ခုခ်ိန္ထိ လူပ်ိဳႀကီးပါပဲလို႔ ဆိုလာတဲ့ သ႐ုပ္ေဆာင္ေဇယ်

လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြတုန္းက VCD သီခ်င္းေခြေတြထဲမွာ ထိပ္တန္းသ႐ုပ္ေဆာင္ တေယာက္ ျဖစ္ခဲ့တဲ့ ေဇယ်ကိုေတာ့ မွတ္မိၾကမယ္ ထင္ပါတယ္။ နာမည္ႀကီး သီခ်င္းေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ေဇယ်ကေတာ့ လက္႐ွိခ်ိန္ထိ Single လူပ်ိဳႀကီးျဖစ္ေနေသးတာ ျဖစ္ပါတယ္။ ေဇယ်ကေတာ့ ယခုေနာက္ပိုင္းမွာ အႏုပညာလႈပ္႐ွားမႈေတြကို သိပ္ၿပီးေတာ့ မေတြ႔ရေတာ့ေပမယ့္လည္း ပြဲေတာ္ေတာ္မ်ားမ်ားမွာ MC လုပ္ေနၿပီး ပြဲေတာ္ေတာ္မ်ားမ်ားကိုလည္း တက္ေရာက္ေပးပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြ ေ႐ွ႕ကေနေပ်ာက္ေနတာ ၾကာၿပီ ျဖစ္တဲ့ ေဇယ်တေယာက္ကေတာ့ လက္႐ွိမွာ သူ႔လက္တေလာ လႈပ္႐ွားမႈနဲ႔ အခ်စ္ေရး အေၾကာင္းကို ပရိသတ္ေတြ သိေအာင္ ေျပာျပသြား ခဲ့ပါတယ္။

လတ္တေလာ အႏုပညာလႈပ္႐ွားမႈနဲ႔ ပတ္သက္ၿပီး popular ကိုေတာ့ “ခုတေလာ က်ေနာ္ MC လုပ္ျဖစ္ေနပါတယ္။ ၿပီးေတာ့ က်ေနာ္ ေနာက္ အပတ္ေတြမွာ ေအာင္ထက္ရဲ႕ သီခ်င္း MTV ေလး ႐ိုက္ေပးဖို႔ ႐ွိပါတယ္”

႐ိုက္ကြင္းေပၚေတြမွာ ေမ်ာက္လို႔ ေခၚခံရတာန႔ဲ ပတ္သက္ၿပီး “က်ေနာ္က ဘာျဖစ္လို႔လဲဆိုေတာ့ အျငိမ္မေနဘူး။ ႐ႈတင္မွာဆိုရင္။ အဲ့ဒါေၾကာင့္ က်ေနာ့္ကို တခ်ိဳ႕ကေျပာၾကတယ္။ ၅ စကၠန္႔ေလာက္ အၿငိမ္ေနပါလားတို႔ ၁ မိနစ္ေလာက္ အၿငိမ္ေနပါလားလို႔ အဲ့လိုမ်ိဳးေတြ ေျပာၾကတယ္။ တစ္မိနစ္ၿငိမ္ရင္ ဘာေပးမယ္တို႔။ ဒါေပမယ့္လည္း က်ေနာ္က အဲ့ တစ္မိနစ္ကို မၿငိမ္ျဖစ္ေနတာ။ အဲ့ဒါေၾကာင့္မို႔ ေမ်ာက္ဆိုၿပီးေတာ့ ျဖစ္သြားတာ”

အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ေဇယ်က “ခုထိ လူပ်ိဳႀကီးပါ။ အဲ့ဒါပဲ ေကာင္းပါတယ္။ တသက္လံုးလားဆိုေတာ့ အဲ့လိုေတာ့လည္း ေျပာလို႔မရေသးပါဘူး။ ဒါေပမယ့္လည္း အခုခ်ိန္ထိေတာ့ အပူမ႐ွာခ်င္ေသးဘူးေပါ့” ဟု ေျပာၾကားသြား ခဲ့ပါတယ္။ ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးထဲမွာလည္း သရုပ္ေဆာင္ ေဇယ်ကို အားေပးၾကတဲ့သူေတြ ေသခ်ာေပါက္ပါလိမ့္မယ္လို႔ ထင္ပါတယ္။ သူ႔ကို ဘယ္သီခ်င္းထဲမွာ စၿပီးေတာ့ ျမင္ဖူးတာလည္း ဆိုတာကို မန္႔သြားၾကဦးေလ။

