နှစ်ယောက်အတူ ရတနာဆိုင်ကြီးဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ





UNICODE

အဆိုတော်ကျော်ထွဋ်ဆွေနဲ့ မော်ဒယ်နန်းသူဇာတို့ စုံတွဲလေးကိုတော့ ပရိသတ်ကြီးသိပြီး သားဖြစ်မှာပါနော်။ နှစ်ယောက်သားရဲ့ ချစ်သက်တမ်းဟာလည်း အတော်လေးကြာမြင့် ခဲ့ပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိနဲ့ရွှေလက်တွဲနေကြဆဲပါပဲ။ အတူတူ လက်တွဲလာတာ အချိန်တွေ ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ နှစ်ယောက်အတူတူ ရတနာရွှေဆိုင်တစ်ဆိုင်ဖွင့်လှစ်လိုက်ကြပြီပဲဖြစ်ပါတယ်။ Congratulation ပါနော်။ နှစ်ယောက်သားရဲ့ မင်္ဂလာသတင်းလေးကိုလည်း အားလုံးက မျှော်လင့်နေကြပါတယ်။

အချိန်တွေကြာလေလေ ပိုချစ်လေလေဖြစ်လာတဲ့ နှစ်ယောက်သားရဲ့ သံယောဇဉ်တွေက ပိုပိုပြီး ထုထည်ကြီးမားလာခဲ့ပါတယ်။ လက်ရှိမှာလည်း အောင်မြင်သူတွေအဖြစ် ကိုယ်ပိုင်လမ်းကြောင်းတွေပေါ်မှာ ရပ်တည်နေကြပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို လည်း အပြည့်အဝရရှိထားခဲ့သူ တွေပါ။ ချစ်စရာကောင်းတဲ့ ဒီစုံတွဲလေးဟာ ရန်ဖြစ်ပြီး စကားများတာကို သိပ်မတွေ့ရပဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ ရှေ့ဆက်နေတာမို့ သာယာခိုင်မြဲတဲ့ အချစ်ခရီးလမ်းလေးဖြစ်လို့နေပါတယ်။

နှစ်ယောက်သားအတူတူရွှေဆိုင်ဖွင့်လိုက်တဲ့ အကြောင်းလေးကို ကျော်ထွဋ်ဆွေ တစ်ယောက် ” ကျွန်တော်တို့နှစ်ယောက်ရဲ့ ခြေလှမ်းအသစ်လေး ဒီနေ့စပြီဖြစ်ပါတယ် ” ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ယောက် အတူတူ ပူးပေါင်းလုပ်တဲ့ ဒီလုပ်ငန်းလေး အောင်မြင်ကြီးပွားတိုက်တက်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်တယ်နော်။

Photo – Kyaw Htut Swe,CRD-Myanmarload

Share From Global Myanmar Media