အလုပ္ေတြလုပ္ေနတဲ့အခ်ိန္ ေမေမ့ကို ေဘးနားမွာရွိေစခ်င္တယ္ဆိုတဲ့ မင္းသန႔္ေမာင္ေမာင္

မင္းသန႔္ေမာင္ေမာင္က သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈေတြမွာ မိခင္ျဖစ္သူကို ေဘးနားမွာရွိေစခ်င္တယ္လို႔ ဆိုပါတယ္။ လက္ရွိမွာလည္း ကိုယ္တိုင္ ဒါ႐ိုက္တာလုပ္ၿပီး႐ိုက္ေနတဲ့႐ုပ္ရွင္ဇာတ္ကားေတြရွိပါတယ္။

ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္နဲ႔ သ႐ုပ္ေဆာင္ ေမသန္းႏုတို႔ရဲ႕ တစ္ဦးတည္းေသာ သားေလး မင္းသန႔္ေမာင္ေမာင္က အခုဆိုရင္ ျမန္မာႏိုင္ငံအတြင္းက အႏုပညာေလာကထဲကို ဝင္ေရာက္ေနၿပီျဖစ္ပါတယ္။ လက္ရွိမွာလည္း ‘’တိမ္ေပၚကပန္း’’ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုက္ကူးမွာျဖစ္ၿပီး မိခင္ျဖစ္တဲ့ ေမသန္းႏုလည္း ပါဝင္မယ္လို႔ Duwun Media ကေနေျပာျပလာပါတယ္။

‘’ ကြၽန္ေတာ့္အေမကေတာ့ Main Actor ေတာ့ မဟုတ္ဘူးေပါ့။ ကြၽန္ေတာ္က နည္းနည္းေတာ့ ဝမ္းနည္းတာေပါ့။ အဓိက ကေတာ့ ကြၽန္ေတာ္အလုပ္လုပ္တဲ့အခ်ိန္မွာ ကြၽန္ေတာ့္မိသားစုနဲ႔ အလုပ္လုပ္ခ်င္တာေပါ့။ ပိုလည္းေကာင္းတယ္၊ အေမက ေဘးကေန အားေပးတာဆိုေတာ့ အေမ့ကိုလည္း ေဘးမွာရွိေစခ်င္တယ္’’ လို႔ ဆိုပါတယ္။

အခုခ်ိန္မွာ မင္းသန႔္ေမာင္ေမာင္ဟာ ကိုယ္တိုင္ ဒါ႐ိုက္တာလုပ္ၿပီး ႐ိုက္ကူးထားတဲ့ ဇာတ္ကားေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ ကိုယ္ပိုင္ ဇာတ္ၫႊန္းလည္း ေရးေနတယ္လို႔ ‘’တိမ္ေပၚက ပန္း’’႐ုပ္ရွင္ကား ကန္ေတာ့ပြဲမွာ ေျဖဆိုခဲ့တာပါ။

‘’ အနာဂတ္အတြက္လည္း ကြၽန္ေတာ္ေခၚခ်င္ပါတယ္။ ဒီဇာတ္ကား႐ိုက္ေနတဲ့အခ်ိန္၊ သူလည္း သ႐ုပ္ေဆာင္ႏိုင္တဲ့အခ်ိန္မွာ တခ်ိဳ႕ တစ္ခု ႏွစ္ခုေလာက္ ကြၽန္ေတာ္ စမ္းခ်င္တာေပါ့ေနာ္။ သူ႔အတြက္လည္း ဇာတ္ၫႊန္းေရးေပးေနပါတယ္’’ လို႔ သူကဆိုပါတယ္။

မင္းသန႔္ေမာင္ေမာင္က သူကိုယ္တိုင္႐ိုက္ကူးမယ့္ ‘’တိမ္ေပၚက ပန္း’’႐ုပ္ရွင္ဇာတ္ကားႀကီးမွာေတာ့ ကိုရီးယားမင္းသား Ryu Sang Woo ကို အဓိက ဇာတ္ေဆာင္ေနရာမွာ ထားျဖစ္တဲ့ အေၾကာင္းကိုလည္း ေျပာျပခဲ့ပါေသးတယ္။

‘’ ဒီဇာတ္ကားထဲမွာ ကိုရီးယားမင္းသားကို အဓိက ဇာတ္ေဆာင္အေနနဲ႔ ထားၿပီးေတာ့ ႐ိုက္ခ်င္တာပါ။ ပရိသတ္ေတြ အေနနဲ႔ ကိုရီးယားမင္းသားကို အဓိကဇာတ္ေဆာင္အေနနဲ႔ ပါဝင္ထားသလဲဆိုတာကိုေတာ့ ၾကည့္ရင္းနဲ႔ သေဘာေပါက္လာမွာပါ။ ႏွစ္ႏိုင္ငံနဲ႔ ပတ္သက္တဲ့ဇာတ္ကားျဖစ္တာေၾကာင့္ သူလည္း သေဘာက်တယ္လို႔ ေျပာပါတယ္။ ဒီဇာတ္ၫႊန္းကို ဖတ္တဲ့အခ်ိန္မွာလည္း သူခံစားရတယ္လို႔ေျပာတယ္’’ လို႔ ဆိုပါတယ္။

