မိုရီဆာကီဝင္းနဲ႔ တမူထူးျခားတဲ့ ရုပ္ရွင္ရိုက္မယ့္အေၾကာင္း ေျပာလာတဲ့ ေနတိုး

မင္းသားေနတိုးကေတာ့ ျပည္သူအခ်စ္ေတာ္ မင္းသားတေယာက္ျဖစ္ျပီး ပရိသတ္ေတြအတြက္ အေကာင္းဆံုး ရုပ္ရွင္ေတြ အေကာင္းဆံုးအႏုပညာေတြကိုသာ ခ်ျပခ်င္ေလ့ရွိတဲ့ အႏုပညာရွင္ တေယာက္လည္း ျဖစ္ပါတယ္။ ေနတိုးကေတာ့ အျမဲတမ္းလိုလို ဆန္းသစ္မႈေတြကို ခ်ျပေလ့ရွိျပီး လက္ရွိမွာလည္း ႏႈတ္ခမ္းနီမေလးေတြရဲ႔ အသည္းစြဲ မိုရီဆာကီဝင္း နဲ႔ အတူ ရုပ္ရွင္တူတူ ရိုက္မယ့္ အေၾကာင္းကို ေျပာၾကားလာခဲ့တာ ျဖစ္ပါတယ္။

ေနတိုးကေတာ့ Popular နဲ႔ အင္တာဗ်ဴးမွာေတာ့ မိုရီဆာကီဝင္းနဲ႔ ရုပ္ရွင္ရိုက္ကူးမယ့္ အေပၚမွာေတာ့ “ဇာတ္လမ္းကေတာ့ ျပီးသြားပါျပီ။ ဒါေပမယ့္ က်ေနာ္တို႔က ျပင္ဆင္စရာေလးေတြ ထပ္လုပ္ထားတယ္ဆိုေတာ့ ေျပာလို႔ေတာ့မရဘူး။ က်ေနာ္တို႔က ဂ်ပန္နဲ႔ ဆက္စပ္တဲ့ ဇာတ္လမ္းအမ်ိဳးအစားေပါ့။ က်ေနာ္တို႔က တကယ္တမ္းရိုက္ျဖစ္တယ္ဆိုတာေတာင္မွ အဝင္းရဲ့ ပံုစံမ်ိဳးမဟုတ္ပဲ ကာရိုက္တာထဲကဟာမ်ိဳးကိုပဲ ရိုက္သြားဖို႔ စဥ္းစားထားပါတယ္။ ပရိသတ္ကေတာ့ သူ႔ပံုစံကို လူငယ္အရမ္းဆန္ျပီး ခ်စ္စရာေကာင္းတ့ဲ ပံုစံမ်ိဳး သိထားၾကပါတယ္။ ဒါေပမယ့္ သူ ဇာတ္ကားထဲေရာက္သြားတဲ့အခါမွာ တျခားေသာ ကာရိုက္တာတခုျဖစ္သြားဖို႔အတြက္ က်ေနာ္တို႔ တိုင္ပင္ေဆြးေႏြးေနၾကပါတယ္။ အခုကို သူနဲ႔ေတာ့ ေဆြးေႏြးရဦးမွာေပါ့။ နည္းနည္းဗီလိန္ဆန္တဲ့ ကာရိုက္တာမ်ိဳးကို သူနဲ႔ ေဆြးေႏြးဖို႔ေတာ့ ရွိပါေသးတယ္”

“က်ေနာ့္ဖက္က ကာရိုက္တာက်ေတာ့ ျမန္မာဆိုဒ္ ျဖစ္မွာေပါ့။ သူကေတာ့ ဂ်ပန္လိုမ်ိဳးေပါ့။ အဓိက ကေတာ့ က်ေနာ္တို႔ရဲ့ ဇာတ္လမ္းပရိသတ္ၾကည့္တဲ့အခ်ိန္မွာ ခန္႔မွန္းဖို႔ အရမ္းခက္ခဲတဲ့ ဇာတ္လမ္းတခုျဖစ္ပါတယ္။ ဒီထဲမွာ ဘယ္သူက မင္းသား ဘယ္သူက ဇာတ္ပို႔ဆိုတာ ခန္႔မွန္းလို႔မရေအာင္ ဇာတ္ညြန္းကို ၾကိဳးစားျပီး လုပ္ေနပါတယ္။ ပရိသတ္ေတြအတြက္ ဦးစားေပးထားတယ္။ ဇာတ္လမ္းကေတာ့ လြန္ခဲ့တဲ့ လြတ္လပ္ေရးမရခင္ ကာလျဖစ္မွာပါ။ က်ေနာ္တို႔ကေတာ့ သူ႔အင္တာဗ်ဴးေတြကိုပဲ ၾကည့္ရေတာ့ေလ အဲ့ထဲမွာေတာ့ သူက အရမ္းကို Active ျဖစ္တယ္။ အရမ္းလည္း Sweet ျဖစ္တယ္လို႔ က်ေနာ္ ျမင္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Share From nanmalgyi

