You are here
Home > အနုပညာ > သမီးဖြစ်သူ အလုပ်လုပ်နေတဲ့ အမိုက်စား ကုမ္ပဏီကြီးကို အလည်အပတ်သွားရောက်ခဲ့တဲ့ အောင်ရင်

သမီးဖြစ်သူ အလုပ်လုပ်နေတဲ့ အမိုက်စား ကုမ္ပဏီကြီးကို အလည်အပတ်သွားရောက်ခဲ့တဲ့ အောင်ရင်

အဆိုတော် အောင်ရင်တို့ မိသားစုလေးကတော့ ခုဆိုရင် တော်တော်လေးကို ပြီးပြည့်စုံတဲ့ မိသားစုလေးတစ်ခုဖြစ်သွားပါပြီ။ သရုပ်ဆောင် မိုးအောင်ရင်တစ်ယောက် မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ်ကျခံနေရတာကနေပြီး သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မိဘရင်ခွင်အရပ်ဆီ ပြန်လည်ရောက်ရှိလာနိုင်ခဲ့တာပါ။

သားအတွက် ပူဆွေးသောကတွေရောက်ခဲ့ရတဲ့ အောင်ရင်တို့မိသားစုဟာ ယခုအချိန်မှာတော့ ပြုံးပျော်ရွှင်နိုင်နေကြပြီဖြစ်ပါတယ်။ သားဖြစ်သူ မိုးအောင်ရင်တစ်ယောက် သာသနာ့ဘောင်ထဲသို့ခေတ္တရောက်ရှိနေချိန်မှာ အောင်ရင်တို့ဇနီးမောင်နှံက သမီးလေးဖြစ်သူဆီ အလည်အပတ်သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အောင်ရင်ရဲ့ သမီးလေး သင်ဇာအောင်ရင်ကတော့ သူမရဲ့ မိဘ (၂) ပါးကို သူမရဲ့ ကုမ္ပဏီနဲ့ နေထိုင်ရာ Apartment သို့ အလည်အပတ်ခေါ်သွားခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီကြီးတစ်ခုရဲ့ စနစ်ကျလှတဲ့ အစီအစဉ်ချမှုတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေအတွက် စိတ်အပန်းပြေ လွတ်လပ်ဖို့ ထည့်သွင်းပေးထားတဲ့ အရာတွေကို ဖခင်ဖြစ်သူ အောင်ရင်တစ်ယောက် တအံ့တသြဖြစ်နေခဲ့တာပါ။

ကဲ ဒီလောက်ဆိုရင် သင်ဇာအောင်ရင်ရဲ့ ကုမ္ပဏီနဲ့ Apartment ဆီ ခဏအလည်သွားလိုက်ရအောင်နော်။

မနေ့ကသမီးနေတဲ့ apartment နဲ့သူ့ရဲ့အလုပ်လုပ်နေတဲ့ company ကိုလိုက်ပြလို့အဖေနဲ့အမေ လေ့လာရေးသွားကြည့်ကြတယ်

သမီးနေတဲ့ apartment က Jacuzzi နဲ့ Tennis Court နဲ့ Gym Room နဲ့မဆိုးပါဘူး

Heated pool နဲ့ဓါတ်ပုံရိုက်ရင်း ကလောကကိုသတိုးတို့မအိချောတို့အိမ်ကရေကူးကန်ကိုသတိရတယ်

ရာသီဥတုအေးနေပေမဲ့ Heated pool လေးသန့်တော့ကူးချင်သားဗျ

သမီးရုံးရှေ့ဆိုင်းဘုတ်နဲ့

သမီးတို့ရုံးအတွင်းကဆိုင်းဘုတ်နဲ့

သမီးတို့အလုပ်ရုံးခန်းစားပွဲများ

သမီးအလုပ်စားပွဲမှာ

သမီးတို့အလုပ်နားချိန်နားနေခန်းမှာ

သူ့ရုံးခန်း fridge ထဲက အရက် mixer ကိုပြနေတာ

ရုံးကကော်ဖီဖျော်တဲ့နေရာ

မနက်ဖက် breakfast စားစရာကအစုံပဲ

ရုံးကလူတွေအားလုံးသုံးရတဲ့ Fridge တွေ

အံ့ရောဗျာ ရေခဲသေတ္တာထဲကစိမ်ပြီးသား ရှန်ပိန် ၂ လုံးအဆင်သင့်ရှိတယ် ဘီယာ Tab လည်းတွေ့တယ် Tech company office တဲ့အံ့ရောဗျ ”လို့ အောင်ရင်က သူ့ရဲ့လူမှုကွန်ယက်ဖေ့ဘုတ်အကောင့်ကနေ ရေးသားဖော်ပြလာတာပါ။

ဒီလောက်ဆိုရင်တော့ ဒီကုမ္ပဏီကြီးကိုကြည့်ပြီးအားကျနေတဲ့သူတွေ အရမ်းကိုများနေလောက်ပြီထင်တယ်နော်။ တစ်နေ့တစ်ချိန်တော့ ဒီလိုလေးဖြစ်လာမှာပါလို့ မျှော်လင့်ချက်နဲ့ ဆုတောင်းကြတာပေါ့နော်။We Love Cele

Photos-Aung Yin
Share From swelsonenews

Top
//dukingdraon.com/4/3018672