You are here
Home > KNOWLEDGE > ကြယ္လြန္သူဟာ ေသျပီး ၇ ရက္ အိမ္မွာရွိေနေသးတယ္ဆိုတာ

ကြယ္လြန္သူဟာ ေသျပီး ၇ ရက္ အိမ္မွာရွိေနေသးတယ္ဆိုတာ

အႏၲရာဘ၀၀ါဒ ။ ။ လူတစ္ေယာက္ေသဆံုးေသာအခါ (၇) ရက္မလည္မီမိမိပိုင္ဆိုင္ရာေနအိမ္ (ဘံု) ထဲတြင္ တေစၧသူရဲဘ၀ႏွင့္ ရွိေနျပီး(၇)ရက္ ျပည့္ေျမာက္ေသာအခါမွသာ မိမိလားေျမာက္ရမည့္ ဘံုဘ၀အေထြေထြသို႔ကူးေျပာင္းေရာက္ရွိသည္ဟူေသာ “အယူ၀ါဒ” တစ္ခုရွိပါ၏။

ယင္းအယူအဆ၌ သက္၀င္ယံုၾကည္သူဦးေရမွာလည္း အထုအထည္ ပမာဏၾကီးမားလွပါ၏။ေကာင္းျပီ လူေသေသာအခါ လားရာဂတိတစ္ခုသို႔ တိုက္ရိုက္ကူးေျပာင္းျခင္းမရွိဘဲတေစၧသူရဲဘ၀ကို “ၾကားခံ” ထားရသည္ဆိုျခင္းမွာ မွန္ကန္ပါသေလာ။ယင္းအယူ၀ါဒသည္ ေထရ၀ါဒ ဗုဒၶဓမၼႏွင့္ ကိုက္ညီပါ၏ေလာ။

လူေသျပီးေနာက္ တေစၧသူရဲဘ၀ႏွင့္ (၇)ရက္ေနျပီးမွ တေစၧသူရဲဘ၀ကို ၾကားခံထားျပီးမွဘံုဘ၀တစ္ခုခုသို႔ ကူးေျပာင္းေရာက္ရွိသည္ဟူေသာ အယူမွာ “အႏၲရာဘ၀၀ါဒ” ျဖစ္ပါသည္။ယင္း အႏၲရာဘ၀၀ါဒ သည္ ေထရ၀ါဒဗုဒၶဓမၼ ႏွင့္ ဆန္႔က်င္ျခားနားေသာ အယူ၀ါဒ ျဖစ္ပါ၏။

ဗုဒၶေဒသနာေတာ္အရမူ လူကြယ္လြန္ေသာအခါ စုတိစိတ္ခ်ဳပ္ျပီးေနာက္ေနာက္တစ္ဘ၀မွာ ပဋိသေႏၶစိတ္ (ခ်က္ခ်င္း) ျဖစ္သည္ဟု ဆိုပါသည္။ၾကားခံဘ၀တစ္စံုတစ္ရာ မရွိပါေခ်။

တစ္ခါက ျပင္သစ္ပညာရွင္မ်ားက ေက်းဇူးေတာ္ရွင္ လယ္တီဆရာေတာ္ဘုရားၾကီးအား”၀ိညာဥ္သည္ အတြယ္ရွိမွ ျဖစ္ပါသလား(သို႔) မတြယ္မီ အလြတ္အေလ်ာက္ ျဖစ္ေနပါသလား။အစိမ္းတေစၧျဖစ္သည္ ဆိုေသာစကား မွန္ပါသလား”
ဟူ၍ ေမးျမန္းေလွ်ာက္ထားပါသည္။

