ထူးဆန္းတဲ့ အျဖစ္အပ်က္ေတြကို ျမင္ခဲ့ရေၾကာင္း ေျပာျပလာတဲ့ကစ္ကစ္

မတ္လ ၂၃ ရက္ ညက ဟာသသရုပ္ေဆာင္ ကစ္ကစ္ ကြယ္လြန္သြားျပီဆိုတဲ့ သတင္းေတြ လူမႈ ကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႕ခဲ့ပါတယ္။ က်န္းမာေရး အေျခအေနအရ တစ္လလွ်င္ ရွစ္ႀကိမ္ခန္႔ ေက်ာက္ကပ္ေဆးေနရတဲ့ ကစ္ကစ္က ေရာဂါဒဏ္ကို အလူးအလဲ ခံေနရတာပါ။ ဘာမွ မစားမေသာက္ေတာ့ဘဲ အိပ္ရာထဲ ဘုန္းဘုန္းလဲေနတဲ့အခ်ိန္မွာ ၾကံဳဆံုခဲ့ရတဲ့ ထူးဆန္းတဲ့ အျဖစ္အပ်က္ကို ကစ္ကစ္က ခုလို ေျပာပါတယ္။

“ကိုယ့္သေဘာနဲ႔ကိုယ္ လမ္းေတြဘာေတြ ေလ်ွာက္ျပီးေတာ့ အေပၚလည္း ေရာက္သြားေရာ ဘာျဖစ္သြားလဲ မသိဘူး။ ဘာမွ စားခ်င္စိတ္ မရွိေတာ့ဘူး။ စိတ္ကကို အဲ့လိုၾကီး ျဖစ္သြားျပီး ေမ်ာသြားတာ။ ေမ်ာသြားေတာ့ မင္းသားရဲတိုက္နဲ႔ တစ္ပံုစံတည္း တူတဲ့ ေကာင္ေလးနဲ႔ သြားေတြ႕တယ္။

ရဲတိုက္အေခ်ာစားေလးေပါ့။ ျဖဴေဖြးေနတာပဲ အသားေလးက စတစ္ေကာ္လာ အျဖဴေလးနဲ႔ ကခ်င္လံုခ်ည္ေလးနဲ႔ အဲ့ေကာင္ေလးက။ အမရယ္. .ဘယ္ေတြ ေလ်ွာက္သြားေနတာလဲ ေလ်ွာက္သြားမေနနဲ႔ ျပန္စရာရွိတာ ျပန္တဲ့။ အခ်ိန္ေတြ လြန္ကုန္ရင္ မေကာင္းဘူးတဲ့။

ေနာက္လွည့္ျပီး ျပန္လိုက္ေတာ့ ျပသာဒ္ၾကီးတစ္ခု သြားေတြ႕တယ္။ ျပသာဒ္ၾကီးမွာ ပဌာန္းေတြ ဖြင့္ထားတဲ့ အသံၾကားရတယ္။ လြန္ခဲ့တဲ့ ႏွစ္ ( ၂၀) က ဆံုးသြားတဲ့ အေမတို႔ ညီမ သံုးေယာက္စလံုးကို ျပသာဒ္ထဲမွာ သြားေတြ႔တယ္။

အေမတို႔နဲ႔ စကားေျပာရင္း အေမက ဘာျဖစ္လာတာလဲဆိုေတာ့ ေနမေကာင္းဘူးလို႔ ေျပာျပီး အေမ့ေပါင္ေပၚ ေခါင္းအံုးအံုးျပီး ေနေနတာ။ အေမက နီညိဳေရာင္ ကတၱီပါ အိတ္ေလးထဲ ေရႊေရာင္ မန္က်ည္းေစ့ေတြ အမ်ားၾကီးထဲက တစ္ေစ့ကို ေရနဲ႔ ေဖ်ာ္ျပီး ေသြးေဆးေရာင္ ထြက္လာတဲ့ ေရကို ေသာက္လိုက္တဲ့။ ေသာက္လည္းေသာက္ျပီးေရာ အေမက သြားေတာ့တဲ့။ ဟိုမေရာက္ ဒီမေရာက္နဲ႔ ငါ့သမီး ဒုကၡေရာက္ေနဦးမယ္တဲ့။ ေျပာလည္းေျပာျပီးေရာ . .သမီးက ဘယ္လိုျပန္ရမွာလဲ အေမရယ္ မျပန္တတ္ေတာ့ဘူးဆုိေတာ့ ပဌာန္းသံၾကားတယ္ မလားတဲ့။ အဲ့အသံၾကားတဲ့ ေနာက္ကို ျပန္တဲ့။” ဆိုျပီး ေျပာျပသြားပါတယ္။