Unicodeဖြင့်ဖတ်ရန်
★★★

မင်းသားနေတိုးကတော့ ပြည်သူအချစ်တော် မင်းသားတယောက်ဖြစ်ပြီး ပရိသတ်တွေအတွက် အကောင်းဆုံး ရုပ်ရှင်တွေ အကောင်းဆုံးအနုပညာတွေကိုသာ ချပြချင်လေ့ရှိတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။ နေတိုးကတော့ အမြဲတမ်းလိုလို ဆန်းသစ်မှုတွေကို ချပြလေ့ရှိပြီး လက်ရှိမှာလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မိုရီဆာကီဝင်း နဲ့ အတူ ရုပ်ရှင်တူတူ ရိုက်မယ့် အကြောင်းကို ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

နေတိုးကတော့ Popular နဲ့ အင်တာဗျူးမှာတော့ မိုရီဆာကီဝင်းနဲ့ ရုပ်ရှင်ရိုက်ကူးမယ့် အပေါ်မှာတော့ “ဇာတ်လမ်းကတော့ ပြီးသွားပါပြီ။ ဒါပေမယ့် ကျနော်တို့က ပြင်ဆင်စရာလေးတွေ ထပ်လုပ်ထားတယ်ဆိုတော့ ပြောလို့တော့မရဘူး။ ကျနော်တို့က ဂျပန်နဲ့ ဆက်စပ်တဲ့ ဇာတ်လမ်းအမျိုးအစားပေါ့။ ကျနော်တို့က တကယ်တမ်းရိုက်ဖြစ်တယ်ဆိုတာတောင်မှ အဝင်းရဲ့ ပုံစံမျိုးမဟုတ်ပဲ ကာရိုက်တာထဲကဟာမျိုးကိုပဲ ရိုက်သွားဖို့ စဉ်းစားထားပါတယ်။ ပရိသတ်ကတော့ သူ့ပုံစံကို လူငယ်အရမ်းဆန်ပြီး ချစ်စရာကောင်းတဲ့ ပုံစံမျိုး သိထားကြပါတယ်။ ဒါပေမယ့် သူ ဇာတ်ကားထဲရောက်သွားတဲ့အခါမှာ တခြားသော ကာရိုက်တာတခုဖြစ်သွားဖို့အတွက် ကျနော်တို့ တိုင်ပင်ဆွေးနွေးနေကြပါတယ်။ အခုကို သူနဲ့တော့ ဆွေးနွေးရဦးမှာပေါ့။ နည်းနည်းဗီလိန်ဆန်တဲ့ ကာရိုက်တာမျိုးကို သူနဲ့ ဆွေးနွေးဖို့တော့ ရှိပါသေးတယ်”

“ကျနော့်ဖက်က ကာရိုက်တာကျတော့ မြန်မာဆိုဒ် ဖြစ်မှာပေါ့။ သူကတော့ ဂျပန်လိုမျိုးပေါ့။ အဓိက ကတော့ ကျနော်တို့ရဲ့ ဇာတ်လမ်းပရိသတ်ကြည့်တဲ့အချိန်မှာ ခန့်မှန်းဖို့ အရမ်းခက်ခဲတဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ ဒီထဲမှာ ဘယ်သူက မင်းသား ဘယ်သူက ဇာတ်ပို့ဆိုတာ ခန့်မှန်းလို့မရအောင် ဇာတ်ညွန်းကို ကြိုးစားပြီး လုပ်နေပါတယ်။ ပရိသတ်တွေအတွက် ဦးစားပေးထားတယ်။ ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ လွတ်လပ်ရေးမရခင် ကာလဖြစ်မှာပါ။ ကျနော်တို့ကတော့ သူ့အင်တာဗျူးတွေကိုပဲ ကြည့်ရတော့လေ အဲ့ထဲမှာတော့ သူက အရမ်းကို Active ဖြစ်တယ်။ အရမ်းလည်း Sweet ဖြစ်တယ်လို့ ကျနော် မြင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Share From nanmalgyi