..ကောင်မလေးက သူ့ချစ်သူ လိုက်နာဖို့ ထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက် (၂၂)ချက်

ကိုယ်ဟာ အတိတ်မှာ နာကျည်းစရာတွေကြုံခဲ့ဖူးတဲ့အခါ ကိုယ့်လက်တွဲဖော်ကို သိပ်မယုံကြည်ဖြစ်လာတတ်ကြပါတယ်။ စုံတွဲတော်တော်များများကတော့ အချင်းချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပေမယ့် ဒီအမျိုးသမီးကတော့

တင်းကြပ်တဲ့စည်းမျဉ်းကိုချမှတ်ခဲ့တာပဲဖြစ်ပါတယ်။
သူဟာ စည်းကမ်းချက် ၂၂ ချက်ကို ရေးသားခဲ့ပြီး သူ့ချစ်သူကောင်လေးကို လက်မှတ်ထိုးစေခဲ့တာပါ

သူရေးသားခဲ့တဲ့ စည်းကမ်းချက်တွေကတော့ အောက်ပါအတိုင်းပါပဲ။
၁- ဖုန်းထဲမှာ ဘယ်ကောင်မလေး ဖုန်းနံပတ်မှမရှိရ
၂- ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်ကောင်မလေးကိုမှ follow မလုပ်ရ

၃- Keegan နဲ့အတူ ဘယ်ကိုမှမသွားရ
၎- ဟွန်ဒါကား နဲ့ တစ်ယောက်ထဲထွက်မသွားရ

၅- တစ်ပတ်ကို ၂ ကြိမ်ထက်ပိုပြီး သူငယ်ချင်းတွေနဲ့ လျောက်သွားခွင့်မပြု
၆- ဘယ်ကောင်မလေးကိုမှ မကြည့်ရ

၇- ကိုယ့်ဆီကို ကောင်မလေးတစ်ယောက်လာတာနဲ့ အဲ့ဒီနေရာက ထွက်သွားရမယ်
၈- ချိန်းတွေ့ရင် အချိန်ခနလေးမဖြစ်ရ
၉- ပေါက်ကရ မလုပ်ခိုင်းရ

၁၀- ဘယ်တော့မှ စိတ်မဆိုးရ
၁၁- Tyler , Noah , Deven နဲ့ Josh တို့နဲ့ဘယ်တော့မှစကားမပြောရ
၁၂- ငါမပါပဲ တစ်ယောက်ထဲ အရက်မသောက်ရ

၁၃- ငါနင့်ဖုန်းကို စစ်ချင်တဲ့အချိန် စစ်မယ်
၁၄- ငါတို့အတူနေကြတဲ့အခါ အိမ်ကို ဘယ်ကောင်မလေးမှ မဖိတ်ရ

၁၅- ငါတို့အတူနေတဲ့အခါ နင့်သူငယ်ချင်းတွေကို အိမ်ကို ခနခနမခေါ်ရ
၁၆- ကောင်မလေးတစ်ယောက်နဲ့တွဲနေတာ လက်ပူးလက်ကြပ်မိရင်တော့ နင့်ကို သတ်ပြီပဲ

၁၇- နင့်သူငယ်ချင်းတွေကြောင့် ငါ့ကို ထားခဲ့ခွင့် မရှိဘူး
၁၈- ချိန်းတွေနေတဲ့အချိန်မှာ Austin ဝင်မနှောက်ယှက်အောင်လုပ်ထား
၁၉- ၂ ပတ်တစ်ခါ တရားဝင်ချိန်းတွေ့မယ်

၂၀- ငါ ခုန်လို့ပြောရင် ဘယ်လောက်မြင့်မြင့်လဲ မင်းသမီးလေးလို့ ပြန်မေးရမယ်
၂၁- အနည်းဆုံးတစ်နေ့ကို တစ်ကြိမ် ငါ့ကိုချစ်တယ်လို့ပြောရမယ်
၂၂- စာပြန်ပို့တာ ၁၀ မိနစ်ထက်မကြာစေရ ။

ကဲ. . . မိတ်ဆွေတို့ဆိုရင်ကော ဒီ စည်းမျဉ်း(၂၂)ချက်ကို လိုက်နာ နိုင်ပ့မလား? ကောင်မလေးရဲ့ သဘောထား ထုတ်ပြန်ချက်ကိုကော ဘယ်လိုမြင်လဲ ဝေဖန်ပေးကြပါအုံး။ crd