သရုပ္ေဆာင္ မကစ္ကစ္တစ္ေယာက္ က်န္းမာေရး ျပန္လည္ေကာင္းမြန္ျပီး ရယ္ေမာႏိုင္ပါေစလို႔ ပရိသတ္ေတြကေတာ့ ဆုေတာင္းေပးေနၾကပါတယ္။

Unicodeဖြင့်ဖတ်ရန်
★★★

မတ်လ ၂၃ ရက် ညက ဟာသသရုပ်ဆောင် ကစ်ကစ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ လူမှု ကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ကျန်းမာရေး အခြေအနေအရ တစ်လလျှင် ရှစ်ကြိမ်ခန့် ကျောက်ကပ်ဆေးနေရတဲ့ ကစ်ကစ်က ရောဂါဒဏ်ကို အလူးအလဲ ခံနေရတာပါ။ ဘာမှ မစားမသောက်တော့ဘဲ အိပ်ရာထဲ ဘုန်းဘုန်းလဲနေတဲ့အချိန်မှာ ကြုံဆုံခဲ့ရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်ကို ကစ်ကစ်က ခုလို ပြောပါတယ်။

“ကိုယ့်သဘောနဲ့ကိုယ် လမ်းတွေဘာတွေ လျှောက်ပြီးတော့ အပေါ်လည်း ရောက်သွားရော ဘာဖြစ်သွားလဲ မသိဘူး။ ဘာမှ စားချင်စိတ် မရှိတော့ဘူး။ စိတ်ကကို အဲ့လိုကြီး ဖြစ်သွားပြီး မျောသွားတာ။ မျောသွားတော့ မင်းသားရဲတိုက်နဲ့ တစ်ပုံစံတည်း တူတဲ့ ကောင်လေးနဲ့ သွားတွေ့တယ်။

ရဲတိုက်အချောစားလေးပေါ့။ ဖြူဖွေးနေတာပဲ အသားလေးက စတစ်ကော်လာ အဖြူလေးနဲ့ ကချင်လုံချည်လေးနဲ့ အဲ့ကောင်လေးက။ အမရယ်. .ဘယ်တွေ လျှောက်သွားနေတာလဲ လျှောက်သွားမနေနဲ့ ပြန်စရာရှိတာ ပြန်တဲ့။ အချိန်တွေ လွန်ကုန်ရင် မကောင်းဘူးတဲ့။

နောက်လှည့်ပြီး ပြန်လိုက်တော့ ပြသာဒ်ကြီးတစ်ခု သွားတွေ့တယ်။ ပြသာဒ်ကြီးမှာ ပဌာန်းတွေ ဖွင့်ထားတဲ့ အသံကြားရတယ်။ လွန်ခဲ့တဲ့ နှစ် ( ၂၀) က ဆုံးသွားတဲ့ အမေတို့ ညီမ သုံးယောက်စလုံးကို ပြသာဒ်ထဲမှာ သွားတွေ့တယ်။

အမေတို့နဲ့ စကားပြောရင်း အမေက ဘာဖြစ်လာတာလဲဆိုတော့ နေမကောင်းဘူးလို့ ပြောပြီး အမေ့ပေါင်ပေါ် ခေါင်းအုံးအုံးပြီး နေနေတာ။ အမေက နီညိုရောင် ကတ္တီပါ အိတ်လေးထဲ ရွှေရောင် မန်ကျည်းစေ့တွေ အများကြီးထဲက တစ်စေ့ကို ရေနဲ့ ဖျော်ပြီး သွေးဆေးရောင် ထွက်လာတဲ့ ရေကို သောက်လိုက်တဲ့။ သောက်လည်းသောက်ပြီးရော အမေက သွားတော့တဲ့။ ဟိုမရောက် ဒီမရောက်နဲ့ ငါ့သမီး ဒုက္ခရောက်နေဦးမယ်တဲ့။ ပြောလည်းပြောပြီးရော . .သမီးက ဘယ်လိုပြန်ရမှာလဲ အမေရယ် မပြန်တတ်တော့ဘူးဆိုတော့ ပဌာန်းသံကြားတယ် မလားတဲ့။ အဲ့အသံကြားတဲ့ နောက်ကို ပြန်တဲ့။” ဆိုပြီး ပြောပြသွားပါတယ်။

သရုပ်ဆောင် မကစ်ကစ်တစ်ယောက် ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး ရယ်မောနိုင်ပါစေလို့ ပရိသတ်တွေကတော့ ဆုတောင်းပေးနေကြပါတယ်။

Share From nanmalgyi