” မ်က္စိအၾကည့္ေလးတစ္ခ်က္ ရင္ထဲမွာတစ္ခ်က္ေလးရင္ခုန္လိုက္တာနဲ႔ ေစည္းဖာက္တာပဲ လို႔ ေျပာလာတဲ့ ေနျခည္ဦး “

ေနျခည္ဦးကေတာ့ မိတ္ကပ္Blogger တစ္ေယာက္ျဖစ္ၿပီး သရုပ္ေဆာင္ဘက္ကို ကူးေၿပာင္းလာတဲ႔ သူတစ္ေယာက္ုျဖစ္ပါတယ္။ Blogger တစ္ေယာက္ျဖစ္ေနစဥ္တည္းက အားေပးတဲ့ အမာခံပရိသတ္ေတြ အခိုင္အမာရရွိထားၿပီး သရုပ္ေဆာင္ဘက္ကို ထပ္မံ အားစိုက္ေတာ့လည္း ပရိသတ္ေတြက ပိုမိုလက္ခံလာၿပီး သူမရဲ႕ ပထမဆံုးရုပ္ရွင္ကားျဖစ္တဲ့ “ရန္သူ” ရုပ္ရွင္ကားကို ပရိသတ္ေတြ တခဲနက္အားေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။

သရုပ္ေဆာင္သစ္တစ္ေယာက္ျဖစ္ေပမယ့္ ဝါရင့္သဘာရင့္ သရုပ္ေဆာင္ေတြနဲ႕ တြဲဖက္သရုပ္ေဆာင္တာေတာင္ ပရိသတ္အျမင္မွာ သရုပ္ေဆာင္သစ္တစ္ေယာက္လို ျဖစ္မေနတဲ့ ျခည္ျခည္ရဲ႕ အႏုပညာပါရမီကေတာ့ အံ ့မခန္းပါပဲေနာ္။အႏုပညာဘက္တင္မဟုတ္ပဲ သူမရဲ႕အခ်စ္ေရးကို အားက် ၿပီး အားေပးေနတဲ့သူေတြအမ်ားႀကီးပါေနာ္။ ခ်စ္သူေကာင္ေလးနဲ႔ LDRS ဘဝေပမယ့္ ခ်စ္သူေကာင္ေလးရဲ႕ သည္းသည္းလႈပ္အခ်စ္ခံရတဲ့ သူေလးပဲ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ခ်စ္သူေတြၾကားမွာ စည္းဆိုတဲ့သေဘာကို ” တစ္ခ်ိဳ႕ကက်ေတာ့ ေနာက္ေကာင္ေလးေကာင္မေလးနဲ႔ေထာက္ျပန္မွ စည္းေဖာက္တယ္လို႔ထင္ၾကတာ။ အမွန္ေတာ့ မ်က္စိအၾကည့္ေလးတစ္ခ်က္ ရင္ထဲမွာတစ္ခ်က္ေလးရင္ခုန္လိုက္တာနဲ႔ စည္းေဖာက္တာပဲေပါ့ေနာ္။ဒါေပမယ့္ ေနျခည္ျမင္တာကေတာ့ေလ ကိုယ္ကိုယ္တိုင္ကလည္းလူငယ္ဆိုေတာ့ေလ တကယ့္ေတာ့ စည္းေတြဘာေတြဆိုတာထက္ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈကပိုအေရးႀကီးတယ္လို႔ေနျခည္ထင္တယ္။

အခုသမီးရည္းစားေတြ ခ်စ္ၾကတယ္ ။ ျပတ္ၾကတယ္။ဘာလို႔လဲဆိုေတာ့ ေနာက္ေကာင္မေလးနဲ႔စကားေျပာတာေတြ႔လို႔ ဖုန္းခိုးေျပာလို႔ အျပင္မွာေတြ႔လို႔ ဒါက Reason မွမဟုတ္တာေနာ္။ ဒါတစ္ေယာက္နဲ႔တစ္ေယာက္နားလည္တယ္ဆိုလို႔႐ွိရင္ းဒီလိုမ်ိဳး ျဖစ္လာစရာအေၾကာင္းမရွိဘူး။တကယ္သာခ်စ္တယ္ဆိုလို႔ရွိရင္ ကိုယ့္ရဲ့ပါတနာ ကိုယ့္ရဲ့ရည္းစားကေပ်ာ္မယ္ဆိုလို႔ရွိရင္ ကိုယ္နားလည္ေပးရမယ့္အေၾကာင္းအရာေတြအမ်ားႀကီးရွိတယ္။ကိုယ့္ေၾကာင့္ႀကီးသူ႕ကိုခ်ဳပ္ေႏွာင္ထားလို႔မရဘူးေပါ့ေနာ္။သူေပ်ာ္ဖို႔အတြက္ ကိုယ္နားလည္ေပးလိုက္ရင္ ဒီ Relationship က ပိုတည္ၿမဲလာမယ္လို႔ ေနျခည္ထင္တယ္ ” လို႔ သူမရဲ႕ အျမင္ကို ေျပာျပခဲ့ပါတယ္။