မင္းသန႔္ေမာင္ေမာင္ဟာ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ က ျမန္မာႏိုင္ငံကို အၿပီး ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ သူဟာ အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာရွိတဲ့ New York Film Academy မွာ ၃ ႏွစ္ေက်ာ္အၾကာ ပညာသင္ၾကားခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ Bachelor of Fine Arts ဘြဲ႕ကို ရရွိပိုင္ဆိုင္ခဲ့ပါတယ္။ သူ႔ကိုေတာ့ မိခင္ျဖစ္သူ သ႐ုပ္ေဆာင္ ေမသန္းႏုနဲ႔ အတူ တီဗီေၾကာ္ျငာေတြ ကေနတဆင့္ ပရိသတ္ေတြ အားေပးခ်စ္ခင္လာခဲ့ရတဲ့ ကေလးတစ္ေယာက္ျဖစ္ပါတယ္။

CRD-Cele Yatkwat
>

UNICODE

မင်းသန့်မောင်မောင်က သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေမှာ မိခင်ဖြစ်သူကို ဘေးနားမှာရှိစေချင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်နေတဲ့ရုပ်ရှင်ဇာတ်ကားတွေရှိပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သရုပ်ဆောင် မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားလေး မင်းသန့်မောင်မောင်က အခုဆိုရင် မြန်မာနိုင်ငံအတွင်းက အနုပညာလောကထဲကို ဝင်ရောက်နေပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း ‘’တိမ်ပေါ်ကပန်း’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးမှာဖြစ်ပြီး မိခင်ဖြစ်တဲ့ မေသန်းနုလည်း ပါဝင်မယ်လို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ ကျွန်တော့်အမေကတော့ Main Actor တော့ မဟုတ်ဘူးပေါ့။ ကျွန်တော်က နည်းနည်းတော့ ဝမ်းနည်းတာပေါ့။ အဓိက ကတော့ ကျွန်တော်အလုပ်လုပ်တဲ့အချိန်မှာ ကျွန်တော့်မိသားစုနဲ့ အလုပ်လုပ်ချင်တာပေါ့။ ပိုလည်းကောင်းတယ်၊ အမေက ဘေးကနေ အားပေးတာဆိုတော့ အမေ့ကိုလည်း ဘေးမှာရှိစေချင်တယ်’’ လို့ ဆိုပါတယ်။

အခုချိန်မှာ မင်းသန့်မောင်မောင်ဟာ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကိုယ်ပိုင် ဇာတ်ညွှန်းလည်း ရေးနေတယ်လို့ ‘’တိမ်ပေါ်က ပန်း’’ရုပ်ရှင်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ အနာဂတ်အတွက်လည်း ကျွန်တော်ခေါ်ချင်ပါတယ်။ ဒီဇာတ်ကားရိုက်နေတဲ့အချိန်၊ သူလည်း သရုပ်ဆောင်နိုင်တဲ့အချိန်မှာ တချို့ တစ်ခု နှစ်ခုလောက် ကျွန်တော် စမ်းချင်တာပေါ့နော်။ သူ့အတွက်လည်း ဇာတ်ညွှန်းရေးပေးနေပါတယ်’’ လို့ သူကဆိုပါတယ်။

မင်းသန့်မောင်မောင်က သူကိုယ်တိုင်ရိုက်ကူးမယ့် ‘’တိမ်ပေါ်က ပန်း’’ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ကိုရီးယားမင်းသား Ryu Sang Woo ကို အဓိက ဇာတ်ဆောင်နေရာမှာ ထားဖြစ်တဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

‘’ ဒီဇာတ်ကားထဲမှာ ကိုရီးယားမင်းသားကို အဓိက ဇာတ်ဆောင်အနေနဲ့ ထားပြီးတော့ ရိုက်ချင်တာပါ။ ပရိသတ်တွေ အနေနဲ့ ကိုရီးယားမင်းသားကို အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားသလဲဆိုတာကိုတော့ ကြည့်ရင်းနဲ့ သဘောပေါက်လာမှာပါ။ နှစ်နိုင်ငံနဲ့ ပတ်သက်တဲ့ဇာတ်ကားဖြစ်တာကြောင့် သူလည်း သဘောကျတယ်လို့ ပြောပါတယ်။ ဒီဇာတ်ညွှန်းကို ဖတ်တဲ့အချိန်မှာလည်း သူခံစားရတယ်လို့ပြောတယ်’’ လို့ ဆိုပါတယ်။

မင်းသန့်မောင်မောင်ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံကို အပြီး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ကိုတော့ မိခင်ဖြစ်သူ သရုပ်ဆောင် မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေ ကနေတဆင့် ပရိသတ်တွေ အားပေးချစ်ခင်လာခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။

Share From Global Myanmar Media