” လုပ္ကြက္မရတာေတြ ၊ဒိုင္ယာေလာ့နည္းတာေတြ မၾကည့္ဘဲ ေပးလိုက္တဲ့ကာရုိက္တာကိုပဲတန္ဖိုးရွိေအာင္လုပ္တယ္ ဆိုတဲ့ ေက်ာ္ထက္ေအာင္ “

ေက်ာ္ထက္ေအာင္ကေတာ့ Myanmar Idol တင္ဆက္သူအေနနဲ႔ ပရိသတ္ေတြသတိထားမိလာၿပီး ပရိသတ္အရြယ္စံု အားေပးမႈရရွိလာသူတစ္ဦးျဖစ္ပါတယ္။ အစီအစဥ္တင္ဆက္သူ အျဖစ္ကေန ရုပ္ရွင္သရုပ္ေဆာင္ဘက္ကို သူရုိက္ကူးခဲ့တဲ႔ရုပ္ရွင္ဇာတ္ကား ေတြကိုလည္းပရိသတ္ေတြက သေဘာက်လက္ခံအားေပးလာတာေတြ့ရပါတယ္။ ေယာက်ာ္းပီသတဲ့သြင္ျပင္နဲ႔ ဟန္ပန္ေတြေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြ သည္းသည္းလႈပ္အားေပးခံရသူလည္းျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ သူပါဝင္ထားတဲ့ စရုိက္ဇာတ္ကားကိုလည္းပရိသတ္ေတြၾကားေရပန္းစားေနတာပဲ ျဖစ္ပါတယ္။သူ႕ရဲ့ေန႔စဥ္လႈပ္ရွားမႈနဲ႔ အႏုပညာလႈပ္ရွားမႈမ်ားကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာေဖာ္ျပေလ့ရွိပါတယ္။

လတ္တေလာမွာေတာ့ ” တိမ္ေတြေပၚကပန္း ” ရုပ္ရွင္ဇာတ္ကားမွာ မိဘမဲ့ခ်င္းလူမ်ိဳးတစ္ဦးအျဖစ္ ပါဝင္သရုပ္ေဆာင္ထားပံုကို ” ကၽြန္ေတာ္တို့ခ်င္းေတာင္မွာသြားရုိက္မွာပါ။ကာရုိက္တာေလးကေတာ့ မိဘမဲ့ေပါ့။ ကၽြန္ေတာ္ကခ်င္းလူမ်ိဳးေပါ့ ကစ္ကစ္ကလည္းခ်င္းလူမ်ိဳးပဲ။

ကၽြန္ေတာ္တို့က ဘုရားေက်ာင္းမွာတူတူ ႀကီးပ်င္းတာေပါ့ ကစ္ကစ္ကိုညီမေလးတစ္ေယာက္လိုေစာင့္ေရွာက္တာေပါ့ ” ဆိုၿပီး သူပါဝင္မယ့္ကာရုိက္တာကိုေျပာျပခဲ့ပါတယ္။ ရုိက္မယ့္ကားကကိုရီးယားမင္းသားလည္းပါမွာျဖစ္ၿပီး ေလာကသဘာဝ႔ ျမန္မာႏုိင္ငံကရႈခင္းအလွေတြ ႏုိင္ငံျခားကတိုးတက္ခတ္မွီတာေတြ ယွဥ္တြဲၿပီးျပမယ့္ ဆင္းမ္ေတြပါမွာျဖစ္ၿပီး ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးသေဘာေတြပါတဲ့အျပင္ Romantic ဆန္တဲ႔သံုးပြင့္ဆိုင္ ဇာတ္လမ္းေတြပါမယ္လို႔ သိရပါတယ္။

ဇာတ္ကားကာရုိက္တာနဲ႔ပတ္သတ္ၿပီး ” လုပ္ကြက္မရတာေတြ ၊ဒိုင္ယာေလာ့နည္းတာေတြ ဘယ္ေတာ့မွကၽြန္ေတာ္မၾကည့္ဘူး။ေပးလိုက္တဲ့ကာရုိက္တာကကၽြန္ေတာ္ႀကိဳက္တယ္။ေပးလိုက္တဲ့ကာာရုိက္တာကို တန္ဖိုးရွိေအာင္ဘယ္လိုလုပ္မလဲ။ တာဝန္ေက်ေအာင္ဘယ္လိုလုပ္မလဲ ဆိုတာပဲေတြးတယ္”လို႔ သူ႕ရဲ့ ခံယူခ်က္ကိုေျပာျပခဲ့ပါတယ္။ CeleGabar ပရိသတ္ႀကီးေရာ ေက်ာ္ထက္ေအာင္ကို အားေပးရင္ တစ္ခုခုေျပာသြားပါဦးေနာ္။

