မိဘကိုခ်စ္ရင္ မရွက္ပါနဲ႔

အလယ္တန္း အထက္တန္း ေက်ာင္းသူဘဝတုန္းက ေက်ာင္းတက္ရင္ အတန္းေဖာ္သူငယ္ခ်င္းေတြက ေမးႀကတယ္

” နင့္အေဖ ဘာလုပ္လဲ နင့္အေမ ဘာလုပ္လဲ ” လို႔ ေမးရင္ ကြ်န္မအရမ္းအားငယ္ရတယ္ ဝမ္းနည္းမိတယ္

” ငါရဲ႕ေဖေဖက စက္ခ်ဳပ္တယ္ ငါ့ရဲ႕ေမေမက ထမင္းခ်က္တယ္ ” ဆိုတ့ဲ အေျဖကို မရဲမဝဲ့ သူငယ္ခ်င္းေတြကို ေျဖခ့ဲရတယ္

( ” ငါ့ေဖေဖက အင္ဂ်င္နီယာ ငါ့ေမေမက ေဒါက္တာ ” ဆိုျပီး တခ်ဳိ႕သူငယ္ခ်င္းေတြလို ဂုဏ္ယူဝ့ဲႀကြားစြာ ေျဖခ်င္မိတယ္ )

ဒါေပမယ့္ … ကြ်န္မ အေဖက စက္ခ်ဳပ္တယ္ အေမက ထမင္းခ်က္တယ္

တေန႔ေတာ့ …” ေဖေဖ … သမီးကိုေလ သူငယ္ခ်င္းေတြက ေမးႀကတယ္ ေဖေဖေမေမက ဘာလုပ္တာလဲ ” တ့ဲ

” ေျဖေတာ့ တခ်ဳိ႕သူေတြက သမီးကိုေလွာင္ရယ္ႀကတယ္ ” သမီး … သိပ္ရွက္တယ္ … ေဖေဖ … သမီးရွက္တယ္

” သမီးလဲ … သူငယ္ခ်င္းေတြရဲ႕အေဖအေမလို အင္ဂ်င္နယ္ယာ ေဒါက္တာ ပညာတတ္တ့ဲ ေဖေဖေမေမလိုခ်င္တာေပါ့ ”

အဲဒီအခ်ိန္မွာ ကြ်န္မအနားသို႔ ေဖေဖတိုးလာျပီး

” ဘယ္လိုေျပာလိုက္တာလဲ သမီးေရ ေဖေဖတို႔လည္း ပညာတတ္ျဖစ္ခ်င္ခ့ဲတာေပါ့ ဘဝေပးအေျခအေနက ေဖေဖကိုပညာတတ္ျဖစ္ဖို႔မေပးခ့ဲဘူးေလ ”

” ေဖေဖတို႔ေမာင္နွမနွစ္ေယာက္ဟာ ပညာတတ္သိပ္ျဖစ္ခ်င္ခ့ဲတာ ”

” အေမကမုဆိုးမ ဆင္းရဲတယ္ သူမ်ားဆီမွာအငွားခံရတယ္ စားဝတ္ေနေရးအတြက္ပဲ ထမင္းမငတ္ေအာင္စားခ့ဲရတာ ”

” ေဖေဖတို႔ကို ေက်ာင္းတက္ဖို႔ ဖတ္စာအုပ္ေတြ ဗလာစာအုပ္ေတြ မဝယ္ေပးနိုင္ခ့ဲဘူးသမီး ”

” ေဖေဖတို႔ေမာင္နွမနွစ္ေယာက္က စာအရမ္းသင္ခ်င္လို႔ ေတာင္ေပၚက ဟင္းသီးဟင္းရြက္ေတြကို သြားခူးျပီးေရာင္းတယ္ ”

” ဟင္းသီးဟင္းရြက္ေရာင္းလို႔ … ရတ့ဲပိုက္ဆံကို … စု သူမ်ားဆီကတဆင့္ စာအုပ္အေဟာင္းေလးေတြဝယ္ျပီး

