သိန္းတစ္သာင္းခြဲထီေပါက္ေပမယ့္ ကြမ္းယာဆက္ေရာင္းမယ့္ ဇနီးေမာင္ႏွံ

၄ ႀကိမ္ေျမာက္ က်ပ္သိန္း တစ္ေသာင္းခြဲ ေအာင္ဘာေလထီဆုႀကီးကို မႏၲေလးၿမိဳ႕ ျမရည္နႏၵာရပ္ကြက္ ဗ ၂၃ ထဲက ပြင့္သစ္ကြမ္းယာဆိုင္ ပိုင္ရွင္ဇနီးေမာင္ႏွံက ဆြတ္ခူးသြားပါတယ္။ မႏၲေလးၿမိဳ႕ ျမရည္နႏၵာရပ္ကြက္ ဗ ၂၃ မွာ ေနထုိင္တဲ့ ပြင့္သစ္ကြမ္းယာ ဆုိင္ပုိင္ရွင္ေတြျဖစ္တဲ့ ကုိ၀င္းေက်ာ္နဲ႔ မသီတာေအးတုိ႔ဟာ ေမလလဆန္းပိုင္းထဲက အၿမဲထိုးေနက် ထီကိုယ္စားလွယ္ဆီမွာ ထုိးခဲ့တာပါ။

ကိုဝင္းေက်ာ္ နဲ႔ မသီတာေအး တို႔ က်ပ္သိန္း တစ္ေသာင္းခြဲ ထီေပါက္တယ္ဆိုတာကို ထီကုိယ္စားလွယ္ ကုိလွမင္းထုိက္ကပဲ လာေရာက္ အေၾကာင္းၾကားခဲ့တာပါ။

ထီေပါက္သူေတြဟာ စစ္ကိုင္းတိုင္းေဒသႀကီး ထိန္ကန္ရြာ ဇာတိျဖစ္ၿပီးေတာ့ မႏၲေလးၿမိဳ႕မွာေရာက္တာ ၁၅ ႏွစ္ေလာက္ရွိပါၿပီ။ ကြမ္းေရာင္းလာတာ ကေတာ့ ဆယ္ႏွစ္ေလာက္ရွိေနၿပီး သူတုိ႔မွာ သားႏွစ္ေယာက္နဲ႔ မိသားစု ေလးေယာက္အတူေနၾကပါတယ္။

ထီေပါက္တဲ့အတြက္ ရရွိလာတဲ့ ဆုေၾကးနဲ႔ ရြာဦးေက်ာင္းဆရာေတာ္ကို ကားလႉတာ၊ နွစ္ဖက္မိဘ ကန္ေတာ့တာနဲ႔ သားႏွစ္ေယာက္ကို ရွင္ျပဳအလႉလုပ္တာေတြ လုပ္သြားမယ္လို႔ မသီတာေအးက ေျပာပါတယ္။

က်ပ္သိန္း တစ္ေသာင္းခြဲ ထီေပါက္တဲ့ ကိုဝင္းေက်ာ္နဲ႔ မသီတာေအး တို႔ဟာ အိုးပိုင္ အိမ္ပိုင္နဲ႔ျဖစ္ၿပီး အခုလိုထီေပါက္ေပမယ္လို႔ ကြမ္းယာဆိုင္ကို ပိတ္မွာမဟုတ္ဘဲ ဆက္လက္ေရာင္းခ်သြားမယ္လုိ႔ ဆုိပါတယ္။

လက္ရွိမွာေတာ့ ထီလက္မွတ္ေပ်ာက္မွာစိုး တဲ့အတြက္ ေသခ်ာသိမ္းထားတယ္လို႔ ဆုိပါတယ္။

Share From Lovely Myanmar

Unicodeဖြင့်ဖတ်ရန်
★★★

၄ ကြိမ်မြောက် ကျပ်သိန်း တစ်သောင်းခွဲ အောင်ဘာလေထီဆုကြီးကို မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက် ဗ ၂၃ ထဲက ပွင့်သစ်ကွမ်းယာဆိုင် ပိုင်ရှင်ဇနီးမောင်နှံက ဆွတ်ခူးသွားပါတယ်။ မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက် ဗ ၂၃ မှာ နေထိုင်တဲ့ ပွင့်သစ်ကွမ်းယာ ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ကိုဝင်းကျော်နဲ့ မသီတာအေးတို့ဟာ မေလလဆန်းပိုင်းထဲက အမြဲထိုးနေကျ ထီကိုယ်စားလှယ်ဆီမှာ ထိုးခဲ့တာပါ။

ကိုဝင်းကျော် နဲ့ မသီတာအေး တို့ ကျပ်သိန်း တစ်သောင်းခွဲ ထီပေါက်တယ်ဆိုတာကို ထီကိုယ်စားလှယ် ကိုလှမင်းထိုက်ကပဲ လာရောက် အကြောင်းကြားခဲ့တာပါ။

ထီပေါက်သူတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ထိန်ကန်ရွာ ဇာတိဖြစ်ပြီးတော့ မန္တလေးမြို့မှာရောက်တာ ၁၅ နှစ်လောက်ရှိပါပြီ။ ကွမ်းရောင်းလာတာ ကတော့ ဆယ်နှစ်လောက်ရှိနေပြီး သူတို့မှာ သားနှစ်ယောက်နဲ့ မိသားစု လေးယောက်အတူနေကြပါတယ်။

ထီပေါက်တဲ့အတွက် ရရှိလာတဲ့ ဆုကြေးနဲ့ ရွာဦးကျောင်းဆရာတော်ကို ကားလှူတာ၊ နှစ်ဖက်မိဘ ကန်တော့တာနဲ့ သားနှစ်ယောက်ကို ရှင်ပြုအလှူလုပ်တာတွေ လုပ်သွားမယ်လို့ မသီတာအေးက ပြောပါတယ်။

ကျပ်သိန်း တစ်သောင်းခွဲ ထီပေါက်တဲ့ ကိုဝင်းကျော်နဲ့ မသီတာအေး တို့ဟာ အိုးပိုင် အိမ်ပိုင်နဲ့ဖြစ်ပြီး အခုလိုထီပေါက်ပေမယ်လို့ ကွမ်းယာဆိုင်ကို ပိတ်မှာမဟုတ်ဘဲ ဆက်လက်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထီလက်မှတ်ပျောက်မှာစိုး တဲ့အတွက် သေချာသိမ်းထားတယ်လို့ ဆိုပါတယ်။

Share From Lovely Myanmar