သမီးလေးကထူးဆန်းတဲ့စကားတွေပြောတယ်ဆိုတဲ့ သက်မွန်မြင့်
Unicodeဖြင့်ဖတ်ရန်
★★★
၉၀ခုနှစ်ဖွားတွေရဲ့အသည်းနှလုံးကို ဖမ်းစားညိုှ့ယူထားနိုင်တဲ့ ချင်းတိုင်းရင်းသူလေး သက်မွန်မြင့်ကတော့ အခုဆိုရင် ချစ်ရတဲ့မိသားစုလေးနဲ့ မိသားစုဘဝလေးတစ်ခုကိုပိုင်ဆိုင်ထားပြီဖြစ်ပါတယ် ။ အခုပြောချင်လွန်းလွန်းလို့ မိတ်ဆွေတွေကိုတင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ Pann Pwint Media နဲ့အင်တာဗျူးမှာ ပြောပြသွားခဲ့တဲ့အကြောင်းတွေပဲဖြစ်ပါတယ် ။
သက်မွန်မြင့်က လက်ရှိရပ်တည်မှုအခြေအနေကို” အခုချိန်မှကျ Sharing လုပ်ရတယ် သားသမီးတွေအတွက်လည်း မိခင်ကောင်းတစ်ယောက်ဖြစ်ချင်သေးတာလေ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလိုခံစားရတယ် ။ကိုယ့်သားသမီးတွေကို ကိုယအချိန်မပေးနိုင်ဘူးဆိုရင် ကိုယ်ကမိခင်ကောင်းတစ်ယောက် ဖြစ်ရဲ့လားအဲ့ဒီလိုမျိုးစိတ်ခံစားမှုကအများကြီးဖြစ်သွားပြီ ။ စီးပွားရေးအလုပ်လုပ်တဲ့အခါကျလည်း စီးပွားက သက်မွန် ကအခုမှအစဆိုတော့တည်ဆောက်နေရတာပေါ့နော် ။ စိတ်တွေကအများကြီးဖြစ်နေတဲ့အခါကျတော့တည်ငြိမ်ဖို့လည်းခက်တာပေါ့ ။ သုံးဘဝကိုတည်ငြိမ်အောင်ကြိုးစားတဲ့အခါကျတော့ စိုးရိမ်မှုတော့ရှိတာပေါ့ ။ ” လို့ပြောပြသွားပါတယ် ။
သူ့သမီးလေးနဲ့ပတ်သက်ပြီးလည်း သက်မွန်မြင့်က ” အနုပညာပိုးမဟုတ်ဘူးဆရာတအားကျတယ် ။သူကိုပြောထားတာဆရာမကြီးပေါ့နော် ။ သူကနည်းနည်းလူကြီးစိတ်ရှိတယ် လူကြီးအတွေးခေါ်ရှိတယ် ။ လူကြီးလိုပြောတယ်ဆိုတော့တော်တော်မနိုင်ဘူး ။ သူနဲ့ကပျော်လည်းပျော်ဖို့ကောင်းပါတယ် ။ကလေးထက်ပိုပြီးတော့သာတယ်သူက။ အမေ့မွေးနေ့တုန်းကဆိုရင် ကိတ်ခွဲတယ် ကိတ်ကရေခဲသေတ္တာထဝတထည့် ထားတော့ကိတ်ကလေးကတုန်နေတဲ့ပေါ့နော် ။အဲ့ဒါကို လူကြီးလည်းတုန်တုန် ကိတ်လည်းတုန်တုန် ဆိုတော့ ဘာလို့ဒီလိုမျိုးပြောတာလည်းပေါ့နော် ။ ဆိုတော့ သူပြောတဲ့ဟာတွေကလူကိုတော်တော်များများအံ့သြစေတယ် ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
Share From nanmalgyi