Source :Sunday
khinCeleGabar

ယူနီကုဒ္ျဖင့္ဖတ္ရန္

” လုပ်ကွက်မရတာတွေ ၊ဒိုင်ယာလော့နည်းတာတွေ မကြည့်ဘဲ ပေးလိုက်တဲ့ကာရိုက်တာကိုပဲတန်ဖိုးရှိအောင်လုပ်တယ် ဆိုတဲ့ ကျော်ထက်အောင် ”

ကျော်ထက်အောင်ကတော့ Myanmar Idol တင်ဆက်သူအနေနဲ့ ပရိသတ်တွေသတိထားမိလာပြီး ပရိသတ်အရွယ်စုံ အားပေးမှုရရှိလာသူတစ်ဦးဖြစ်ပါတယ်။ အစီအစဉ်တင်ဆက်သူ အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်ဘက်ကို သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်ဇာတ်ကား တွေကိုလည်းပရိသတ်တွေက သဘောကျလက်ခံအားပေးလာတာတွေ့ရပါတယ်။ ယောကျာ်းပီသတဲ့သွင်ပြင်နဲ့ ဟန်ပန်တွေကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးခံရသူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ သူပါဝင်ထားတဲ့ စရိုက်ဇာတ်ကားကိုလည်းပရိသတ်တွေကြားရေပန်းစားနေတာပဲ ဖြစ်ပါတယ်။သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှုများကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလေ့ရှိပါတယ်။

လတ်တလောမှာတော့ ” တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားမှာ မိဘမဲ့ချင်းလူမျိုးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားပုံကို ” ကျွန်တော်တို့ချင်းတောင်မှာသွားရိုက်မှာပါ။ကာရိုက်တာလေးကတော့ မိဘမဲ့ပေါ့။ ကျွန်တော်ကချင်းလူမျိုးပေါ့ ကစ်ကစ်ကလည်းချင်းလူမျိုးပဲ။

ကျွန်တော်တို့က ဘုရားကျောင်းမှာတူတူ ကြီးပျင်းတာပေါ့ ကစ်ကစ်ကိုညီမလေးတစ်ယောက်လိုစောင့်ရှောက်တာပေါ့ ” ဆိုပြီး သူပါဝင်မယ့်ကာရိုက်တာကိုပြောပြခဲ့ပါတယ်။ ရိုက်မယ့်ကားကကိုရီးယားမင်းသားလည်းပါမှာဖြစ်ပြီး လောကသဘာဝ့ မြန်မာနိုင်ငံကရှုခင်းအလှတွေ နိုင်ငံခြားကတိုးတက်ခတ်မှီတာတွေ ယှဉ်တွဲပြီးပြမယ့် ဆင်းမ်တွေပါမှာဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးသဘောတွေပါတဲ့အပြင် Romantic ဆန်တဲ့သုံးပွင့်ဆိုင် ဇာတ်လမ်းတွေပါမယ်လို့ သိရပါတယ်။

ဇာတ်ကားကာရိုက်တာနဲ့ပတ်သတ်ပြီး ” လုပ်ကွက်မရတာတွေ ၊ဒိုင်ယာလော့နည်းတာတွေ ဘယ်တော့မှကျွန်တော်မကြည့်ဘူး။ပေးလိုက်တဲ့ကာရိုက်တာကကျွန်တော်ကြိုက်တယ်။ပေးလိုက်တဲ့ကာာရိုက်တာကို တန်ဖိုးရှိအောင်ဘယ်လိုလုပ်မလဲ။ တာဝန်ကျေအောင်ဘယ်လိုလုပ်မလဲ ဆိုတာပဲတွေးတယ်”လို့ သူ့ရဲ့ ခံယူချက်ကိုပြောပြခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရော ကျော်ထက်အောင်ကို အားပေးရင် တစ်ခုခုပြောသွားပါဦးနော်။

Source :Sunday
khinCeleGabar