ယူနီကုတ်ဖြင့်ဖတ်ရန်
မြန်မာအကကို အရင်တုန်းက လွယ်တယ်ထင်ပေမဲ့ ခုမှမလွယ်မှန်းသိတယ် လို့ဆိုလာတဲ့ စမိုင်းလ်
သူကတော့ပရိသတ်အားပေးမူကို လက်ခံရရှိထားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လို့ပဲ ဆိုရမှာပါ။ ရုပ်ရှင်ဇာတ်ကား တစ်ကားကိုရိုက်ဖို့ စီစဉ်ထားတာဖြစ်ပြီးတော့ အဲကားအတွက် မြန်မာအကကို ထိထိရောက်ရောက်သင်ယူနေတာပဲဖြစ်ပါတယ်။မြန်မာအကကို အရင်တုန်းကလွယ်တယ်ထင်ခဲ့ပေမယ့် ခုမှမလွယ်မှန်းသိတယ် ဆိုတာကို Myanmar Celebrity မီဒီယာတွေဆုံစဉ်ပြောပြခဲ့တာပဲဖြစ်ပါတယ်။
“မြန်မာအကကို အစ်မကသြင်္ကန်တောင်မကခဲ့ဘူး တစ်ခါမှလည်းမကဘူးတော့ အစ်မအတွက်ကအရမ်းကိုခက်ခဲတယ်။ခုကြမှမြန်မာအကကို တန်ဖိုးထားရမှန်းပိုသိလာတယ် အင်္ဂလိပ်အကတွေကလွယ်တယ် ကိုယ်တေကအေးဆေးဘဲ ။ ခုမြန်မာအကကိုကကြည့်တော့ တော်တော်ခက်တော့ အစ်မပထမဆုံးစကတော့ဗျိုင်းပျံသလိုဖြစ်နေတယ်။ တော်တော်ခက်ခက်ခဲခဲသင်ယူခဲ့ရတယ် ကိုယ်တခါမှမလုပ်ဖူးသေးတဲ့အရာကို အစ်မလုပ်ရတော့ အရမ်းပင်ပန်းတယ်။ ဒီလိုကတတ်တဲ့ လူတွေကို ပိုပြီးတော့လေးစားအားကျလာတယ်။ အရင်တုန်းကလွယ်တယ်လို့ ထင်ပေမယ့်ခုမှမလွယ်မှန်းသိလာတယ်” ဆိုပြီးတော့ မြန်မာအကကို တန်းဖိုးထားတတ်လာတယ်ဆိုတာကို ပြောပြထားပြီးတော့
“အခုသမီးလေးတွေက ဘာလို့ချွေးတွေရွှဲနေတာလည်းပေါ့ ခုမာမီက ဒီလိုတွေဖြစ်နေတော့ သူတို့လည်းမြန်မာအကကို တန်ဖိုးထားလာတယ်။ အငယ်လေးကတော့ မြန်မာအကကပင်ပန်းတယ် စိတ်မဝင်စားဘူးတဲ့ အကြီးမလေးကတော့ မြန်မာအက ကချစ်စရာလေးတဲ့အဲ့တော့ အိမ်မှာကဗျာလွတ်လေးပဲဖြစ်ဖြစ် အိမ်မှာခေါ်သင်ဖို့စီစဉ်ထားပါတယ်”လို့လည်းဆက်ပြီးတော့ပြောပြထားပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ခုမှမြန်မာအကရဲ့ တန်ဖိုးကိုသိလာတဲ့ စမိုင်းလ် အတွက်မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ CeleGabar / Source : Myanmar Celebrity