 

Source : MC
khinCeleGabar

နေခြည်ဦးကတော့ မိတ်ကပ်Blogger တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ သူတစ်ယောက်ုဖြစ်ပါတယ်။ Blogger တစ်ယောက်ဖြစ်နေစဉ်တည်းက အားပေးတဲ့ အမာခံပရိသတ်တွေ အခိုင်အမာရရှိထားပြီး သရုပ်ဆောင်ဘက်ကို ထပ်မံ အားစိုက်တော့လည်း ပရိသတ်တွေက ပိုမိုလက်ခံလာပြီး သူမရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ “ရန်သူ” ရုပ်ရှင်ကားကို ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်သစ်တစ်ယောက်ဖြစ်ပေမယ့် ဝါရင့်သဘာရင့် သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်တာတောင် ပရိသတ်အမြင်မှာ သရုပ်ဆောင်သစ်တစ်ယောက်လို ဖြစ်မနေတဲ့ ခြည်ခြည်ရဲ့ အနုပညာပါရမီကတော့ အံ့မခန်းပါပဲနော်။အနုပညာဘက်တင်မဟုတ်ပဲ သူမရဲ့အချစ်ရေးကို အားကျ ပြီး အားပေးနေတဲ့သူတွေအများကြီးပါနော်။ ချစ်သူကောင်လေးနဲ့ LDRS ဘဝပေမယ့် ချစ်သူကောင်လေးရဲ့ သည်းသည်းလှုပ်အချစ်ခံရတဲ့ သူလေးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ချစ်သူတွေကြားမှာ စည်းဆိုတဲ့သဘောကို ” တစ်ချို့ကကျတော့ နောက်ကောင်လေးကောင်မလေးနဲ့ထောက်ပြန်မှ စည်းဖောက်တယ်လို့ထင်ကြတာ။ အမှန်တော့ မျက်စိအကြည့်လေးတစ်ချက် ရင်ထဲမှာတစ်ချက်လေးရင်ခုန်လိုက်တာနဲ့ စည်းဖောက်တာပဲပေါ့နော်။ဒါပေမယ့် နေခြည်မြင်တာကတော့လေ ကိုယ်ကိုယ်တိုင်ကလည်းလူငယ်ဆိုတော့လေ တကယ့်တော့ စည်းတွေဘာတွေဆိုတာထက် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုကပိုအရေးကြီးတယ်လို့နေခြည်ထင်တယ်။

အခုသမီးရည်းစားတွေ ချစ်ကြတယ် ။ ပြတ်ကြတယ်။ဘာလို့လဲဆိုတော့ နောက်ကောင်မလေးနဲ့စကားပြောတာတွေ့လို့ ဖုန်းခိုးပြောလို့ အပြင်မှာတွေ့လို့ ဒါက Reason မှမဟုတ်တာနော်။ ဒါတစ်ယောက်နဲ့တစ်ယောက်နားလည်တယ်ဆိုလို့ရှိရင် းဒီလိုမျိုး ဖြစ်လာစရာအကြောင်းမရှိဘူး။တကယ်သာချစ်တယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ပါတနာ ကိုယ့်ရဲ့ရည်းစားကပျော်မယ်ဆိုလို့ရှိရင် ကိုယ်နားလည်ပေးရမယ့်အကြောင်းအရာတွေအများကြီးရှိတယ်။ကိုယ့်ကြောင့်ကြီးသူ့ကိုချုပ်နှောင်ထားလို့မရဘူးပေါ့နော်။သူပျော်ဖို့အတွက် ကိုယ်နားလည်ပေးလိုက်ရင် ဒီ Relationship က ပိုတည်မြဲလာမယ်လို့ နေခြည်ထင်တယ် ” လို့ သူမရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။

Source : MC
khinCeleGabar

Share From CeleGabar