




ယူနီကုတ်ဖြင့်ဖတ်ရန်

ကျောက်တည်နေတာကို ထုတ်ထားတဲ့အတွက် အနေအထိုင်ဆင်ခြင်နေရတယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်
မခိုင် လို့ အနုပညာအသိုင်းအဝိုင်းက သိထားတဲ့ ထွန်းအိန္ဒြာဗိုလ် ကတော အဆိုရော၊ သရုပ်ဆောင်မှာ ထူးချွန်တာကြောင့် ပြည်သူတွေရဲ့အားပေးမှုကို ယနေ့တိုင်ရရှိနေတဲ့ မင်းသမီးကြီးတစ်ဦးလို့ဆိုနိုင်ပါတယ်။ဇာတ်ကားကောင်းဖြစ်ဖို့က အားလုံးညီမှဖြစ်မှာဆိုတဲ့ အတွက် စိတ်ကြိုက်ဖြစ်မှပဲ လက်ခံရိုက်ကူးတတ်သူဖြစ်ပါတယ်။ ကျောက်တည်နေတာကိုထုတ်ထားတဲ့အတွက်အနေအထိုင်ဆင်ခြင်နေရတယ်ဆိုတာကို Sunday Journal မီဒီယာတွေနဲ့တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ် ။

“ကျောက်ကလွန်ခဲ့တဲ့(၂၄)နှစ်လောက်က တည်ဖူးတယ်။ ခုပြန်တည်လို့ပြန်ထုတ်ရတာပါ နှစ်စဉ်နှစ်တိုင်းကျောက်ထုတ်ရတယ် အဲဒါပဲ ကျန်တာတေကျွန်မတစ်ကိုယ်လုံးကောင်းပါတယ် ကျောက်ထုတ်တာက ဆေးရုံတက်စရာတောင်မလိုဘူး ကျောက်ကသေးသေးလေး ခုဆေးရုံးတက် ခုဆင်းလို့ရတယ် ။ ကြိုက်တာစားလို့ရတယ် ဘာမှထိန်းချုပ်စရာမလိုဘူး ဒါပေမယ့်အနေအထိုင်တော့ ဆင်ခြင်ရတာပေါ့။

ကာရိုက်တာကတော့ နောက်ပိုင်းလိုက်ဖတ်တဲ့ကာရိုက်ကိုပဲလက်ခံပါတယ်။ ဘာသာရေးကိုအချိန်ပေးချင်တယ် ကျွန်မကျန်းမာရေးကောင်းပါတယ်“ ကျောက်တည်နေတာလေးတစ်ခုကြောင့်သာ ကျန်းမာရေးထိခိုက်နေတာပါ လို့ ပြောပြထားပြီးတော့

“ဆူးပန်းနွယ်သွယ်ဘယက်နဲ့ပေရွက်လိပ် နားတောင်းဆင်”ဇာတ်ကားနဲ့ပတ်သက်ပြီးတော့လည်း“ ဆရာမရဲ့ဝတ္ထုက ကျယ်ပြန့်တယ်ဆိုတော့ ရုပ်ရှင်ရိုက်ဖို့ကအချိန်မလုံလောက်ဘူး။ ဆရာမရဲ့နာမည်ကြီးဝတ္ထုလည်းဖြစ်တယ် ကျွန်မတို့ ခသုံးလုံးအနေနဲ့လည်း ခုလို့ရိုက်ခွင့်ရတဲ့အတွက်ဝမ်းသာတယ်။

ဆရာမလေးနေရာမှာကျွန်မနဲ့မလိုက်တဲ့အတွက် မခိုင်လေးကို ဆရာမလေးအဖြစ်မိန်းကာရိုက်တာမှာထားပြီးတော့ ကျွန်မကတော့ ဇာတ်ကားကောင်းအောင် ဖြည့်မယ်ဆိုတဲ့စိတ်ပဲရှိပါတယ် ဘယ်နေရာမှဆိုပြီးတော့ မရွေးထားပါဘူး“လို့ပြောပြထားတာပဲဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ကျောက်တည်နေတာကို နှစ်တိုင်းထုတ်နေရတဲ့ ထွန်းအိန္ဒြာဗိုလ် အတွက်မှတ်ချက်လေး ရေးပေးခဲ့ပါဦး။
ချစ်သဲမေ CeleGabar / Source :Sunday Journal