Photo – Kyaw Su,CRD-Myanmarload
UNICODE
ရိုက်ကွင်းပေါ်မှာ လက်ထိပ်နဲ့အဖမ်းခံရတာတောင် အပြုံးမပျက်လိုက်သွားခဲ့တဲ့ ပုံတွေ တင်လိုက်တဲ့ ကျော်ဆု
ပျိုပျိုမေတို့ကြွေတဲ့ ကိုကိုတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ကျော်ဆုတစ်ယောက် ဝင်္ကပါရှင်းတမ်းဇာတ်လမ်းတွဲရိုက်ကူးတုန်းက ရိုက်ကွင်း အမှတ်တရပုံရိပ်တွေကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင် ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ယောကျာ်းပီသတဲ့ အသွင်အပြင်နဲ့ တည်ကြည်ခန့်ညားလွန်းတဲ့ အပြုံးတွေက နှုတ်ခမ်းနီမ လေးတွေကို အပြတ်အသတ်ကြွေစေတဲ့ အဓိကအကြောင်းအရင်းပါပဲ။
ညီဖြစ်သူ လွှမ်းပိုင်ကလည်း ဂီတလောကမှာ အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားသူတစ်ယောက်ပါပဲ။ ညီကိုနှစ်ယောက်လုံး သက်ဆိုင်ရာလမ်းကြောင်းပေါ်မှာ အသီးသီးအောင်မြင်နေကြသူဖြစ်ပြီး လွှမ်းပိုင်အနေနဲ့ လည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားခဲ့ပါသေးတယ်။ ညီကိုနှစ်ယောက်လုံးက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေပါပဲ။
ဒီနေ့မှာတော့ ကျော်ဆုတစ်ယောက် ဝင်္ကပါရှင်းတမ်းရုပ်ရှင်ဇာတ်လမ်းတွဲ ရိုက်ကူး စဉ်က မှတ်တမ်းတင်ခဲ့တဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်အချို့ကို လူမှုကွန်ယက်မှာ ဝေမျှ လိုက်တာပဲဖြစ်ပါတယ်။ လက်ထိပ်နဲ့အဖမ်းခံရတဲ့ဇာတ်ဝင်ခန်းပုံရိပ်တွေမှာ နက္ခတ် တစ်ယောက် ကျော်ဆုကို ဆံပင်ပွဲနေလို့ သပ်တင်ပေးနေတဲ့ ပုံရိပ်လေးကိုတောင် ပရိသတ်တွေက စနောက်ခဲ့ကြပါသေးတယ်။
Share From Global Myanmar Media