ေဖေဖတို႔ေမာင္နွမနွစ္ေယာက္ ေက်ာင္းတက္ခ့ဲရတာ ” ” ေဖေဖတို႔ကဆင္းရဲေတာ့ … ဘယ္သူကမွဂရုမစိုက္ႀကဘူး သမီးေရ ”

” စာအုပ္အသစ္ေတြမဝယ္နိုင္ဘူး သူမ်ားဆီကဝယ္တ့ဲစာအုပ္အေဟာင္းေလးနဲ႔ စာေရးခ့ဲတယ္ ”

ဆရာကို အမွတ္ျခစ္ဖို႔ စာအုပ္သြားထပ္ေတာ့ … ” မင္းဘာစာအုပ္နဲ႔ေရးထားတာလဲ ညစ္ပတ္စုတ္ျပတ္သတ္ေနတာပဲ ေရာ့…ကြာ ” ဆိုျပီး ေဖေဖ့စာအုပ္ကို ဆရာက လႊင့္ပစ္တယ္သမီးေရ

” စာအုပ္ကထဲက စာရြက္ေလးေတြ တရြက္စီကြာႀကသြားခ့ဲတယ္ ေဖေဖလည္း အရမ္းရွက္လို႔ ငိုျပီးစာရြက္ေလးေတြကို တရြက္ခ်င္းစီ ေကာက္ခ့ဲရတယ္ ”

အဲဒါနဲ႔ … ေဖေဖ … ေလးတန္းေျဖျပီး ေက်ာင္းနားခ့ဲရတယ္ သမီးေရ ” အရြယ္ေရာက္လာေတာ့ ေဖေဖစက္ခ်ဳပ္ပညာကိုတတ္ကြ်မ္းေအာင္ ဆရာတေယာက္ဆီမွာ သင္ခ့ဲတယ္ ”

” သမီးတို႔ေမာင္နွမနွစ္ေယာက္ကို ေဖေဖတို႔ေမာင္နွမနွစ္ေယာက္လို မျဖစ္ရေလေအာင္ ေဖေဖတတ္တ့ဲစက္ခ်ဳပ္ပညာနဲ႔ ပညာတတ္ျဖစ္ေအာင္ ပညာသင္ရေအာင္ ေက်ာင္းတက္ရေအာင္ ထားေပးတယ္ ” ေလ

ေဖေဖေျပာတ့ဲစကားေတြကို နားေထာင္ရတာေတာ့ ကြ်န္မရင္ထဲဝမ္းနည္းျပီး မ်က္ရည္စက္ေတြ က်လာတယ္

ေဖေဖက စကားတခြန္းပဲေျပာတယ္ ” ဂုဏ္ယူလိုက္စမ္းပါသမီးေရ … မရွက္ပါနဲ႔ ငါ့မိဘေတြက သူတို႔တတ္တ့ဲအတတ္ပညာ ရွာလို႔ေပးလို႔ရတ့ဲပိုက္ဆံနဲ႔ ငါ့အစ္ကိုကို ဘြဲ႕ရေအာင္ ေက်ာင္းထားေပးခ့ဲတယ္

ငါ့ကို အခုေက်ာင္းထားေပးေနတယ္ ဆိုျပီး ေျပာလိုက္စမ္းပါ သမီးေရ ” တ့ဲေလ ။

တခ်ိန္က … မေျပာနိုင္ခ့ဲတ့ဲစကားေတြကို အခုေတာ့ … ေဖေဖ့ေက်းဇူးေတြေႀကာင့္ … ရဲဝဲ့စြာေျပာနိုင္ခ့ဲျပီ … ေဖေဖ

သမီး … မရွက္ေတာ့ဘူး … ေဖေဖ ” သူငယ္ခ်င္းတို႔ … မိတ္ေဆြတို႔ေရ ” ငယ္တ့ဲအခ်ိန္မွာေတာ့ စဥ္းစားဥာဏ္ အေတြးအေခၚ ဗဟုသုတ မရွိေသးတ့ဲ အရြယ္မို႔ ရွက္တတ္ရင္ရွက္နိုင္ပါတယ္

