You are here
Home > KNOWLEDGE > ကျောင်းသား မိဘတိုင်း သိထားသင့်တဲ့ (၁၂) တန်း ပညာရေး စနစ်သစ် အကြောင်း

ကျောင်းသား မိဘတိုင်း သိထားသင့်တဲ့ (၁၂) တန်း ပညာရေး စနစ်သစ် အကြောင်း

ကျောင်းသား မိဘတိုင်း သိထားသင့်တဲ့ (၁၂) တန်း ပညာရေး စနစ်သစ် အကြောင်း

ကျောင်းသား မိဘတိုင်း သိထားသင့်တဲ့ ၁၂ တန်းပညာရေး စနစ်သစ် အကြောင်း

 

၂၀၁၈ – ၂၀၁၉ ပညာသင်​နှစ်​ Grade 2 သင်​ရိုး​ပြောင်းမည်​။ထိုနှစ်​တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ​ဖြေဆိုရမည်​။ ၂၀၁၉ – ၂၀၂၀ ပညာသင်​နှစ်​ Grade ( 3 ) and ( 6 ) သင်​ရိုး​ပြောင်းပါမည်​။ထိုနှစ်​တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ​ဖြေဆိုရပါမည်​။

၂၀၂၀ – ၂၀၂၁ ပညာသင်​နှစ်Grade ( 4 ) ( 7 ) and ( 10 ) သင်​ရိုး​ပြောင်းမည်​။ထိုနှစ်​မှစကာ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲမရှိ​တော့ပါ။ ၂၀၂၁ – ၂၀၂၂ ပညာသင်​နှစ်​Grade 5 , 8 , 11 သင်​ရိုး​ပြောင်းမည်​။တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲမရှိ​တော့ပါ။

၂၀၂၂ – ၂၀၂၃ ပညာသင်​နှစ်Grade ( 6 , 9 , 12 ) သင်​ရိုး​ပြောင်းမည်​။အ​ခြေခံပညာပြီး​မြောက်​ခြင်းစစ်​​ဆေးခြင်းပြီးစီး​ကြောင်း Completion Certificate ချီးမြင့်​မည်​။ အဆိုပါ လက်​မှတ်​ရသူတိုင်း သက်​​မွေးဝမ်း​ကျောင်း ပညာသင်​​ကျောင်း များ မိမိနှစ်​သက်​ရာ​ ရွေးချယ်​ တက်​​ရောက်​နိင်​မည်​ ဖြစ်​ပါသည်​။

အဆိုပါ လက်​မှတ်​ရသူတိုင်း မိမိဆက်​လက် သင်​ကြားလိုရာ တက္ကသိုလ်​ပညာကိုဝင်​ခွင့်​​ဖြေဆိုပြီး​ အောင်​မြင်​ပါက ဆက်​လက်​ သင်​ကြားနိင်​ပါသည်​။ ၂၀၂၀ – ၂၀၂၁ ပညာသင်​နှစ်​နှင့် ၂၀၂၁ – ၂၀၂၂ ပညာသင်​နှစ်​ ၂ နှစ်​တွင်​ သင်​ရိုး​ဟောင်း ကျရှုံးသူများအတွက်​ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲရှိသည်​။ အ​​ခြေခံပညာ​ရေးပြီးဆုံးသည်​အထိအခမဲ့ပညာ​ရေးစနစ်​ဖြစ်​ပါသည်​။

Myanmar Online News

 

အားလုံးမင်္ဂလာပါ ခင်​ဗျာ့
မ​နေ့ကပညာ​ရေးစနစ်​သစ်​နဲ့ပတ်​သက်​ပြီး​ရေးသားခဲ့ပါတယ်​ခင်​ဗျာ့ ဒီပညာ​ရေးစနစ်​သစ်​မှာ၅နှစ်​ပြည်​တာနဲ့kgတန်းလို့​ခေါ်တဲ့သူငယ်​တန်းကိုစ​ရောက်​ရမှာပါခင်​ဗျာ့ ​နောက်​၆နှစ်​ဆိုရင်​kg1ပထမတန်း​ရောက်​ရမယ်​ အဲ့လိုဘဲ ၇နနစ်​၈နှစ်​စသည်​ဖြင့်​kg2 kg3 အဲလိုအဆင့်​ဆင့်​​ရောက်​သွားလိမ့်​မယ်​၊၁၅နှစ်​ပြည့်​တာနဲ့kg10 ၁၀တန်း​ရောက်​ရမယ်​၊