ဆရာေတာ္ဘုရားၾကီးက-“အတြယ္ရွိမွ ျဖဳတ္သည္။ အတြယ္မရွိမီ အၾကားမွာ တစ္စံုတစ္ခုေသာ အျဖစ္၌ အလြတ္အေလ်ာ္ျဖစ္၍ေနရသည္ မဟုတ္ေပ။အတြယ္မရွိမီ အၾကားမွာ တစ္စံုတစ္ခုေသာ အျဖစ္၌ အလြတ္အေလ်ာက္ျဖစ္၍ေနရေသးသည္ဟူေသာ အယူသည္ အႏၲရာဘ၀ဒိဌိ အယူမည္၏။ထိုအယူကို ဗုဒၶဘာသာက်မ္းဂန္တိ္ု႕၌ ပယ္ဖ်က္လ်က္ရွိၾက၏။

သတၱ၀ါတို႕၌ ျပဳခဲ့ေသာကံအမ်ိဳးမ်ိဳးရွိၾက၏။ကြယ္လြန္ေသာအခါ သူျပဳခဲ့ေသာကံႏွင့္ ေလ်ာ္ညီထိုက္တန္သည့္ ဘံုဘ၀သို႔ ေရာက္ရေပသည္။ ကြယ္လြန္သူ၌ အားအရွိဆံုးျဖစ္ေသာ ‘ကံ’ တစ္ခုသည္မိမ္၏သက္ဆိုင္ရာဘံု၌ မိမိႏွင့္ သက္ဆိုင္ရာဘ၀ကိုသာ ျဖစ္ေစပါ၏။အျခားေသာဘ၀တစ္ခုကို ၾကားခံမျပဳပါ။”

လူတစ္ေယာက္၏ ေနာက္ဆံုးစုတိစိတ္ျဖစ္ျပီးသည္ႏွင့္ဘ၀သစ္ ပဋိသေႏၶစိတ္သည္ ခ်က္ခ်င္းျဖစ္ေပၚေၾကာင္းကိုေက်းဇူးရွင္ အရွင္ဇနကာဘိ၀ံသ ဆရာေတာ္ၾကီးကလည္း ဤသို႔မိန္႔ေတာ္မူခဲ့ပါ၏။လူတစ္ေယာက္၏ ေနာက္ဆံုးစုေတစိတ္ႏွင့္ ဘ၀သစ္ပဋိသေႏၶစိတ္သည္ လက္ေဖ်ာက္တစ္ခ်က္တီးခ်ိန္ကိုကုေဋတစ္သိန္းေလာက္စိတ္လွ်င္ တစ္စိတ္ေလာက္သာ အခ်ိန္ၾကာ၏။

ဘ၀ေဟာင္းကစုေတသည္ႏွင့္ တစ္ျပိဳင္နက္ ဘ၀သစ္မွာ ျဖစ္ရေတာ့၏ ဟုဆိုလိုသည္။အိမ္အနီးအပါး၌ တေစၧျပိတၱာျဖစ္ေနသူမ်ားသည္ ထိုတေစၧၧဘ၀မွာပင္ အသစ္ျဖစ္ရ၏။နတ္ျပည္ႏွင့္ ငရဲျပည္သို႕ ေရာက္မည့္သူလည္းထိုအေတာအတြင္းမွာပင္ ထိုဘ၀သစ္၌ ျဖစ္ျပီးေလ၏။

ထို႕ေၾကာင့္ အေလာင္းေကာင္ကို သခၤ်ဳိင္းမွာျဖစ္ေစ၊ အိမ္မွာျဖစ္ေစသရဏဂံုတင္ေၾကာင္းကို ေသလြန္သူတို႔သိဖို႔အေရးမွာ အလွမ္းေ၀းလွေခ်၏။သိမည္ဆိုလွ်င္ အိမ္အနီး၌ သုသာန္အနီး၌ တေစၧ၊ ျပိတၱာျဖစ္ေနသူေလာက္သာ သိခြင့္ရွိသည္။အကယ္တႏၲဳ ေသဆံုးသူသည္ ကံအေၾကာင္းမလွေသာေၾကာင့္တေစၧသရဲဟု ေခၚေသာ ပရဒတၱဴပဇီ၀ိတ ျပိတၱာျဖစ္လွ်င္
ထိုျပိတၱာဘံု၌ (၇)ရက္မွ် ေခတၱေနျခင္းမဟုတ္။မိမိပိုင္ဘံုမွာ ကာလအပိုင္းအျခားမရွိ ေနျခင္းမ်ိဳးသာ ျဖစ္ပါ၏။