CRD-ေျပာခ်င္လြန္းလို့

UNICODE

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက VCD သီချင်းခွေတွေထဲမှာ ထိပ်တန်းသရုပ်ဆောင် တယောက် ဖြစ်ခဲ့တဲ့ ဇေယျကိုတော့ မှတ်မိကြမယ် ထင်ပါတယ်။ နာမည်ကြီး သီချင်းတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇေယျကတော့ လက်ရှိချိန်ထိ Single လူပျိုကြီးဖြစ်နေသေးတာ ဖြစ်ပါတယ်။ ဇေယျကတော့ ယခုနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို သိပ်ပြီးတော့ မတွေ့ရတော့ပေမယ့်လည်း ပွဲတော်တော်များများမှာ MC လုပ်နေပြီး ပွဲတော်တော်များများကိုလည်း တက်ရောက်ပေးပါတယ်။ ဒါကြောင့် ပရိသတ်တွေ ရှေ့ကနေပျောက်နေတာ ကြာပြီ ဖြစ်တဲ့ ဇေယျတယောက်ကတော့ လက်ရှိမှာ သူ့လက်တလော လှုပ်ရှားမှုနဲ့ အချစ်ရေး အကြောင်းကို ပရိသတ်တွေ သိအောင် ပြောပြသွား ခဲ့ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး popular ကိုတော့ “ခုတလော ကျနော် MC လုပ်ဖြစ်နေပါတယ်။ ပြီးတော့ ကျနော် နောက် အပတ်တွေမှာ အောင်ထက်ရဲ့ သီချင်း MTV လေး ရိုက်ပေးဖို့ ရှိပါတယ်”

ရိုက်ကွင်းပေါ်တွေမှာ မျောက်လို့ ခေါ်ခံရတာနဲ့ ပတ်သက်ပြီး “ကျနော်က ဘာဖြစ်လို့လဲဆိုတော့ အငြိမ်မနေဘူး။ ရှုတင်မှာဆိုရင်။ အဲ့ဒါကြောင့် ကျနော့်ကို တချို့ကပြောကြတယ်။ ၅ စက္ကန့်လောက် အငြိမ်နေပါလားတို့ ၁ မိနစ်လောက် အငြိမ်နေပါလားလို့ အဲ့လိုမျိုးတွေ ပြောကြတယ်။ တစ်မိနစ်ငြိမ်ရင် ဘာပေးမယ်တို့။ ဒါပေမယ့်လည်း ကျနော်က အဲ့ တစ်မိနစ်ကို မငြိမ်ဖြစ်နေတာ။ အဲ့ဒါကြောင့်မို့ မျောက်ဆိုပြီးတော့ ဖြစ်သွားတာ”

အချစ်ရေးနဲ့ ပတ်သက်ပြီး ဇေယျက “ခုထိ လူပျိုကြီးပါ။ အဲ့ဒါပဲ ကောင်းပါတယ်။ တသက်လုံးလားဆိုတော့ အဲ့လိုတော့လည်း ပြောလို့မရသေးပါဘူး။ ဒါပေမယ့်လည်း အခုချိန်ထိတော့ အပူမရှာချင်သေးဘူးပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း သရုပ်ဆောင် ဇေယျကို အားပေးကြတဲ့သူတွေ သေချာပေါက်ပါလိမ့်မယ်လို့ ထင်ပါတယ်။ သူ့ကို ဘယ်သီချင်းထဲမှာ စပြီးတော့ မြင်ဖူးတာလည်း ဆိုတာကို မန့်သွားကြဦးလေ။

CRD-ပြောချင်လွန်းလို့

Share From Global Myanmar Media