လူငယ်တစ်ယောက်လို လွတ်လပ်ပေါ့ပါးတဲ့ဒီဇိုင်းလေးနဲ့တောင် အရမ်းချစ်စရာကောင်းနေတဲ့ အူဝဲ





UNICODE

ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင် (ခေါ်)အူဝဲဟာဆိုရင် ပရိသတ်တွေအားပေးမှုအများဆုံးကိုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။အကယ်ဒမီပြေတီဦးနဲ့ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်ပြီး ယခုချိန်မှာဆိုရင် သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါပြီနော်။အူဝဲရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်းမနည်းတော့တာဖြစ်လို့ အရည်အသွေးတွေကတော့ တစ်နှစ်ထက်တစ်နှစ်ပိုပိုတိုးလာပါတယ်။

အူဝဲက ယခုချိန်ထိလည်း ကလေးနှစ်ယောက်အမေလို့ ထင်ရက်စရာမရှိလောက်အောင် ၄၀ကျော်အရွယ်ရဲ့ နုပျိုလန်းဆန်းမှုတွေကတော့ အံ့မခန်းပါပဲ။အူဝဲရဲ့ ကျက်သရေရှိစွာလှပမှုတွေကို ပရိသတ်တွေက အမြဲတမ်းချီးကျူးနေရတာဖြစ်ပါတယ်။အူဝဲရဲ့ ဖော်ရွေတဲ့စိတ်ထားလေးတွေ မာန်မာနကင်းမဲ့ပုံလေးတွေက ပရိသတ်တွေရဲ့အချစ်ကို ပိုရစေပါတယ်နော်။ဖြူစင်တဲ့အပြုံးလေးတွေနဲ့ ချစ်စရာဟန်ပန်အမူအလေးတွေကြောင့် ဘယ်အချိန်မဆို လူငယ်တစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာနေတတ်သူလေးပါ။

အူဝဲက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ဆောင်နေသလို သူမရဲ့အောင်မြင်မှုတွေကလည်း မကျဆင်းသွားပါဘူးနော်။အူဝဲက ဇာတ်ကားတိုင်းရဲ့ကျရာဇာတ်ရုပ်ကို အစွမ်းကုန်ကြိုးစားပြီးပီပြင်စွာသရုပ်ဆောင်သူဖြစ်လို့ အကယ်ဒမီဆုတွေကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားသူပါ။အခုဆိုရင်လည်း အူဝဲက အနုပညာရှင်တွေများစွာနဲ့ “ဇာတ်လိုက်”ဇာတ်ကားမှာပါဝင်သရုပ်ဆောင်နေပါတယ်။အူဝဲကတော့ ဇာတ်ကားကြီးအတွက် ခရီးတွေထွက်နေရပြီး လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်လေးနဲ့ အရမ်းလှနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Eaindra Kyaw Zin

Share From Global Myanmar Media