အဖေ နဲ့ အမေ အတွက် အိမ်ဆောက်ပေးနေတာ သိန်း (၂၀၀) ကျော် ကုန်သွားပါပြီ။ ဆုထားတဲ့ ပိုက်ဆံလေးတွေ အကုန် ရွာက အိမ်အတွက် ပေးဖြစ်တယ်။ ရန်ကုန်မှာလည်း အိမ်ဝယ်ချင်တယ်” လို့ပြောလာတဲ့ သရုပ်ဆောင် ဖြူဖြူထွေး နှင့် ခဏတာ။
Credit: myanmar celebrity
Zawgyi
Rowena
Credit – yomalan
Unicode
ပရိသတ်တွေ စိတ်ဝက်တစားနဲ့ စောင့်ကြည့်နေတဲ့ Myanmar Influnencer Award 2019 ပွဲကြီးကတော့ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ခမ်းခမ်းနားနား ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ Myanmar Influencer Award ဆုမှာ နယ်ပယ်အသီးသီးက Infulencer တွေ အများအပြား ပါရှိပြီး ဆုအမျိုးအစားပေါင်း (၁၅) ဆု ချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုထဲကမှ ဆုတွေကို ပရိသတ်တွေရဲ့ Online Voting စနစ်နဲ့ မဲခွဲပြီး ပြန်လည်ချီးမြှင့်တာပဲ ဖြစ်ပါတယ်။
လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြပြီး ချစ်စရာအပြုံလေးတွေနဲ့ ပွင့်ပွင့်လင်းလင်း နေထိုင်သူလေး ဖြူဖြူထွေးကလည်း Myanmar Influencer Awards ပွဲကြီးမှာ ဆုတစ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။
ဖြူဖြူထွေးက Celebrity Influencer Awards ကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ Celebrity Influencer Awards မှာ ဆန်ကာတင် (၅) ဦးအဖြစ် Bo Paing Gyi (လွှမ်းပိုင်)၊ နေခြည်ဦး၊ နော်ဖောအယ်ထား၊ Our Travel Diaries (Ah Boy) နဲ့ ဖြူဖြူထွေးတို့ ပါဝင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ဖြူဖြူထွေးက Celebrity Influencer Awards Winner ဖြစ်သွားခဲ့ပါတယ်။
ဖြူဖြူထွေးကတော့ ထိုပွဲလေးကို တက်ရောက်ဖို့ ဖိတ်ကြားခံရပေမယ့် အကြောင်းအမျိုးမျိုးနဲ့ မအားလပ်တာကြောင့် မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူမတော်တော်လေး ဝမ်းသာပျော်ရွှင်နေတာကိုတော့ တွေ့ရပါတယ်။
ဖြူဖြူထွေးကတော့ တကယ့်နာမည်ကြီး အနုပညာရှင်တွေကို ကျော်တက်ပြီး Celebrity Influencer Awards ကို ရရှိသွားတာ ဝမ်းသာစရာပဲနော်။ မိုမိုလေးပရိသတ်ကြီးလဲ ဖြူဖြူထွေးအတွက် ဝမ်းသာစကားလေး ပြောခဲ့ကြပါဦးနော်။
Rowena
Credit – yomalan
Share From Lovely Myanmar