” အရင္ကဘဝကိုေပါ့ေပါ့ပါးပါးေနေပမယ့္ မိဘေတြကိုကူညီရေတာ့မယ္လို့ေတြးလာမိတယ္ဆိုတဲ့ မင္းသန္႔ေမာင္ေမာင္ “

ႏုိင္ငံေက်ာ္ မင္းသမီးေမသန္းႏုနဲ႔ ႏုိင္ငံေက်ာ္ဒါရုိက္တာ ဇင္ေယာ္ေမာင္ေမာင္တို႔ရဲ့ သားေလးမင္းသန့္ေမာင္ေမာင္ကေတာ့ အေဖ့ရဲ့ အေမြကိုဆက္ခံၿပီး ဒါရုိက္တာတစ္ေယာက္အျဖစ္စတင္ႀကိဳးစားေနၿပီပဲ ျဖစ္ပါတယ္။သူ့အေဖနဲ႕အတူအလုပ္ေတြကို အတူတြဲၿပီးလုပ္လာတာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ” “တိမ္ေတြေပၚကပန္း “႐ုပ္႐ွင္ဇာတ္ကားကို ႐ုိက္ကူးဖို႔စီစဥ္ေနတယ္လို႔သိရပါတယ္။

တိမ္ေတြေပၚကပန္း ႐ုပ္႐ွင္ဇာတ္ကားကို ကိုရီးယားႏုိင္ငံကမင္းသားရယ္ ႏုိင္ငံေက်ာ္ျပည္သူခ်စ္အႏုပညာ႐ွင္ ဝတ္မႈံေရႊရည္ရယ္အျပင္ ပရိသတ္ေတြအားေပးႏွစ္သက္ၾကတဲ့ ေက်ာ္ထက္ေအာင္ တို႔နဲ႔ သံုးပြင့္ဆိုင္အခ်စ္ကားတစ္ကားအျဖစ္ ႐ုိက္မွာျဖစ္ၿပီး အေမျဖစ္တဲ့ေမသန္းႏုလည္း ပါဝင္တာမို႔ မိသားစု စံုလင္စြာ႐ုိက္မယ့္ကားျဖစ္တာေၾကာင့္လည္း “မိသားစုအတူတူ ျပန္ေပါင္းၿပီး႐ုိက္ကူးရတာမို႔အရမ္းေပ်ာ္ေနၿပီး။အလုပ္လုပ္တဲ့အခ်ိန္မွာကြၽန္ေတာ္တူတူေပါင္းၿပီးလုပ္ခ်င္တယ္ ။ေပ်ာ္ေပ်ာ္ပါးပါးေနခ်င္တာကိုး ၊ ကြၽန္ေတာ့္မိသားစုနဲ႔တူတူလုပ္ရရင္ေပ်ာ္ဖို႔ေကာင္းမယ္လို႔ထင္တယ္။အာ့ေၾကာင့္ကြၽန္ေတာ့္အေမကိုေခၚၿပီးဒီဇာတ္မွာေပါ့ေနာ္။ကြၽန္ေတာ့္အေမနဲ႔လည္းလိုက္မယ္လို႔ထင္တယ္။ၿပီးေတာ့ကြၽန္ေတာ့္အေမမျဖစ္ဘူးတဲ့ကာ႐ုိက္တာလည္းျဖစ္တာမို႔ စမ္းၾကည့္တာေပါ့။

ဒီအေျခအေနထိေရာက္လာတာသူတို႔ေၾကာင့္ေပါ့ေနာ္။သူတို႔ဘာပဲဆံုးျဖတ္ျဖတ္ကြၽန္ေတာ္လက္ခံေပးဖို႔ဆံုးျဖတ္ထားတာေပါ့ေနာ္။ အရင္ကေတာ့ဘဝကိုသိပ္အာ႐ုံမစိုက္ျဖစ္ဘူး။ဒီအတိုင္းေပါ့ေပါ့ပါးပါးေနျဖစ္တယ္။ေနာက္ပိုင္းအေဖလည္းက်န္းမာေရးမေကာင္းတဲ့အျပင္အေမလည္းပင္ပန္းေနေတာ့ အလုပ္ဝိုင္းကူရမယ္လို႔ေတြးမိလာတာေပ့ါေနာ္။အေဖ့ကိုဝိုင္းကူရင္းအေဖမိတ္ဆက္ေပးတဲ့ လူႀကီးေတြနဲ႔စကားေျပာရင္းေျပာရင္း လူႀကီးဆန္လာတာပါ။

လူႀကီးေတြနဲ႔ ဘဝအေၾကာင္းခနခနၾကားရင္း ငါကေလးဆန္လို႔မရေတာ့ဘူး။ အလုပ္လုပ္ရေတာ့မယ္လို႔ေတြးမိလာတာပါ။ အေဖ့တင္မဟုတ္ပဲ အေမနဲ႔လည္းအားတဲ့ရက္မွာ အေမနဲ႔ခဏခဏစကားေျပာျဖစ္ၿပီး တိုင္ပင္ျဖစ္ပါတယ္” လို႔ေျပာျပခဲ့ပါတယ္။ Cele Gabar ပရိသတ္ႀကီးေရာ မင္းသန္႔ေမာင္ေမာင္ကိုအားေပးရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။


