.အတိုင္အေဖာက္ညီညီနဲ႔ ဟာသေတြေျပာၿပီး အူတက္ေအာင္ရယ္ေနရတဲ့ အူဝဲ၊ခိုင္သင္းၾကည္တို႔ရဲ႕ Video ေလး

အူဝဲလို႔ပရိတ္သတ္ေတြက ခ်စ္စႏိုးနဲ႔ ေခၚၾကတဲ့ သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ဟာ ျမန္မာႏိုင္ငံတြင္ ထိပ္တန္းမင္းသမီးတစ္လက္လည္း ျဖစ္ပါတယ္။ က်ရာဇာတ္ကိုပီျပင္ကြၽမ္းက်င္စြာ သ႐ုပ္ေဆာင္ပိုင္ႏိုင္မႈေတြေၾကာင့္လည္း ႐ုပ္ရွင္ထူးခြၽန္ဆုမ်ားလည္း ဆြတ္ခူးရရွိထားသူ စြယ္စုံရမင္းသမီးတစ္ေယာက္လည္း ျဖစ္ပါတယ္။

မခိုင္ေလးလို႔အမ်ားကခ်စ္စႏိုးေခၚၾကတဲ့ သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္ဟာ ျမန္မာႏိုင္ငံထိပ္တန္း႐ုပ္ရွင္မင္းသမီးမ်ားထဲတြင္လည္း တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ ဆယ္စုႏွစ္တိုင္ေအာင္ ပရိတ္သတ္ေတြရဲ႕အခ်စ္ေတြကို သိမ္းပိုက္ရယူထားႏိုင္သူတစ္ေယာက္ဆိုရင္လည္း မမွားႏိုင္ပါဘူးေနာ္။ က်ရာဇာတ္႐ုပ္မ်ားတြင္လည္း ကြၽမ္းက်င္ပိုင္ႏိုင္စြာ သ႐ုပ္ေဆာင္ႏိုင္မႈေတြေၾကာင့္လည္း ႐ုပ္ရွင္ေ႐ႊစင္ထူးခြၽန္ဆုကိုပါ ရရွိပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။

လက္ရွိမွာလည္း ဝါရင့္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ အူဝဲ၊ခိုင္သင္းၾကည္တို႔နဲ႔အတူ “ ဇာတ္လိုက္ ” ဆိုတဲ့႐ုပ္ရွင္ကားႀကီးတစ္ကား႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ အခုတစ္ေခါက္မွာလည္း “ ဇာတ္လိုက္ ” ႐ုပ္ရွင္ဇာတ္ကားႀကီးကိျ အျမန္လမ္း၁၀၅ မိုင္မွာရွိတဲ့႐ြာေလးမွာ႐ိုက္ကူးေနၾကတာပဲ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာကါဝင္ထားၾကတဲ့ မင္းသား ေအာင္ေရခ်မ္းႏွင့္ မင္းသမီးမ်ားျဖစ္ၾကတဲ့ အူဝဲ၊ခိုင္သင္းၾကည္၊ေမျမင့္မိုရ္တို႔က ပရိသတ္ေတြကိုမေတြ႕ရတာၾကာတဲ့အတြက္ Live လႊင့္ကာရင္းရင္းႏွီးႏွီးစကားေတြေျပာခဲ့ၾကတာပဲ ျဖစ္ပါတယ္။ သူတို႔ေတြအားလုံးကေတာ့ ဒီ Live ေလးထဲမွာအခြီေလးေတြေျပာၾကၿပီး ပရိသတ္ေတြနဲ႔အတူရီေမာေနၾကတာလည္းျမင္ရသူတိုင္းၾကည္ႏူးစရာပါ။ ပရိသတ္ေတြလည္း ၾကည့္ရႈအားေပးၾကပါဦးေနာ္။

Source- May Myint Mo,CRD-Myanmarload

UNICODE

အူဝဲလို့ပရိတ်သတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ မြန်မာနိုင်ငံတွင် ထိပ်တန်းမင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ကျရာဇာတ်ကိုပီပြင်ကျွမ်းကျင်စွာ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လည်း ရုပ်ရှင်ထူးချွန်ဆုများလည်း ဆွတ်ခူးရရှိထားသူ စွယ်စုံရမင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

မခိုင်လေးလို့အများကချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ဟာ မြန်မာနိုင်ငံထိပ်တန်းရုပ်ရှင်မင်းသမီးများထဲတွင်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဆယ်စုနှစ်တိုင်အောင် ပရိတ်သတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရယူထားနိုင်သူတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ကျရာဇာတ်ရုပ်များတွင်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း ရုပ်ရှင်ရွှေစင်ထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

လက်ရှိမှာလည်း ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ အူဝဲ၊ခိုင်သင်းကြည်တို့နဲ့အတူ “ ဇာတ်လိုက် ” ဆိုတဲ့ရုပ်ရှင်ကားကြီးတစ်ကားရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း “ ဇာတ်လိုက် ” ရုပ်ရှင်ဇာတ်ကားကြီးကိြ အမြန်လမ်း၁၀၅ မိုင်မှာရှိတဲ့ရွာလေးမှာရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာကါဝင်ထားကြတဲ့ မင်းသား အောင်ရေချမ်းနှင့် မင်းသမီးများဖြစ်ကြတဲ့ အူဝဲ၊ခိုင်သင်းကြည်၊မေမြင့်မိုရ်တို့က ပရိသတ်တွေကိုမတွေ့ရတာကြာတဲ့အတွက် Live လွှင့်ကာရင်းရင်းနှီးနှီးစကားတွေပြောခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူတို့တွေအားလုံးကတော့ ဒီ Live လေးထဲမှာအခွီလေးတွေပြောကြပြီး ပရိသတ်တွေနဲ့အတူရီမောနေကြတာလည်းမြင်ရသူတိုင်းကြည်နူးစရာပါ။ ပရိသတ်တွေလည်း ကြည့်ရှုအားပေးကြပါဦးနော်။

Share From Global Myanmar Media