အသက္အရြယ္ႀကီးလာလို႔ စဥ္းစားဥာဏ္အေတြးအေခၚ ဗဟုသုတေတြကို ရင့္က်က္လာတ့ဲအခါ မရွက္သင့္တာကို … မရွက္ပါနဲ႔ အားမငယ္သင့္တာကို … အားမငယ္ပါနဲ႔

#ဒါေႀကာင့္___မိဘကိုခ်စ္ရင္___မရွက္ပါနဲ႔။

#credit

Unicode

အလယ်တန်း အထက်တန်း ကျောင်းသူဘဝတုန်းက ကျောင်းတက်ရင် အတန်းဖော်သူငယ်ချင်းတွေက မေးကြတယ်

” နင့်အဖေ ဘာလုပ်လဲ နင့်အမေ ဘာလုပ်လဲ ” လို့ မေးရင် ကျွန်မအရမ်းအားငယ်ရတယ် ဝမ်းနည်းမိတယ်

” ငါရဲ့ဖေဖေက စက်ချုပ်တယ် ငါ့ရဲ့မေမေက ထမင်းချက်တယ် ” ဆိုတဲ့ အဖြေကို မရဲမဝဲ့ သူငယ်ချင်းတွေကို ဖြေခဲ့ရတယ်

( ” ငါ့ဖေဖေက အင်ဂျင်နီယာ ငါ့မေမေက ဒေါက်တာ ” ဆိုပြီး တချို့သူငယ်ချင်းတွေလို ဂုဏ်ယူဝဲ့ကြွားစွာ ဖြေချင်မိတယ် )

ဒါပေမယ့် … ကျွန်မ အဖေက စက်ချုပ်တယ် အမေက ထမင်းချက်တယ်

တနေ့တော့ …” ဖေဖေ … သမီးကိုလေ သူငယ်ချင်းတွေက မေးကြတယ် ဖေဖေမေမေက ဘာလုပ်တာလဲ ” တဲ့

” ဖြေတော့ တချို့သူတွေက သမီးကိုလှောင်ရယ်ကြတယ် ” သမီး … သိပ်ရှက်တယ် … ဖေဖေ … သမီးရှက်တယ်

” သမီးလဲ … သူငယ်ချင်းတွေရဲ့အဖေအမေလို အင်ဂျင်နယ်ယာ ဒေါက်တာ ပညာတတ်တဲ့ ဖေဖေမေမေလိုချင်တာပေါ့ ”

အဲဒီအချိန်မှာ ကျွန်မအနားသို့ ဖေဖေတိုးလာပြီး

” ဘယ်လိုပြောလိုက်တာလဲ သမီးရေ ဖေဖေတို့လည်း ပညာတတ်ဖြစ်ချင်ခဲ့တာပေါ့ ဘဝပေးအခြေအနေက ဖေဖေကိုပညာတတ်ဖြစ်ဖို့မပေးခဲ့ဘူးလေ ”

” ဖေဖေတို့မောင်နှမနှစ်ယောက်ဟာ ပညာတတ်သိပ်ဖြစ်ချင်ခဲ့တာ ”

” အမေကမုဆိုးမ ဆင်းရဲတယ် သူများဆီမှာအငှားခံရတယ် စားဝတ်နေရေးအတွက်ပဲ ထမင်းမငတ်အောင်စားခဲ့ရတာ ”

” ဖေဖေတို့ကို ကျောင်းတက်ဖို့ ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မဝယ်ပေးနိုင်ခဲ့ဘူးသမီး ”

” ဖေဖေတို့မောင်နှမနှစ်ယောက်က စာအရမ်းသင်ချင်လို့ တောင်ပေါ်က ဟင်းသီးဟင်းရွက်တွေကို သွားခူးပြီးရောင်းတယ် ”

” ဟင်းသီးဟင်းရွက်ရောင်းလို့ … ရတဲ့ပိုက်ဆံကို … စု သူများဆီကတဆင့် စာအုပ်အဟောင်းလေးတွေဝယ်ပြီး

