ဘုန်းကြီးကျောင်းမှာ ထိုးလိုက်တဲ့ထီကနေ အောင်ဘာလေဆု ဆွတ်ခူးနိုင်ခဲ့တဲ့ သင်ဇာဝင့်ကျော်

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။

ဇွန်လ(၁)ရက်နေ့မှာတော့ သင်ဇာဝင့်ကျော်က ကံကောင်းခြင်းတွေနဲ့ စတင်နိုင်ခဲ့ပါတယ်။ သူမထိုးထားတဲ့ အောင်ဘာလေထီဆု ပေါက်လို့ တော်တော်လေး ဝမ်းသာနေတာကို တွေ့ကပါတယ်။

သင်ဇာဝင့်ကျော်က ” အောင်ဇဗ္မူဘုန်းဘုန်းကျာင်းရောက်တုန်း..ထိုးလိုက်တဲ့ထီ … ဒီနေ့ငါးသောင်းဆုပေါက်တယ်တဲ့ … ပျော်လိုက်တာ” ဆိုပြီး ပရိသတ်တွေကို အပျော်တွေ မျှဝေပေးထားပါတယ်။

သင်ဇာဝင့်ကျော်က လူဖြစ်တဲ့ဘဝမှာ သူမလုပ်ချင်တာတွေကို လုပ်ကိုင်နေပေမယ့် ဘာသာတရားကိုလည်း မမေ့သူတစ်ဦးဖြစ်ပြီး တရားစခန်းဝင်ခြင်း၊ ကုသိုလ်လုပ်ခြင်းတို့ကိုလည်း ပြုလုပ်သူတစ်ဦးဖြစ်ပါတယ်၊

သင်ဇာကတော့ ဇွန်လကို ကံကောင်းခြင်းတွေနဲ့ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်အတွက် ဝမ်းသာနေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Thinzar Wint Kyaw’s fb

Share From swelsonenews