တေစၧသူရဲျဖစ္တိုင္းလည္း သူ႕မိသားစုႏွင့္ အိမ္ရာ အေဆာင္အဦး အနီးအပါးမွာ မေနထိုင္ပါ။မိမိ၏ မိသားစုႏွင့္ အိမ္ရာ ဥစၥာအေပၚ စြဲလမ္းတပ္မက္ေသာ တေစၧသူရဲေတြသာအိမ္အနီး၀န္းက်င္တြင္ က်င္လည္ေနျခင္းျဖစ္ပါသည္။ေသဆံုးျပီး (၇)ရက္ၾကာမွ ရက္လည္ဆြမ္းသြတ္ျခင္းသည္အႏၲရာဘ၀၀ါဒီတို႕၏ အယူ၀ါဒ တစ္စိတ္တစ္ေဒသ ၀င္ေရာက္ေရာေႏွာျခင္း ျဖစ္ပါသည္။

ကြယ္လြန္သူအတြက္ ရည္မွန္းျပီး သပိတ္သြတ္ဆြမ္းေကၽြး အလွဴဒါနျပဳ အမွ်ေ၀ျခင္းသည္(၇)ရက္ ရည္လည္မွမဟုတ္ဘဲ ေသဆံုးျပီး တစ္ရက္၊ ႏွစ္ရက္အတြင္းမွာပင္ ျပဳလုပ္ႏိုင္ပါသည္။ ကြယ္လြန္သူကလည္း ပရဒတၳဳပဇီ၀ျပိတၱာျဖစ္ေန၊
အမွ်ေ၀ျခင္းကိုလည္း သာဓုေခၚႏိုင္ခဲ့လွ်င္တစ္ရက္ႏွစ္ရက္ အတြင္းမွာ ျပိတၱာဘ၀မွ လြတ္ေျမာက္လွ်င္လည္း လြတ္ေျမာက္ႏိုင္ေပလိမ့္မည္။

သို႕မဟုတ္ ျပိတၱာဘ၀ အဆင့္အတန္းျမင့္မားႏိုင္ေပလိမ့္မည္။ဤ “အႏၲရာရာဘ၀အယူ၀ါဒ” အေပၚတြင္ ခ်မ္းေျမ႕ ရိပ္သာ ဆရာေတာ္ၾကီးကလလည္းေအာက္ပါအတိုင္း ေ၀ဖန္ဆံုးျဖတ္ေတာ္မူခဲ့ဖူးပါသည္။

“လူေသလို႕ ရုပ္ခႏၶာၾကီး ပ်က္စီးသြားတဲ့အခါ၊ အသက္၀ိညာဥ္ကေလးဟာရုပ္ခႏၶာၾကီးထဲက မပ်က္စီးဘဲ ထြက္ခြါသြားျပီးေတာ့ သခၤ်ဳိင္းမွာျဖစ္ေစ၊ေသသူရဲ႕ အိမ္နားပတ္၀န္းက်င္မွာ ျဖစ္ေစ လွည့္လည္သြားေနတယ္လို႔ အခ်ိဳ႕ယူဆၾကတာေပါ့။
ေသသူရဲ႔၀ိညာဥ္ဟာ သူရွိေနေၾကာင္းကို သိရေအာင္ ကိုယ္ထင္ရင္လဲ ျပတယ္။

