You are here
Home > Uncategorized > Star Award 2019 ဆုကို သူရသင့်တယ်လို့ ယုံကြည်မှုရှိရှိပြောလာတဲ့ ကျော်ကျော်နန္ဒ

Star Award 2019 ဆုကို သူရသင့်တယ်လို့ ယုံကြည်မှုရှိရှိပြောလာတဲ့ ကျော်ကျော်နန္ဒ

သူတစ်ပါးနဲ့မတူ ထူးခြားတဲ့နည်းလမ်းနဲ့ ဖေ့စ်ဘုတ်ဆယ်လီတစ်ဦးဖြစ်လာတဲ့ ကျော်ကျော်နန္ဒကတော့ အခုဆိုရင် သူ့ကိုခေါ်တဲ့ ပွဲတက်တွေအပြင်၊ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကျော်ကျော်နန္ဒက ခြောက်ခြားထိန့်လန့် ဖွယ်ညများ ဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်း Star Award 2019 ဆုကို သူ ရသင့်တယ်လို့ ထုတ်ပြောလာတာ တွေ့ရပါတယ်။ ကျော်ကျော်နန္ဒက တကယ်လို့ သူ့ကိုဆုမပေးခဲ့ရင်လည်း အမှားကြီးမှားသွားမယ်လို့ မိုမိုလေးကို ပြောပြသွားပါသေးတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် Star Award 2019ဆုကို သူ ရသင့်တယ်လို့ပြောပြလာတဲ့ကျော်ကျော်နန္ဒရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကျော်ကျော်နန္ဒကတော့ “ဖေ့စ်ဘုတ်ဆယ်လီတို့ Star Award တို့ ပေးမယ်ဆိုရင်တော့ ၂၀၁၉ မှာ ကျော်ကျော်နန္ဒကို မပေးဘူးဆိုရင် သူတို့မှားတာပဲလေ ၂၀၁၉မှာ ကျော်ကျော်နန္ဒဆိုပြီး ဖြစ်လာတာပဲလေ အကုန်လုံးသိတာပဲ ဘယ်လိုပဲဖြစ်ဖြစ် အနုပညာရှင်တွေရော ဆယ်လီတွေအားလုံးမှာ ဒီလိုအဆဲခံဆို ဘယ်သူ့မှအဆဲမခံနိုင်ဘူး ၁၀၀မှာ ၁၀၀ လုံးဆဲတာလေ အဲ့ဒီမှာ ဒီခုနှစ်ရဲ့ထူးခြားပြောင်မြောက်တဲ့ ဘယ်လိုပဲပြောင်မြောက်နေပါစေ ဖက်ရှင်နဲ့ပဲဖြစ်ဖြစ် သီချင်းနဲ့ပဲဖြစ်ဖြစ် လူတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေမယ့်သူက ရသင့်တယ်လို့ ထင်ပါတယ်။” ဆိုပြီး Star Award 2019ဆုကို သူ ရသင့်တဲ့အကြောင်း ပြောထားတာပါ။

ယုံကြည်မှုအပြည့်ရှိတဲ့ ဖေ့စ်ဘုတ်ဆယ်လီ ကျော်ကျော်နန္ဒရဲ့အင်တာဗျူးဗီဒီယို

ဆက်ပြီးတော့လည်း ကျော်ကျော်နန္ဒကတော့ သူ့ကို ဘယ်လောက်ပဲဆဲဆဲ ခန္ဓီပါရမီနဲ့ ကျင့်ပြီး Confident ရှိရှိနဲ့ ဆက်လုပ်သွားမယ်ဆိုပြီး ပြောခဲ့ပါသေးတယ်။ ဝေဖန်ရှုံ့ချသူတွေကို မေ့ထားပြီး မလျှော့တဲ့လုံ့လနဲ့ ကြိုးစားနေတဲ့ ကျော်ကျော်နန္ဒကတော့ အခုဆိုရင် အနုပညာသက်တမ်း ၁၀နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ အနုပညာမောင်နှမတွေနဲ့ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေရော ကျော်ကျော်နန္ဒတစ်ယောက် 2019 Star Award ကို ရသင့်လားဆိုတာ ပြောသွားခဲ့ပါဦးနော်။

Myint Myat
Source;Momolay TV

Share From Lovely Myanmar

Top
//doruffleton.com/4/3018672