နန်းဆန်တဲ့ မြန်မာဝတ်စုံလေးနဲ့ ပုရိသအပေါင်းကို ညှို့ယူဖမ်းစားလိုက်တဲ့ ခြူးလေး

ကိုးရီးယားမလေးလိုချစ်ဖို့ကောင်းပြီး ဖြူစင်ဝင်းပတဲ့ အသားအရေပိုင်ရှင်တစ်ဦးဖြစ်တဲ့ ခြူးလေးကိုသိကြမယ်ထင်ပါတယ်နော်……။ သူမဟာဆိုရင် Mrtv-4 မင်းသမီးတစ်ဦးဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ လက်ခံရိုက်ကူးထားတာဖြစ်ပါတယ်…။ “ကဝေသေလို့ ခြောက်တဲ့တစ္ဆေ” ၊ “မိုးပန်းပွင့်ရဲ့သင်္ကေတ” အစရှိတဲ့ ဇာတ်ကားကြီးတွေမှာ သဘာဝကျကျသရုပ်ဆောင်ပိုင်နိုင်စွာ ရိုက်ကူးခဲ့တာကို ပရိသတ်တို့အနေနဲ့ ရှုမြင်ခံစားခဲ့ကြရမှာပါ….။

ဘာသာရေးကိုင်းရှိုင်းသူဖြစ်ပြီး မယ်သီလရှင်၊ ဆရာလေးအဖြစ်လည်း ဗုဒ္ဓဘာသာ သာသနာထဲကို ကြည်ညိုသဒ္ဓါတရားထက်သန်စွာ ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်..။ ခြူးလေးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်းသူမရဲ့ အလှပုံရိပ်တွေကိုမြင်တွေ့ကြရမှာပါ…။ ဖျော်ဖြေရေးပွဲလမ်းသဘင်တွေကိုနန်းဆန်စွာ တက်ရောက်ခဲ့တဲ့သူမဟာဆိုရင် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်…။

ခြူးလေးဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာများ ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်…။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ Instagram စာမျက်နှာပေါ်တွင် ဒီဇိုင်းဆန်းသစ်သော ဖက်ရှင်အလန်းလေးနဲ့ ပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Source Chue Lay ,credit – myanmarload

Share From Lucky Myanmar