အိမ္တံခါးကိုလဲ လာေခါက္တယ္။ အိမ္ေအာက္မွာ ျဖစ္ေစ၊ အိမ္ထဲမွာျဖစ္ေစ၊ ေျခသံ တရွပ္ရွပ္နဲ႔ သြားလာလႈပ္ရွားေနတယ္ စသည္ျဖင့္ ယူဆစြဲလန္းၾကတယ္။ဒါကိုပဲ သူရဲ တေစၧလို႔ ေခၚေ၀ၚသမုတ္ၾကျပန္တယ္။ သူ႔ကို ရည္မွန္းျပီး ရက္လည္ဆြမ္းသြတ္ျခင္း စတဲ့ ဒါနကုသိုလ္ကို ျပဳလုပ္ရင္ အဲဒီ၀ိညာဥ္ အတၱေလးက သာဓုေခၚျပီး တြယ္ရာမဲ့ တ၀ဲလည္လည္ေနတဲ့
သူရဲ၊ တေစၧဘ၀မွ ကၽြတ္လြတ္သြားတယ္။

အဲဒီလို ကၽြတ္လြတ္သြားျပီးမွပဲ သူေရာက္ထိုက္တဲ့ ေနာက္ဘ၀တစ္ခုကို ေရာက္သြားရတယ္လို႔ အမ်ားအားျဖင့္ ယူဆစြဲလမ္းၾကတယ္။ဒီ အယူအဆမ်ိဳးကေတာ့ ေရာက္ထိုက္တဲ့ဘ၀မ်ိဳးကို မေရာက္ရေသးမီ’ၾကားခံအႏၲရာဘ၀’ တစ္ခုရွိေသးတယ္လို႔ယူဆတဲ့ အယူမွားပါပဲ။

ဗုဒၶရွင္ေတာ္ျမတ္ဘုရား အဘိဓမၼာေဒသနာေတာ္ အရကေတာ့ စုတိစိတ္ခ်ဳပ္ျငိမ္းတဲ့ေနာက္ေနာက္တစ္ဘ၀မွာ ပဋိသေႏၶစိတ္ျဖစ္တာဟာ တစ္စကၠန္႔ေတာင္မၾကာပါဘူး။’အႏၲရာဘ၀၀ါဒ’ ကို မစြန္႕မူ၍ အျမဲယူက “နီယတမိစၧာဒိဌိ” ျဖစ္ေၾကာင္း
ေက်းဇူးရွင္ စတုဂီရိေတာင္ေလးလံုးဆရာေတာ္ၾကီးကလည္း ဤသို႔ သတိေပးေတာ္မူခဲ့ပါသည္။”လူေသေသာ္ ရက္လည္မွ အိမ္ကသြားသည္ဟူ၍လည္း အယူမွားၾကသည္။

ေသေလျပီးလ်က္ အစားလာ၍ စားဦးမည္ဟု ခြက္ႏွင့္ ထမင္းကိုအေလာင္းအပါးတြင္ တည္ထားၾကသည္။ ေသေသာ္စုတိစိတ္အဆံုး၌ပဋိသေႏၶစိတ္ျဖစ္၍ ဘ၀ျခားေလျပီျဖစ္လ်က္ အိမ္မွာ ခုနစ္ရက္ေနျခင္းစသည္ကိုအဘယ္သို႕ ျပဳႏိုင္မွာအံ့နည္း။ပစၥဳပၸန္ဘ၀အဆံုး ေသျခင္းစုတိစိတ္ျဖစ္၍ ခ်ဳပ္သည္၏ အျခားမဲ့၌ပဋိသေႏၶစိတ္ျဖစ္ျမဲ ျဖစ္သည္။ ေသျခင္းတိစိတ္ ႏွင့္ ပဋိသေႏၶ စိတ္အၾကားမရွိ။

ထို႕ေၾကာင့္ ေသျပီးေသာ အသက္၀ိညာဥ္သည္ အိမ္မွာ (၇)ရက္ေနျပီးမွဘ၀တစ္ပါးသို႔ သြားသည္ဟူေသာ မွားေသာ အယူကို စြန္႕ကုန္ရွာ၏။မစြန္႕မူ၍ အျမဲယူပါက နိယတမိစၧာဒိဌိ ျဖစ္ရာသည္။

