လူတိုင်းမှာ ရှိတတ်ကြတဲ့ အမှောင်ခြမ်းစိတ်က အဆိပ်တောက်တွေကို ပီပြင်ထုတ်ဖော်ပြလိုက်တဲ့ ဖွေးစိန်




source: AR-T
Khin Mi MiCelegabar
ယူနီကုဒ်နဲ့ ဖတ်ရန်

လူတိုင်းလူတိုင်းရဲ့ ကိုယ်စီ အတွင်းစိတ်ထဲဆီမှာ ဘယ်သူ့ကိုမှ မမြင်စေချင်တဲ့ dark side ဆိုတဲ့ အမှောင်ခြမ်းဆိုတာ ကိုယ်စီရှိကြပါတယ်။ မှားတာကို အမှန်၊ မှန်တာကို လည်း အမှား ထင်နေတတ်သလို မှားနေရက်နဲ့ လည်း ဆက်မှားနေတတ်တဲ့ အကျင့်ဆိုးတွေ ဟာ စိတ်ရဲ့ အမှောင်ခြမ်းတစ်ခုဖြစ်ပြီး လူကို အကျိုးလည်းပြုတတ်သလို အဆိပ်အတောက်လည်းပြုတတ်ပါတယ်။

စိတ်ရဲ့စေရာအတိုင်း လိုက်လုပ်တတ်တဲ့ လူတွေ့ရဲ့ သဘာဝဟာ အရမ်းဆန်းကျယ်သလို စိတ်ရဲ့ အမှောင်ခြမ်းကနေ ဒုက္ခပေးလာတတ်တဲ့ အဆိပ်အတောက်တွေကို တကယ့်ကို သဘာ၀ ကျကျနဲ့”Toxic” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အဆိုတော် AR-T က ဖန်တီးပြလိုက်ပါတယ်။ ခေတ်ရဲ့ ရေစီးကြောင်း အဆိပ်အတောက်တွေကို ဦးစားပေးဖော်ပြထားတဲ့ ဒီ “Toxic” သီချင်းmusic video မှာ “သီချင်းကို လုံး၀ အသက်ဝင်သွားအောင် သဘာ၀ ကျကျနဲ့ အကြမ်းစား ၊ အမိုက်စား သရုပ်ဆောင် ပြလိုက်တာကတော့ ဖွေးစိန်လေးဖြစ်ပြီး

သရုပ်ဆောင်နေတာထက် ပိုအသက်ဝင်နေသလို တကယ့် လက်တွေ့ ခေတ်ကြီးရဲ့ ဖြစ်ပျက်နေတဲ့ အတိုင်း မျက်စိရှေ့ မြင်တွေ့ နေသလို ခံစားရစေမဲ့ သီချင်းတစ်ပုဒ်ဖြစ်ကာ တကယ့် ဘဝရဲ့ အဆိပ်အတောက် တွေကို ခံစားရစေတဲ့ပြင် လူတွေကို ပညာရစေတဲ့ သီချင်း MTV တစ်ပုဒ်လည်းဖြစ်တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် သီချင်းဗီဒီယိုလေးနဲ့ တကွ ဖော်ပြပေးလိုက်ရပါတယ်နော်။

Share From CeleGabar