




ယူနီကုတ်ဖြင့်ဖတ်ရန်

ခြူးလေးနဲ့ ခင်ပြီးတဲ့နောက်ပိုင်း TikTok တွေ ကစားဖြစ်တယ်ဆိုတဲ့ သက်မွန်မြင့်

ထူးခြားတဲ့ကာရိုက်တာလေးတွေနဲ့ ပရိသတ်ရင်ထဲရောက်အောင် ထူးထူးခြားခြားသရုပ်ဆောင်နိုင်တဲ့ အောင်မြင်နေတဲ့ မင်းသမီးတစ်ယောက်လို့ဆိုနိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ TikTok မင်းသမီးလေး ဖြစ်တဲ့ ခြူးလေးနဲ့ ခင်ပြီးတဲ့နောက်ပိုင်းမှာတော့ သူသင်ပေးလို့ Tik Tok လေးတွေကို ကစားတတ်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။သူကတော့ ခြူးလေးကြောင့် TikTok တွေ ကစားတတ်နေတယ်ဆိုတာကို Sunday Journal မီဒီယာတွေနဲ့ တွေဆုံစဉ် ဖြေကြားခဲ့တာဖြစ်ပါတယ်။

TikTok ကို ကြည့်ဖြစ်တယ် မကစားဖြစ်ဘူး မလုပ်တတ်ဘူး ဒါပေမဲ့ခြူးလေးနဲ့တွေ့တဲ့အခါကျတော့ သူကတအားဆော့တယ် သူကိုသိတာလည်း TikTok မှာသိတယ် သူမင်းသမီးမှန်းလည်းမသိဘူး TikTok မှာတော့ဟယ် ဒီကောင်မလေးချောလိုက်တာပေါ့ သူလုပ်သွားတာလေးကချစ်စရာလေး မင်းသမီးလုပ်ရင်ကောင်းမင်းသမီးလုပ်ရင်ကောင်းမှာပဲလို့ဒါပေမဲ့သူကမင်းသမီးဖြစ်နေတာမသိဘူး သူသင်ပေးတာလေးကို ကိုမြင့်မြတ်ကို ပြန်သင်ပေးပြီးတော့ TikTok လေးရိုက်ဖြင့်တာ။

TikTok ကမလွယ်ဘူး တော်တော်ရှက်ကြောဖြတ်ရတယ် အကလေးတွေတော့ကြည့်ဖြစ်တယ် ကိုကရှက်နေလို့ မဆော့ဖြစ်တာပါ “လို့ ဆိုပြီးတော့ TikTokမကစားဖြစ်တဲ့အကြောင်းကို ပြောပြထားတာပဲဖြစ်ပါတယ်။

ကာရိုက်တိုင်းကိုလိုက်ဖို့ဆိုတာခတ်တယ် ဘာလိုကဆိုတော့ ကိုယ့်မျက်နှာနဲ့အရပ်မောင်းအနေအထားရှိတယ် ကိုယ့်ရဲ့ပုံစံရှိတယ်။ ပရိသတ်ကတော့ ကိုယ့်ကိုချစ်တော့ ကောင်းတဲ့ကာရိုက်တာလေးတွေဆိုရင်ရိုက်စေချင်တယ် စေတနာပေါ့ ဒါပေမဲ့ကိုယ်နဲ့လိုက်တဲ့ကာရိုက်တာကရှားတယ် လိုက်တယ်ဆိုရင်တော့လက်ခ့ပါတယ်။

ကိုယ်ကြိုက်တဲ့ကာရိုက်တာ ကိုယ်နဲ့လိုက်တဲ့ကာရိုက်တာဆိုရင်တော့ စိတ်ကိုနစ်ပြီးတော့ လုပ်တော့ပိုပြီပြင်တယ်လိုကလည်း သူရဲ့ သရုပ်ဆောင်မှုအပိုင်းကိုပြောပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ခြူးလေးနဲ့ ခင်ပြီးတဲ့နောက်ပိုင်း TikTok တွေ ကစားနေတဲ့ သက်မွန်မြင့်အတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ CeleGabar /Source: Sunday Journal

Share From CeleGabar