အခ်ဳပ္ဆိုရေသာ္-လူေသေသာအခါ (၇)ရက္မလည္မီ တေစၧသူရဲ ၀ိညာဥ္ဘ၀ႏွင့္အိမ္တြင္ ေ၀့၀ဲက်င္လည္ေနသည္ဟူေသာ အႏၲရာဘ၀၀ါဒသည္ေထရ၀ါဒဗုဒၶဓမၼႏွင့္ ဆန္႕က်င္ဖီလာျဖစ္ေသာ အယူ၀ါဒျဖစ္ေသာေၾကာင့္ဗုဒၶဘာသာ၀င္တိုင္း လြတ္လြတ္စြန္႕လႊတ္ေရွာင္ခြာအပ္ပါ၏။

Unicode

အန္တရာဘဝ၀ါဒ

လူတစ်ယောက်သေဆုံးသောအခါ (၇) ရက်မလည်မီမိမိပိုင်ဆိုင်ရာနေအိမ် (ဘုံ) ထဲတွင် တစ္ဆေသူရဲဘဝနှင့် ရှိနေပြီး(၇)ရက် ပြည့်မြောက်သောအခါမှသာ မိမိလားမြောက်ရမည့် ဘုံဘဝအထွေထွေသို့ကူးပြောင်းရောက်ရှိသည်ဟူသော “အယူဝါဒ” တစ်ခုရှိပါ၏။

ယင်းအယူအဆ၌ သက်ဝင်ယုံကြည်သူဦးရေမှာလည်း အထုအထည် ပမာဏကြီးမားလှပါ၏။ကောင်းပြီ လူသေသောအခါ လားရာဂတိတစ်ခုသို့ တိုက်ရိုက်ကူးပြောင်းခြင်းမရှိဘဲတစ္ဆေသူရဲဘဝကို “ကြားခံ” ထားရသည်ဆိုခြင်းမှာ မှန်ကန်ပါသလော။ယင်းအယူဝါဒသည် ထေရဝါဒ ဗုဒ္ဓဓမ္မနှင့် ကိုက်ညီပါ၏လော။

လူသေပြီးနောက် တစ္ဆေသူရဲဘဝနှင့် (၇)ရက်နေပြီးမှ တစ္ဆေသူရဲဘဝကို ကြားခံထားပြီးမှဘုံဘဝတစ်ခုခုသို့ ကူးပြောင်းရောက်ရှိသည်ဟူသော အယူမှာ “အန္တရာဘဝ၀ါဒ” ဖြစ်ပါသည်။ယင်း အန္တရာဘဝ၀ါဒ သည် ထေရဝါဒဗုဒ္ဓဓမ္မ နှင့် ဆန့်ကျင်ခြားနားသော အယူဝါဒ ဖြစ်ပါ၏။

ဗုဒ္ဓဒေသနာတော်အရမူ လူကွယ်လွန်သောအခါ စုတိစိတ်ချုပ်ပြီးနောက်နောက်တစ်ဘဝမှာ ပဋိသန္ဓေစိတ် (ချက်ချင်း) ဖြစ်သည်ဟု ဆိုပါသည်။ကြားခံဘဝတစ်စုံတစ်ရာ မရှိပါချေ။

တစ်ခါက ပြင်သစ်ပညာရှင်များက ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးအား”ဝိညာဉ်သည် အတွယ်ရှိမှ ဖြစ်ပါသလား(သို့) မတွယ်မီ အလွတ်အလျောက် ဖြစ်နေပါသလား။အစိမ်းတစ္ဆေဖြစ်သည် ဆိုသောစကား မှန်ပါသလား”
ဟူ၍ မေးမြန်းလျှောက်ထားပါသည်။