ဖေဖေတို့မောင်နှမနှစ်ယောက် ကျောင်းတက်ခဲ့ရတာ ” ” ဖေဖေတို့ကဆင်းရဲတော့ … ဘယ်သူကမှဂရုမစိုက်ကြဘူး သမီးရေ ”

” စာအုပ်အသစ်တွေမဝယ်နိုင်ဘူး သူများဆီကဝယ်တဲ့စာအုပ်အဟောင်းလေးနဲ့ စာရေးခဲ့တယ် ”

ဆရာကို အမှတ်ခြစ်ဖို့ စာအုပ်သွားထပ်တော့ … ” မင်းဘာစာအုပ်နဲ့ရေးထားတာလဲ ညစ်ပတ်စုတ်ပြတ်သတ်နေတာပဲ ရော့…ကွာ ” ဆိုပြီး ဖေဖေ့စာအုပ်ကို ဆရာက လွှင့်ပစ်တယ်သမီးရေ

” စာအုပ်ကထဲက စာရွက်လေးတွေ တရွက်စီကွာကြသွားခဲ့တယ် ဖေဖေလည်း အရမ်းရှက်လို့ ငိုပြီးစာရွက်လေးတွေကို တရွက်ချင်းစီ ကောက်ခဲ့ရတယ် ”

အဲဒါနဲ့ … ဖေဖေ … လေးတန်းဖြေပြီး ကျောင်းနားခဲ့ရတယ် သမီးရေ ” အရွယ်ရောက်လာတော့ ဖေဖေစက်ချုပ်ပညာကိုတတ်ကျွမ်းအောင် ဆရာတယောက်ဆီမှာ သင်ခဲ့တယ် ”

” သမီးတို့မောင်နှမနှစ်ယောက်ကို ဖေဖေတို့မောင်နှမနှစ်ယောက်လို မဖြစ်ရလေအောင် ဖေဖေတတ်တဲ့စက်ချုပ်ပညာနဲ့ ပညာတတ်ဖြစ်အောင် ပညာသင်ရအောင် ကျောင်းတက်ရအောင် ထားပေးတယ် ” လေ

ဖေဖေပြောတဲ့စကားတွေကို နားထောင်ရတာတော့ ကျွန်မရင်ထဲဝမ်းနည်းပြီး မျက်ရည်စက်တွေ ကျလာတယ်

ဖေဖေက စကားတခွန်းပဲပြောတယ် ” ဂုဏ်ယူလိုက်စမ်းပါသမီးရေ … မရှက်ပါနဲ့ ငါ့မိဘတွေက သူတို့တတ်တဲ့အတတ်ပညာ ရှာလို့ပေးလို့ရတဲ့ပိုက်ဆံနဲ့ ငါ့အစ်ကိုကို ဘွဲ့ရအောင် ကျောင်းထားပေးခဲ့တယ်

ငါ့ကို အခုကျောင်းထားပေးနေတယ် ဆိုပြီး ပြောလိုက်စမ်းပါ သမီးရေ ” တဲ့လေ ။

တချိန်က … မပြောနိုင်ခဲ့တဲ့စကားတွေကို အခုတော့ … ဖေဖေ့ကျေးဇူးတွေကြောင့် … ရဲဝဲ့စွာပြောနိုင်ခဲ့ပြီ … ဖေဖေ

သမီး … မရှက်တော့ဘူး … ဖေဖေ ” သူငယ်ချင်းတို့ … မိတ်ဆွေတို့ရေ ” ငယ်တဲ့အချိန်မှာတော့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတ မရှိသေးတဲ့ အရွယ်မို့ ရှက်တတ်ရင်ရှက်နိုင်ပါတယ်

အသက်အရွယ်ကြီးလာလို့ စဉ်းစားဉာဏ်အတွေးအခေါ် ဗဟုသုတတွေကို ရင့်ကျက်လာတဲ့အခါ မရှက်သင့်တာကို … မရှက်ပါနဲ့ အားမငယ်သင့်တာကို … အားမငယ်ပါနဲ့

#ဒါကြောင့်___မိဘကိုချစ်ရင်___မရှက်ပါနဲ့။

#credit