ပရိသတ်တွေအရမ်းချစ်ကြတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကတော့ မဟာဆန်တဲ့ အလှတရားကြောင့်သာမက သရုပ်ဆောင်ပိုင်မှာလည်း ပီပြင်လွန်းတာကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သက်မွန်မြင့်က မြင်သူတကာ အသက်ရှုမှားသွားအောင် လှရက်လွန်းတဲ့ ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ International ဆန်လွန်းတဲ့ အသွင်အပြင်နဲ့ အရမ်းကိုလန်းနေတဲ့ သက်မွန်မြင့်ရဲ့ပုံရိပ်တွေက အရမ်းကို မိုက်နေတာပါနော်။
ချစ်ပရိသတ်တွေအတွက် ဒီဇိုင်နာ မပုံ့ရဲ့ အရမ်းကို ခမ်းနားလှပတဲ့ ဖက်ရှင်လေးနဲ့ ပွဲတက်ခဲ့တဲ့ သက်မွန်မြင့်ရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
သက်မွန်မြင့်ကတော့ “မနေ့က တက်ဖြစ်ခဲ့တဲ့ ပွဲလေး!Thanks a lot to all of u! U guys made me a gorgeous Ladyပုံတွေ ယူလို့ ရပါတယ်နော်မျက်စိမှိတ်နေတဲ့ပုံ မလှမပပုံတွေ ထက်စာရင် ဒါလေးတွေနဲ့ သတင်းမှာ ဖော်ပြပေးရင် တအားကျေးဇူးတင် ပျော်ရွှင်မိမှာပါနော်ချစ်သောအားဖြင့်ပေါ့” ဆိုပြီး စစနောက်နောက်နဲ့ သူမရဲ့ပုံလေးတွေကို တင်ထားတာပါ။
ချစ်သက်ရဲ့အဲ့ဒီလိုအပြုံးလေးတွေကို ဒဲ့ကြွေ…။
International ဆန်တဲ့ အရပ်အမောင်းနဲ့ လူအများကြားမှာ ပေါ်လွင်နေတဲ့ သက်မွန်မြင့်ကတော့ အရမ်းကို ကြည့်ကောင်းနေတာပါနော်။
ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ကတော့ မိခင်ကောင်းတစ်ဦးရဲ့တာဝန်တွေကိုလည်း အပြည့်အဝကျေပြွန်သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမကတော့ လက်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး ရုပ်ရှင်တွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ သက်မွန်မြင့်ကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Source : momolay
Share From swelsonenews