အယ္လ္ဘမ္ တုိ႔ကုိ ထြက္ရွိခဲ့ၿပီးေတာ့ MasterPiece တစ္ကုိယ္ေတာ္အေခြကို ေနာက္ဆံုးထြက္ရွိထားပါတယ္။ သူမဟာ မၾကာေသးခင္ကတည္း တတိယႏွစ္ ဥပေဒ စာေမးပြဲကုိ ေအာင္ျမင္ထားသူ တစ္ေယာက္ျဖစ္ပါတယ္။

CRD_duwun

UNICODE

ပိုပိုက ပါချုပ်ဆရာတော်ကြီးနဲ့ ဖားအောက်ဆရာတော်ကြီး နှစ်ပါးကို ကိုယ်တိုင်ဖူးမျှော်ခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ပိုပိုဟာ သီလရှင်ဝတ်နေတဲ့အချိန်မှာ နာမည်ကျော် ဆရာတော်ဘုရားကြီးတွေဖြစ်တဲ့ ပါချုပ်ဆရာတော်ကြီးနဲ့ ဖားအောက်ဆရာတော်ကြီးတို့ကို ဖူးမျှော်ခွင့်ရခဲ့ပါတယ်တဲ့။ ဒါကြောင့်လည်း သူမကိုယ်တိုင် ပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။‘’သီလရှင် ဘဝမှာ တစ်ရက်တည်းနဲ့ ဖားအောက်ဆရာတော် ဘုရားကြီးကိုရော ပါချူပ် ဆရာတော် ဘုရားကြီးကိုပါ

ဖူးတွေ့ခွင့်ရခဲ့တာ ဝမ်းသာပီတိဖြစ်’’ ဆိုပြီးတော့ မေလ ၃၁ ရက်နေ့ မနက် ၈ နာရီ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ အဲဒီနောက် ဆရာတော်ဘုရားကြီးတို့ကို ဖူးမျှော်ခွင့်ရခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

ပိုပိုဟာ မေလ ၂၁ ရက်နေ့ကနေ မေလ ၂၉ ရက်နေ့ အထိ စစ်ကိုင်းချောင်မှာ ၉ ရက်အကြာ သီလရှင် ဝတ်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ရရှိလာတဲ့ အနုပညာကြေးထဲကနေ သီလရှင်မဝတ်နိုင်တဲ့ မိန်းကလေး ပရိသတ်တွေကိုလည်း ကိုယ်တိုင် သီလရှင် ဝတ်ပေးခဲ့တာကို တွေ့ရပါတယ်။

ပိုပိုက မကြာသေးခင်ကပဲ အသက် ၂၉ နှစ်ပြည့်သွားတာဖြစ်ပါတယ်။သူမကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ ပိုပိုရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

Share From Global Myanmar Media