နာမည်ကျော် ထိပ်တန်းအနုပညာရှင်တွေကြားမှာ Ton Boy အဖြစ် ပရိသတ်တွေကို ဖမ်းစားဦးမယ့် အိန္ဒြာကျော်ဇင်







Photo – ကိုပေါက်၊ မြတ်ဝေထွန်း,CRD-Myanmarload

UNICODE

ပရိသတ်တွေရဲ့ အချစ်တော် ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ မြင့်မြတ်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်နဲ့ မေမြင့်မိုရ်တို့ကိုတော့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားတည်းမှာပဲ စုပေါင်းပြီး ပရိသတ်တွေ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်..။

အနုပညာနယ်ပယ်အသီးသီးမှာ ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေ အခိုင်အမာနဲ့ ထိပ်တန်းက အောင်မြင်နေကြတဲ့ ပြည်သူ့အချစ်တော် သူတို့ကတော့ “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရှေ့ ရောက်ရှိလာဦးမှာပါ..။

ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ကာရိုက်တာ တစ်ယောက်တစ်မျိုးစီနဲ့ ပရိသတ်တွေရဲ့ စိတ်အာရုံတွေကို ဖမ်းစားကြမယ့် “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပြည်သူ့အသည်းကျော် မင်းသမီးကျော် အိန္ဒြာကျော်ဇင်ကိုတော့ Ton Boy လေးအဖြစ် ပရိသတ်တွေ မြင်တွေ့ရဦးမှာပဲဖြစ်ပါတယ်နော်..။

ပဲခူးရိုးမထဲမှာ သွားရောက်ရိုက်ကူးနေကြတာဖြစ်ပြီး ရိုက်ကွင်းပုံရိပ်လေးတွေနဲ့ ရိုက်ကူးရေးနားချိန် အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို မကြာခဏမျှဝေထားကြပြီး အလွမ်းပြေစေကြတာလည်း တွေ့ရပါတယ်နော်..။

ပြည်သူ့အသည်းကျော်တွေ ပင်ပင်ပန်းပန်းနဲ့ ခက်ခဲမှုများစွာကျော်ဖြတ်ပြီး ရိုက်ထားရတဲ့ “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကိုပေါက်က ပုံဖော်ရိုက်ကူးနေတာဖြစ်ပြီး လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးပြီးစီးသွားပြီလို့လည်း သိရပါတယ်နော်..။

ဇာတ်ကားရိုက်ကူးပြီးစီးသွားပြီးမို့ ပရိသတ်တွေစောင့်မျှော်အားပေးနေရပြီး အကြိုက်တွေ့စေမယ့် “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဘယ်သူတွေက ဘယ်လို ကာရိုက်တာတွေနဲ့ မြင်တွေ့ရမလဲဆိုတော့ ပရိသတ်တွေလည်း ရင်ခုန်စွာ စောင့်မျှော်နေကြတာ တွေ့ရပါတယ်နော်..။

Share From Global Myanmar Media