မေတိုးခိုင်ရဲ့ ပုံတူပန်းချီကို သူကိုယ်တိုင် စိတ်ရှည်လက်ရှည် ထိုင်ဆွဲနေတဲ့ နေတိုးရဲ့ပုံရိပ်

ပရိသတ်တွေချစ်ကြတဲ့ မင်းသားနေတိုးက သရုပ်ဆောင်ကောင်းရုံသာမက သီချင်းဆိုကောင်းသူလည်း ဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့ အားလပ်ချိန်မှာလည်း သးဝါသနာပါတာတွေကို လုပ်ကိုင်နေရင်း အချိန်တွေ ကုန်ဆုံးလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ နေတိုးက လူတော်တော်များများ သိပ်မလုပ်တတ်တဲ့ Special Effect Make Up၊ အသံတုလုပ်ခြင်း၊ ပန်းချီဆွဲခြင်းစတာတွေကို ကျွမ်းကျင်စွာလုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ နေတိုးက မင်းသမီးချောလေး မေတိုးခိုင်ရဲ့ ပုံတူပန်းချီကားကို သူကိုယ်တိုင် စိတ်ရှည်လက်ရှည် ထိုင်ဆွဲပေးနေတာကို တွေ့ရပါတယ်။

နေတိုးက လက်ရှိမှာ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်တို့နဲ့အတူတူ ရုပ်ရှင်ရိုက်ကူးနေတာဖြစ်ပြီး ထိုရုပ်ရှင်ဇာတ်ကားမှာ ပန်းချီဆရာတစ်ဦးအဖြစ် သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

မေတိုးခိုင်ရဲ့ ပန်းချီကားတွေက ထိုရုပ်ရှင်ဇာတ်ကားကြီးမှာ ထည့်သွင်းအသုံးပြုမှာဖြစ်ပြီး လိုအပ်တဲ့အတွက် နေတိုးက သူကိုယ်တိုင် ပညာကုန်ထုတ်သုံးပြီး ဆွဲပေးခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးကတော့ အလှမင်းသားမဟုတ်ပဲ ကာရိုက်တာအတွက် လိုအပ်တာမှန်သမျှကို လုပ်ဆောင်နိုင်တဲ့ စွယ်စုံရမင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ နေတိုးဆွဲပေးထားတဲ့ မေတိုးခိုင်ရဲ့ ပန်းချီကားလေးက တော်တော်လက်ရာမြောက်ပြီး လှပသေသပ်လှပါတယ်။ ပရိသတ်ကြီးလဲ ကိုနေတိုးရဲ့ ပန်းချီလက်ရာကိုကြည့်ပြီး သဘောတွေကျနေပြီ ထင်ပါတယ်နော်။

Rowena
Source: Nay Toe Fan Page

Share From Lovely Myanmar