ဆရာတော်ဘုရားကြီးက-“အတွယ်ရှိမှ ဖြုတ်သည်။ အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလွတ်အလျော်ဖြစ်၍နေရသည် မဟုတ်ပေ။အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလွတ်အလျောက်ဖြစ်၍နေရသေးသည်ဟူသော အယူသည် အန္တရာဘဝဒိဌိ အယူမည်၏။ထိုအယူကို ဗုဒ္ဓဘာသာကျမ်းဂန်တိ်ု့၌ ပယ်ဖျက်လျက်ရှိကြ၏။

သတ္တဝါတို့၌ ပြုခဲ့သောကံအမျိုးမျိုးရှိကြ၏။ကွယ်လွန်သောအခါ သူပြုခဲ့သောကံနှင့် လျော်ညီထိုက်တန်သည့် ဘုံဘဝသို့ ရောက်ရပေသည်။ ကွယ်လွန်သူ၌ အားအရှိဆုံးဖြစ်သော ‘ကံ’ တစ်ခုသည်မိမ်၏သက်ဆိုင်ရာဘုံ၌ မိမိနှင့် သက်ဆိုင်ရာဘဝကိုသာ ဖြစ်စေပါ၏။အခြားသောဘဝတစ်ခုကို ကြားခံမပြုပါ။”

လူတစ်ယောက်၏ နောက်ဆုံးစုတိစိတ်ဖြစ်ပြီးသည်နှင့်ဘဝသစ် ပဋိသန္ဓေစိတ်သည် ချက်ချင်းဖြစ်ပေါ်ကြောင်းကိုကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးကလည်း ဤသို့မိန့်တော်မူခဲ့ပါ၏။လူတစ်ယောက်၏ နောက်ဆုံးစုတေစိတ်နှင့် ဘဝသစ်ပဋိသန္ဓေစိတ်သည် လက်ဖျောက်တစ်ချက်တီးချိန်ကိုကုဋေတစ်သိန်းလောက်စိတ်လျှင် တစ်စိတ်လောက်သာ အချိန်ကြာ၏။

ဘဝဟောင်းကစုတေသည်နှင့် တစ်ပြိုင်နက် ဘဝသစ်မှာ ဖြစ်ရတော့၏ ဟုဆိုလိုသည်။အိမ်အနီးအပါး၌ တစ္ဆေပြိတ္တာဖြစ်နေသူများသည် ထိုတစ္ဆေ္ဆဘဝမှာပင် အသစ်ဖြစ်ရ၏။နတ်ပြည်နှင့် ငရဲပြည်သို့ ရောက်မည့်သူလည်းထိုအတောအတွင်းမှာပင် ထိုဘဝသစ်၌ ဖြစ်ပြီးလေ၏။

ထို့ကြောင့် အလောင်းကောင်ကို သင်္ချိုင်းမှာဖြစ်စေ၊ အိမ်မှာဖြစ်စေသရဏဂုံတင်ကြောင်းကို သေလွန်သူတို့သိဖို့အရေးမှာ အလှမ်းဝေးလှချေ၏။သိမည်ဆိုလျှင် အိမ်အနီး၌ သုသာန်အနီး၌ တစ္ဆေ၊ ပြိတ္တာဖြစ်နေသူလောက်သာ သိခွင့်ရှိသည်။အကယ်တန္တု သေဆုံးသူသည် ကံအကြောင်းမလှသောကြောင့်တစ္ဆေသရဲဟု ခေါ်သော ပရဒတ္တူပဇီဝိတ ပြိတ္တာဖြစ်လျှင်
ထိုပြိတ္တာဘုံ၌ (၇)ရက်မျှ ခေတ္တနေခြင်းမဟုတ်။မိမိပိုင်ဘုံမှာ ကာလအပိုင်းအခြားမရှိ နေခြင်းမျိုးသာ ဖြစ်ပါ၏။