ထူခြားတာက16နှစ်​17နှနစ်​မှာ kg11 kg12 ဆိုပြီးနှနစ်​ဆက်​တက်​ရအုံးမှာပါ၊အလွယ်​​ခေါ်ရရင်​​တော့၁၁တန်း၁၂တန်း​ပေါ့၊ ဟာနှနစ်​ကြီး​တောင်​ထပ်​တိုးသလား​မေးကြပါလိမ့်​မယ်​၊ အားသာချက်​က အကျမရှိ​တော့ဘူး ၊တက္ကသိုလ်​ဝင်​တန်းစာ​မေပွဲမရှိ​တော့ဘူး ၊kg ဘယ်​​လောက်​အထိပညာသင်​ကြားခဲ့​ကြောင်းဆိုတဲ့လက်​မှတ်​​ပေးလိုက်​​တော့မှာပါ၊ kg12​ခေါ်တဲ၁၂တန်းတက်​ပြီးရင်​ ကြိုက်​တဲ့တက္ကသိုလ်​ကိုဝင်​ခွင့်​​ဖြေပြီး​တော့​အောင်​ရင်​တက်​ခွင့်​ရ​မယ်​မ​အောင်​ရင်​တက်​ခွင့်​မရဘူး၊

ဒါဘဲအ​ဖြေကကိုယ်​ကြိုက်​တာကိုယ်​ဝါသနာပါရာတက်​လို့ရပြီ ဘာအမှတ်​နဲ့မှခွဲခြားမထား​တော့ဘူး၊ ဘာ​တွေအားသာလည်းဆို​တော့ ကိုယ့်​တက်​မဲ့သက်​ဆိုင်​ရာတက္ကသိုလ်​က သူတက်​မဲ့ဘာသာရပ်​ကိုသူဘယ်​​လောက်​ဝါသနာပါလဲ ဘယ်​​လောက်​အပြင်​မှာလိုက်​စားထားသလဲ ဆိုတဲ့သပ်​မှတ်​ချက်​​မေးခွန်း​တွေထုပ်​ပြီး​မေးသွားမှာပါ။ တကယ်​​တော့သူ ဒီဘာသာရပ်​ကိုဘယ်​​လောက်​အထိစိတ်​ဝင်​စားသလဲဆိုတာစမ်းသပ်​သလိုဖြစ်​​နေပါတယ်​၊

ငွေအရများလို့ ကိုယ်​ဝါသနာမပါဘဲမိဘတက်​ခိုင်းလို့စသည့်​ပြင်​ပဖိအား​တွေနဲ့တက်​ဖို့မလွယ်​​တော့ပါဘူး အပြင်​မှာလိုက်​စားဘိုကလည်းကိုယ်​ဝါသနာပါမှလိုက်​စားမိမှာပါ အခုလက်​ရှိပညာ​ရေးစနှစ်​က စာ​ရေးစာဖတ်​ စာကျက်​ဝါသနာပါလို့၁၀တန်းမှာ ၆ဘာသာဂုဏ်​ထူးပါခဲ့ရင်​ကိုယ်​ဝါသနာမပါချင်​​နေ မိဘရဲ့ဖိအား​တွေ အလုပ်​ရရင်​ဝင်​​ငွေ​ကောင်းတယ်​ဆိုတဲ့မြူဆွယ်​ချက်​​တွေ​ကြောင့်​အင်​ဂျင်​နီယာတက်​ကြ ​ဆေးတက္ကသိုလ်​​တွေတက်​ကြ ​နောက်​ပြီး နိုင်​ငံ​တော်​က​ငွကုန်ခံ​သင်​​ပေးတဲ့ပညာနဲ့အလုပ်​မလုပ်​ မိမိဝါသနာပါရာ စာ​ရေးဆရာလုပ်​လိုက်​ အဆို​တော်​လုပ်​လိုက်​ ​မော်​ဒယ်​လုပ်​လိုက်​နဲ့ နိုင်​ငံ​တော်​မှာနှစ်​နာသလို့ နိုင်​ငံ​တော်​လိုအပ်​ချက်​​ကြောင့်​များများ​မွေးထုပ်​လည်းဘဲ ပညာရှင်​​တွေရဲလိုအပ်​ချက်​က​နေရာအနှံ့ရှိ​နေတာဘဲ​ ၊ပညာ​ရေးစနှစ်​သစ်​နဲ့ပတ်​သက်​ပြီးဆက်​​ရေးပါအုံးမည်​။

Post writer=yuzana(shineshine)

Top
//atservineor.com/4/3018672