




ယူနီကုတ်ဖြင့်ဖတ်ရန်

အလုပ်ဟူသမျှဂုဏ်ရှိတယ် သူများအလုပ်ကို လှောင်တာမကြိုက်ဘူးဆိုတဲ့ ဖွေးဖွေး

ဖွေးဖွေးကတော့ ပရိသတ်တော်တော်များများရဲ့ရင်ထဲမှာနေရာယူထားတဲ့ မင်းသမီးတစအယောက်လို့ဆိုရမှာပါ။ ထူးထူးခြားခြား သရုပ်ဆောင်မူတွေနဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်အသဲစွဲဖြစ်နေတာပဲဖြစ်ပါတယ်။သူကတော့ အလုပ်ဟူသမျှဂုဏ်ရှိတယ် သူများအလုပ်ကို လှောင်တာမကြိုက်ဘူးဆိုတဲ့အကြောင်းကို Myanmar Celebrity မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

“ဒီအရွယ်မှမဟုတ်ပါဘူး ဖွေးအရင်တည်းက ငယ်ငယ်လေးတည်းက သူများအလုပ်ကိုဟာသဖြစ်အောင်လှောင်ရတာဆိုသိပ်မကြိုက်ဘူး။ မင်းသမီးဖြစ်မှမဟုတ်ဘူး ငယ်ငယ်တည်းကမကြိုက်ဘူး။ အဲလိုမကြိုက်တဲ့အတွက် ဇာတ်ညွန်းတွေဆိုလည်း ဆိုက်ကားသမားပဲဖြစ်ဖြစ် မိတ်ကပ်ဆရာပဲဖြစ်ဖြစ် ဘာအလုပ်ပဲဖြစ်ဖြစ် သူအလုပ်မှာပေးဆပ်ခဲ့ရတဲ့ တန်ဖိုးရှိတယ်။အဓိကကတော့ ဖွေးတို့က အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတဲ့ မတ့်ဆေ့လေးကိုပိုပြီးတော့ပေးရမယ် ဟာသလုပ်ပြီးတော့ လှောင်မယ့်အစားပေါ့” ဆိုပြီးတော့ ဘယ်အလုပ်ပဲဖြစ်ဖြစ်တန်ဖိုးရှိတယ.်။ သူများကို လှောင်ပြောင်တာကို သူအနေနဲ့ လုံးဝမကြိုက်ဘူးဆိုတာကို ပြောပြထားပြီးတော့

ဖွေးကားရိုက်ကတော့နားထားပါတယ် နားထားတာ၃လရှိပါပြီ ခုတော့ပွဲတက်တို့ အကမပါတဲ့ကြော်ငြာလေးတွေကိုတော့ ရိုက်ကူးနေပါတယ်။ သေချာနားပြီးရင်တော့ အားအင်အပြည့်နဲ့ အနုပညာအလုပ်တွေပြန်လုပ်ပါမယ်လို့ ပြောပြထားတာပဲဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အလုပ်ဟူသမျှဂုဏ်ရှိတယ် သူများအလုပ်ကို လှောင်တာမကြိုက်ဘူးဆိုတဲ့ ဖွေးဖွေး အတွက်မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ CeleGabar / Source :Myanmar Celebrity

Share From CeleGabar