သမီးလေးအကြောင်းတွေးမိရင်တစ်ခါတလေ စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ လင်းဇာနည်ဇော်

တစ်ချိန်က မြန်မာVideဝဇာတ်လမ်းတွေမှာ ဆံပင်ရှည်ရှည်နဲ့ချစ်စရာကောင်းလွန်းလှတဲ့မင်းသမီးတစ်ယောက်ရှိခဲ့ပါတယ်။ သူကတော့ လင်းဇာနည်ဇော်ပါ အခုဆိုရင်တော့သူမှာချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သမီးလေးကလည်းအရွယ်ရောက်လာပြီဖြစ်ပါတယ်။ အခုသူနဲ့ Myanmar Celebrity နဲ့အင်တာဗျူးမှာသူ့သမီးမြူလင်းကိုကိုနဲ့ပတ်သက်ပြီးပြောပြသွားတဲ့အကြောင်းတွေ ရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ရပါတယ် ။

မြူလင်းကိုကိုနဲ့ပတ်သက်ပြီး လင်းဇာနည်ဇော်က “ သမီးက ဒီနှစ်ဆိုကျောင်းပြီးပြီ သူဘွဲ့ရပြီးသွားရင်တော့ဒီကိုပြန်လာဦးမယ် ။ပြန်လာပြီးတော့ ဒီမှာအလုပ်နည်းနည်းပါးပါးရှာလုပ်မယ်ပေါ့။ရှာလုပ်ပြီးသွားရင်တော့ သူဘာဆက်လုပ်ဖြစ်မယ်မသိဘူး ။

အစ်မကအမေဆိုပေမယ့် သူ့ကိုဘွဲ့ရအောင်လုပ်ရမယ်ဆိုတဲ့ ဟာလေးတစ်ခုပဲပြောတယ်။ ကျန်တဲ့ဟာကတော့ သူလုပ်ချင်တဲ့အလုပ်ကို အစ်မပံ့ပိုးပေးသွားမှာလေ။ သူဘာဆက်လုပ်သွားမလဲဆိုတာကတော့ သူ့သဘောပါပဲ ။”လို့ပြောပြသွားတဲ့ အပြင် သရုပ်ဆောင်အလုပ်နဲ့ ပတ်သတ်ပြီးတော့လည်း မြူနှင်းကိုကို ကို ဖြစ်စေချင်တဲ့ဆန္ဒတွေကို “ ဝါသနာပါတယ်။ သွားမပြောနဲ့ တော်ကြာပြန်လာပြီးစိတ်ပြောင်းသွားရင်ပြဿနာ ကျောင်းတန်းလန်းကြီးဖြစ်နေလို့ပါ ။

အခုကျောင်းပြီးသွားပြီဆိုတော့ သူ့သဘောပေါ့လေ။ ရိုက်ချင်ရင်တော့ခွင့်ပြုမှာပေါ့ဖြစ်တာ မဖြစ်တာက ကံတရားပေါ့ ။အစ်မကတော့ ကိုယ့်ပညာရပ်နဲ့ကို ရပ်တည်နိုင်တဲ့အလုပ်ကလေး ခေါင်းအေးအေးနဲ့လုပ်ရတဲ့အလုပ်ကလေးကို လုပ်စေချင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ကိုယ့်သမီးလေးဖြစ်နေတဲ့အခါကျတော့ သောကတွေ Depression တွေအဲ့ဒါမျိုးတွေမဖြစ်စေချင်ဘူး ။သူဘာလုပ်ချင်တယ် ဘာလေးတော့လုပ်ချင်တယ် မေမေကတော့ဘာလုပ်ပေး ဒါမျိုးပေါ့ ။အခုချိန်ထိကတော့ မေ့မေ့ကိုဘာလုပ်ပေးမယ်ဆိုတာမရှိသေးဘူး ။ မေမေကဘာလုပ်ပေးဆိုတာချည်းပဲ။ အခုချိန်ထိပြောမယ်ဆိုရင်တော့လိမ္မာရှာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မကို အပူဘာတစ်ခုမှမပေးဘူး ။ အစ်မဒီကနေပြီးတော့ ပိုက်ဆံရှာပြီးတော့ သူ့ကိုကျောင်းစရိတ်မှန်မှန်ပို့ပေးနေဖို့ပဲ သူများတွေလို သုံးဖို့ဖြုန်းဖို့ဆိုတာမျိုးတွေကိုလည်း ဘာမှမှာဘူး ။ တစ်ခါတလေတွေးမိရင်စိတ်ထဲမကောင်းဘူး သနားလည်းသနားပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Share From Lovely Myanmar