တစ္ဆေသူရဲဖြစ်တိုင်းလည်း သူ့မိသားစုနှင့် အိမ်ရာ အဆောင်အဦး အနီးအပါးမှာ မနေထိုင်ပါ။မိမိ၏ မိသားစုနှင့် အိမ်ရာ ဥစ္စာအပေါ် စွဲလမ်းတပ်မက်သော တစ္ဆေသူရဲတွေသာအိမ်အနီးဝန်းကျင်တွင် ကျင်လည်နေခြင်းဖြစ်ပါသည်။သေဆုံးပြီး (၇)ရက်ကြာမှ ရက်လည်ဆွမ်းသွတ်ခြင်းသည်အန္တရာဘဝ၀ါဒီတို့၏ အယူဝါဒ တစ်စိတ်တစ်ဒေသ ဝင်ရောက်ရောနှောခြင်း ဖြစ်ပါသည်။

ကွယ်လွန်သူအတွက် ရည်မှန်းပြီး သပိတ်သွတ်ဆွမ်းကျွေး အလှူဒါနပြု အမျှဝေခြင်းသည်(၇)ရက် ရည်လည်မှမဟုတ်ဘဲ သေဆုံးပြီး တစ်ရက်၊ နှစ်ရက်အတွင်းမှာပင် ပြုလုပ်နိုင်ပါသည်။ ကွယ်လွန်သူကလည်း ပရဒတ္ထုပဇီဝပြိတ္တာဖြစ်နေ၊
အမျှဝေခြင်းကိုလည်း သာဓုခေါ်နိုင်ခဲ့လျှင်တစ်ရက်နှစ်ရက် အတွင်းမှာ ပြိတ္တာဘဝမှ လွတ်မြောက်လျှင်လည်း လွတ်မြောက်နိုင်ပေလိမ့်မည်။

သို့မဟုတ် ပြိတ္တာဘဝ အဆင့်အတန်းမြင့်မားနိုင်ပေလိမ့်မည်။ဤ “အန္တရာရာဘဝအယူဝါဒ” အပေါ်တွင် ချမ်းမြေ့ ရိပ်သာ ဆရာတော်ကြီးကလလည်းအောက်ပါအတိုင်း ဝေဖန်ဆုံးဖြတ်တော်မူခဲ့ဖူးပါသည်။

“လူသေလို့ ရုပ်ခန္ဓာကြီး ပျက်စီးသွားတဲ့အခါ၊ အသက်ဝိညာဉ်ကလေးဟာရုပ်ခန္ဓာကြီးထဲက မပျက်စီးဘဲ ထွက်ခွါသွားပြီးတော့ သင်္ချိုင်းမှာဖြစ်စေ၊သေသူရဲ့ အိမ်နားပတ်ဝန်းကျင်မှာ ဖြစ်စေ လှည့်လည်သွားနေတယ်လို့ အချို့ယူဆကြတာပေါ့။
သေသူရဲ့ဝိညာဉ်ဟာ သူရှိနေကြောင်းကို သိရအောင် ကိုယ်ထင်ရင်လဲ ပြတယ်။

အိမ်တံခါးကိုလဲ လာခေါက်တယ်။ အိမ်အောက်မှာ ဖြစ်စေ၊ အိမ်ထဲမှာဖြစ်စေ၊ ခြေသံ တရှပ်ရှပ်နဲ့ သွားလာလှုပ်ရှားနေတယ် စသည်ဖြင့် ယူဆစွဲလန်းကြတယ်။ဒါကိုပဲ သူရဲ တစ္ဆေလို့ ခေါ်ဝေါ်သမုတ်ကြပြန်တယ်။ သူ့ကို ရည်မှန်းပြီး ရက်လည်ဆွမ်းသွတ်ခြင်း စတဲ့ ဒါနကုသိုလ်ကို ပြုလုပ်ရင် အဲဒီဝိညာဉ် အတ္တလေးက သာဓုခေါ်ပြီး တွယ်ရာမဲ့ တဝဲလည်လည်နေတဲ့
သူရဲ၊ တစ္ဆေဘဝမှ ကျွတ်လွတ်သွားတယ်။

