You are here
Home > Health > စေတနာသုခ ဆရာတော် ဘဒ္ဒ န္တ ဣန္ဒကနည်းပေးသော ဆီးချိုအတွက် ကုန်းသဖန်းသီး

စေတနာသုခ ဆရာတော် ဘဒ္ဒ န္တ ဣန္ဒကနည်းပေးသော ဆီးချိုအတွက် ကုန်းသဖန်းသီး



၎င်းပုဂ္ဂိုလ်ကြီးသည်အင်္ဂလိပ်စာနှင့်ဟိန္ဒီစာပေကို အထူးကျွမ်းကျင်သူ၊ ပညာရေးဌာနတွင်နိုင်ငံတော်အဆင့်ရှိသူဖြစ်ပြီး ၄င်းတွင်ကပ်ညိနေသော ရောဂါပျောက်ကင်းသွားသည်ကို အံ့ဩဝမ်းမြောက်မှုဖြစ်မိသဖြင့် ဆေးကျမ်းများကိုလေ့လာရာ ရှေးဟောင်းဟိန္ဒူ ဆေးကျမ်းတစ်ခုတွင် ကုန်းသဖန်းသီးသည်ဆီးချိုသွေးချို ရောဂါပျောက်ကင်းသည်ဟု ဖော်ပြထားကြောင်း ယင်းပုဂ္ဂိုလ်ကြီးကဆရာတော်အားဝမ်းမြောက်ဝမ်းသာဖြင့် လာရောက်လျှောက်ထားခဲ့သည်ကို လွန်ခဲ့သောသုံးလေးနှစ်ကသိခဲ့ရပါသည် ..




Khin Mg Sun

Unicodeဖြင့်ဖတ်ရန်
★★★

ဆီးချိုသွေးချိုပျောက်သောကုန်းသဖန်းသီး

ဤဆေးညွှန်းကို ဝိဇ္ဇာကြီးများက စေတနာ သုခ ဆရာတော် ဘဒ္ဒ န္တ ဣန္ဒက မှတဆင့် ဆီးချိုသွေးချို ဝေဒနာစွဲကပ်နေသော လူနာတစ်ဦးကို ရောဂါပျောက်အောင်စားခိုင်းရာ ဝေဒနာရှင်ပုဂ္ဂိုလ်ကြီးက ထမင်းစားတိုင်း ပုံပါကုန်းသဖန်းသီးငါးလုံးခြောက်လုံးခန့်ကို အတို့အမြှပ်အဖြစ်နေ့စဉ်စားသုံးခဲ့ရာ နှစ်လကျော်ခန့်တွင် ဆီးချိုသွေးချိ ဝေဒနာလုံးဝပျောက်ကင်းခဲ့ပါသည် ..

၎င်းပုဂ္ဂိုလ်ကြီးသည်အင်္ဂလိပ်စာနှင့်ဟိန္ဒီစာပေကို အထူးကျွမ်းကျင်သူ၊ ပညာရေးဌာနတွင်နိုင်ငံတော်အဆင့်ရှိသူဖြစ်ပြီး ၎င်းတွင်ကပ်ညိနေသော ရောဂါပျောက်ကင်းသွားသည်ကို အံ့ဩဝမ်းမြောက်မှုဖြစ်မိသဖြင့် ဆေးကျမ်းများကိုလေ့လာရာ ရှေးဟောင်းဟိန္ဒူ ဆေးကျမ်းတစ်ခုတွင် ကုန်းသဖန်းသီးသည်ဆီးချိုသွေးချို ရောဂါပျောက်ကင်းသည်ဟု ဖော်ပြထားကြောင်း ယင်းပုဂ္ဂိုလ်ကြီးကဆရာတော်အားဝမ်းမြောက်ဝမ်းသာဖြင့် လာရောက်လျှောက်ထားခဲ့ဲသည်ကို လွန်ခဲ့သောသုံးလေးနှစ်ကသိခဲ့ရပါသည် ..

ထို့ကြောင့်ကျန်ခဲ့သောနှစ်နှစ်ကျော်က ကျနော်ကိုယ်တိုင်ဆီးချိုဖြစ်ရာတွင် ယင်းကုန်းသဖန်းသီးများ နေ့စဉ်စားသုံးပေးခြင်းဖြင့် ရောဂါပျောက်ကင်းသွားကြောင်း စေတနာကောင်းဖြင့်တင်ပြလိုက်ပါသည် ..

(ယမန်နေ့ကဆရာတော်၏ကျောင်းတွင် ကုန်းသဖန်းသီးများလှူဒါန်းထားသည်ကို တွေ့ရှိခဲ့သဖြင့် ဓာတ်ပုံရိုက်ယူလာခဲ့ပြီး

ဤပို့စ်အားရေးသားမိခြင်းဖြစ်ပါသည်)..

Khin Mg Sun

Top
//intorterraon.com/4/3018672