Tiktok ရိုက်ဖို့ ရှက်ကြောတော်တော်ဖြတ်ရတယ်ဆိုတဲ့ သက်မွန်မြင့်

ချစ်သက်လို့ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့သက်မွန်မြင့်ဟာဆိုရင် မြန်မာ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး အောင်မြင်မှုကိုနှစ်ရှည်လများထိန်းထားနိုင်တဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။မကြာသေးမီက ချစ်သက်နဲ့မြင့်မြတ်နဲ့အတူတွဲရိက်ထားတဲ့ Tiktok video လေးဟာဆိုရင်ပရိသတ်တွေကြားမှာပျံ့နှံ့သွားခဲ့ပြီး တော်တော်လေးကိုရေပန်းစားသွားခဲ့တာမှတ်မိကြဦးမှာပါ။ချစ်သက်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ Tiktok ဆော့ဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြသွားခဲ့ပါတယ်။

ချစ်သက်က မြင့်မြတ်နဲ့ Tiktok အတူရိုက်ဖြစ်ပုံကို “အစ်မကလည်းမသိဘူး။ကိုမြင့်မြတ်ကလည်းမသိဘူး။ အစ်ကိုဒီလိုဒီလိုဆိုပြီးပြန်သင်ပေးတာပေါ့။ အဲဒါနဲ့လုပ်မယ်ဆိုပြီး နှစ်ယောက်သားလုပ်ဖြစ်တာ။နေမဝင်ခင်လေးမှာကို ရိုက်နေရင်းနဲ့ ကိုဇော်အော်နေတဲ့ကြားထဲက ရအောင်ရိုက်သွားကြတာပေါ့”လို့ပြောပြထားပါတယ်။

Tiktok ဆက်ဆော့ဖြစ်ဦးမလားဆိုတာတော့ ချစ်သက်က “တကယ်တမ်းTiktok က တော်တော်သတ္တိရှိရတာနော်။ တော်တော်ရှက်ကြောဖြတ်ရတာ။ လွယ်တော့မလွယ်ဘူး။ဒါပေမယ့်ကလေးတွေလည်း ကိုယ့်ရဲ့ပရိသတ်တွေလည်းမျှော်နေကြတယ်ပေါ့နော်။ ဆော့တော့ဆော့ဖြစ်မယ်ထင်တယ်”လို့ပြောထားပြီးချစ်သက်ကTiktok တော်တော်လေးကြည့်ဖြစ်ကြောင်းလည်း “များသောအားဖြင့် အကလေးတွေကြည့်တာများတယ်။ကြည့်ဖြစ်တယ်လေ။ ကိုယ်ကိုယ်တိုင်သာ အဲဒီလိုလုပ်ရမှာ ရှက်တာ။ကောင်းပါတယ်။ ဒါပျော်စရာလေးတစ်ခုပါ။လူတွေအများကြီးနဲ့ဆို ပျော်စရာကောင်းတာပေါ့နော်။ ညှိရတယ်လေ။ Sharing လုပ်ကြတယ်”လို့လည်းဖြေကြားထားပါတယ်။

ချစ်သက်က ခြူးလေးကို မင်းသမီးမှန်းမသိပဲ Tiktok မှာတွေ့ပြီးသဘောကျနေတာလို့လည်း “သက်မွန်ကTiktok ကို ကြည့်တယ်။ တော်တော်လေးကြည့်တယ်။ ဒါပေမယ့် သိပ်မကစားဖြစ်ဘူး။ မလုပ်တတ်ဘူးပေါ့နော်။ခြူးလေးနဲ့တွေ့တဲ့အခါကျတော့သူတအားဆော့တယ်။ သူ့ကိုစသိတာကလည်း Tiktok မှာ သိတာ။ သူမင်းသမီးမှန်လည်းမသိဘူး။ Tiktok မှာတော့ဒီကောင်မလေးချောလိုက်တာပေါ့။သူလုပ်သွားတာကလည်းချစ်စရာလေးပေါ့။ မင်းသမီးလုပ်ရင်ကောင်းမှာပဲဆိုပြီး ကိုယ်ကတွေးထားတာ။ သူကမင်းသမီးဖြစ်နေတယ်။ကိုယ်က series မကြည့်ခဲ့ရတော့။သူ့ကိုပြောပြတော့ အစ်မအဲ့လိုမျိုးထင်တာဆိုတော့ သူက ဆော့ကြမယ်ဆိုပြီးတော့ ဆော့ဖြစ်ကြတာ”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ချစ်သက်နဲ့ မြင့်မြတ်ရဲ့Tiktok video လေးတွေကိုသဘောကျကြလား။ ချစ်သက် နောက်ထပ်ဆက်ပြီး Tiktok တွေဆော့ရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Share From nanmalgyi