အဲဒီလို ကျွတ်လွတ်သွားပြီးမှပဲ သူရောက်ထိုက်တဲ့ နောက်ဘဝတစ်ခုကို ရောက်သွားရတယ်လို့ အများအားဖြင့် ယူဆစွဲလမ်းကြတယ်။ဒီ အယူအဆမျိုးကတော့ ရောက်ထိုက်တဲ့ဘဝမျိုးကို မရောက်ရသေးမီ’ကြားခံအန္တရာဘဝ’ တစ်ခုရှိသေးတယ်လို့ယူဆတဲ့ အယူမှားပါပဲ။

ဗုဒ္ဓရှင်တော်မြတ်ဘုရား အဘိဓမ္မာဒေသနာတော် အရကတော့ စုတိစိတ်ချုပ်ငြိမ်းတဲ့နောက်နောက်တစ်ဘဝမှာ ပဋိသန္ဓေစိတ်ဖြစ်တာဟာ တစ်စက္ကန့်တောင်မကြာပါဘူး။’အန္တရာဘဝ၀ါဒ’ ကို မစွန့်မူ၍ အမြဲယူက “နီယတမိစ္ဆာဒိဌိ” ဖြစ်ကြောင်း
ကျေးဇူးရှင် စတုဂီရိတောင်လေးလုံးဆရာတော်ကြီးကလည်း ဤသို့ သတိပေးတော်မူခဲ့ပါသည်။”လူသေသော် ရက်လည်မှ အိမ်ကသွားသည်ဟူ၍လည်း အယူမှားကြသည်။

သေလေပြီးလျက် အစားလာ၍ စားဦးမည်ဟု ခွက်နှင့် ထမင်းကိုအလောင်းအပါးတွင် တည်ထားကြသည်။ သေသော်စုတိစိတ်အဆုံး၌ပဋိသန္ဓေစိတ်ဖြစ်၍ ဘဝခြားလေပြီဖြစ်လျက် အိမ်မှာ ခုနစ်ရက်နေခြင်းစသည်ကိုအဘယ်သို့ ပြုနိုင်မှာအံ့နည်း။ပစ္စုပ္ပန်ဘဝအဆုံး သေခြင်းစုတိစိတ်ဖြစ်၍ ချုပ်သည်၏ အခြားမဲ့၌ပဋိသန္ဓေစိတ်ဖြစ်မြဲ ဖြစ်သည်။ သေခြင်းတိစိတ် နှင့် ပဋိသန္ဓေ စိတ်အကြားမရှိ။

ထို့ကြောင့် သေပြီးသော အသက်ဝိညာဉ်သည် အိမ်မှာ (၇)ရက်နေပြီးမှဘဝတစ်ပါးသို့ သွားသည်ဟူသော မှားသော အယူကို စွန့်ကုန်ရှာ၏။မစွန့်မူ၍ အမြဲယူပါက နိယတမိစ္ဆာဒိဌိ ဖြစ်ရာသည်။

အချုပ်ဆိုရသော်-လူသေသောအခါ (၇)ရက်မလည်မီ တစ္ဆေသူရဲ ဝိညာဉ်ဘဝနှင့်အိမ်တွင် ဝေ့ဝဲကျင်လည်နေသည်ဟူသော အန္တရာဘဝ၀ါဒသည်ထေရဝါဒဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်ဖီလာဖြစ်သော အယူဝါဒဖြစ်သောကြောင့်ဗုဒ္ဓဘာသာဝင်တိုင်း လွတ်လွတ်စွန့်လွှတ်ရှောင်ခွာအပ်ပါ၏။

Top
//grunoaph.net/4/3018672