ယူနီကုတ်ဖြင့်ဖတ်ရန်
လူကြီးလူကောင်းပီသပြီးတော့ ဦးဆောင်တတ်တဲ့ယောကျာ်းလေးမျိုးကို လက်တွဲဖော်အဖြစ် ရွေးချယ်သွားမယ်ဆိုတဲ့ နော်ဖောအယ်ထား
SAI Cosmetix မော်ဒယ်တစ်ယောက်အဖြစ် လူသိများလာပြီးတော့ အောင်မြင်လာတဲ့ တက်သစ်စမင်းတစ်ယောက်လိုကဆိုနိုင်ပါတယ်။ ခုနောက်ပိုင်းမှာတော့ကြော်ငြာတွေကိုဆက်တိုက်ရိုက်နေပြီးတော့ ရုပ်ရှင်ဇာတ်ကားကိုရိုက်ကိုလည်း ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ လူကြီးလူကောင်းပီသပြီးတော့ ဦးဆောင်တတ်တဲ့ယောကျာ်းလေးမျိုးကို လက်တွြဖော်အဖြစ် ရွေးချယ်သွားမယ် ဆိုတာကို Momolay မီဒီယာတွေနဲ့ တွေဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။
“ကိုယ့်လက်တွဲဖော်ကို ဘယ်လိုပုံစံမျိုးရယ်လို့တော့သတ်မှတ်ထားတာမရှိပါဘူး အဓိကကတော့ ကိုယ့်ကိုလည်းနားလည်ပေးရမယ် ။ လူကြီးလူကောင်းပီသရမယ် ကိုယ်လုပ်နေတဲ့အလုပ်က အနုပညာအလုပ်ဖြစ်တဲ့အတွက် နားလည်မှုလည်းပေးရမယ် ပြီးတော့ ဦးဆောင်တတ်တဲ့ယောကျာ်းမျိုးကိုရွေးချယ်သွားမယ်“လို့ သူ့ရဲ့လက်တွဲဖော်နဲ့ပတ်သက်ပြီးတော့ သက်မှတ်ထားတဲ့ပုံစံလေးကိုပြောပြထားတာပဲဖြစ်ပါတယ်။“ Sexy Fashion ကို မကြိုက်တဲ့အထဲမှာတော့မပါပါဘူး ဒါပေမယ့် အလှအပအကုန်လုံးကိုတော့တန်ဖိုးထားတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ ဝတ်စုံကိုပဲရွေးပြီးတော့ ဝတ်ဖြစ်ပါတယ်“လို့လည် းသူဝတ်စားတတ်တဲ့ ပုံစံလေးကိုပြောပြထားပါတယ်။
“ပရိသတ်တွေချစ်လို့အားပေးလို့ ဒီနေရာအထိရောက်လာတာပါ ။ဒီနေရာကနေအများကြီးကြိုးစာရအုံးမယ်လို့တော့ ညီမခံယူထားပါတယ်။ နောက်ဒီထက်လည်း ပိုပြီးတော့ကြိုးစားပါ့မယ်“လို့ပရိသတ်အတွက် ပြောပြထားပါသေးတယ်။ ဆယ်လီကမ္ဘာပရီသတ်ကြီးရေ လူကြီးလူကောင်းပီသပြီးတော့ ဦးဆောင်တတ်တဲ့ယောကျာ်းလေးမျိုးကို လက်တွဲဖော်အဖြစ် ရွေးချယ်သွားမယ်ဆိုတဲ့ နော်ဖောအယ်ထား အတွက်မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ CeleGabar / Source : Momolay
Share From CeleGabar