Source: MC
Khin CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” အရင်ကဘဝကိုပေါ့ပေါ့ပါးပါးနေပေမယ့် မိဘတွေကိုကူညီရတော့မယ်လို့တွေးလာမိတယ်ဆိုတဲ့ မင်းသန့်မောင်မောင် ”

နိုင်ငံကျော် မင်းသမီးမေသန်းနုနဲ့ နိုင်ငံကျော်ဒါရိုက်တာ ဇင်ယော်မောင်မောင်တို့ရဲ့ သားလေးမင်းသန့်မောင်မောင်ကတော့ အဖေ့ရဲ့ အမွေကိုဆက်ခံပြီး ဒါရိုက်တာတစ်ယောက်အဖြစ်စတင်ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။သူ့အဖေနဲ့အတူအလုပ်တွေကို အတူတွဲပြီးလုပ်လာတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ” “တိမ်တွေပေါ်ကပန်း “ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့စီစဉ်နေတယ်လို့သိရပါတယ်။

တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားကို ကိုရီးယားနိုင်ငံကမင်းသားရယ် နိုင်ငံကျော်ပြည်သူချစ်အနုပညာရှင် ဝတ်မှုံရွှေရည်ရယ်အပြင် ပရိသတ်တွေအားပေးနှစ်သက်ကြတဲ့ ကျော်ထက်အောင် တို့နဲ့ သုံးပွင့်ဆိုင်အချစ်ကားတစ်ကားအဖြစ် ရိုက်မှာဖြစ်ပြီး အမေဖြစ်တဲ့မေသန်းနုလည်း ပါဝင်တာမို့ မိသားစု စုံလင်စွာရိုက်မယ့်ကားဖြစ်တာကြောင့်လည်း “မိသားစုအတူတူ ပြန်ပေါင်းပြီးရိုက်ကူးရတာမို့အရမ်းပျော်နေပြီး။အလုပ်လုပ်တဲ့အချိန်မှာကျွန်တော်တူတူပေါင်းပြီးလုပ်ချင်တယ် ။ပျော်ပျော်ပါးပါးနေချင်တာကိုး ၊ ကျွန်တော့်မိသားစုနဲ့တူတူလုပ်ရရင်ပျော်ဖို့ကောင်းမယ်လို့ထင်တယ်။အာ့ကြောင့်ကျွန်တော့်အမေကိုခေါ်ပြီးဒီဇာတ်မှာပေါ့နော်။ကျွန်တော့်အမေနဲ့လည်းလိုက်မယ်လို့ထင်တယ်။ပြီးတော့ကျွန်တော့်အမေမဖြစ်ဘူးတဲ့ကာရိုက်တာလည်းဖြစ်တာမို့ စမ်းကြည့်တာပေါ့။

ဒီအခြေအနေထိရောက်လာတာသူတို့ကြောင့်ပေါ့နော်။သူတို့ဘာပဲဆုံးဖြတ်ဖြတ်ကျွန်တော်လက်ခံပေးဖို့ဆုံးဖြတ်ထားတာပေါ့နော်။ အရင်ကတော့ဘဝကိုသိပ်အာရုံမစိုက်ဖြစ်ဘူး။ဒီအတိုင်းပေါ့ပေါ့ပါးပါးနေဖြစ်တယ်။နောက်ပိုင်းအဖေလည်းကျန်းမာရေးမကောင်းတဲ့အပြင်အမေလည်းပင်ပန်းနေတော့ အလုပ်ဝိုင်းကူရမယ်လို့တွေးမိလာတာပေ့ါနော်။အဖေ့ကိုဝိုင်းကူရင်းအဖေမိတ်ဆက်ပေးတဲ့ လူကြီးတွေနဲ့စကားပြောရင်းပြောရင်း လူကြီးဆန်လာတာပါ။

လူကြီးတွေနဲ့ ဘဝအကြောင်းခနခနကြားရင်း ငါကလေးဆန်လို့မရတော့ဘူး။ အလုပ်လုပ်ရတော့မယ်လို့တွေးမိလာတာပါ။ အဖေ့တင်မဟုတ်ပဲ အမေနဲ့လည်းအားတဲ့ရက်မှာ အမေနဲ့ခဏခဏစကားပြောဖြစ်ပြီး တိုင်ပင်ဖြစ်ပါတယ်” လို့ပြောပြခဲ့ပါတယ်။ Cele Gabar ပရိသတ်ကြီးရော မင်းသန့်မောင်မောင်ကိုအားပေးရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: MC
Khin CeleGabar