ကတိမတည်တဲ့ သူဆိုတာ အလကားလူ ဘောင်မဝင်တန်းမဝင်တဲ့သူဆိုတဲ့ ခွန်းဆင့်နေခြည်

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ခွန်းဆင့်နေခြည်ကတော့ သူမချစ်ရတဲ့ အနုပညာအလုပ်တွေ လုပ်ရင်း ဘဝကို အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနေတာပါ။ လတ်တလောမှာတော့ ခွန်းဆင့်နေခြည်က ကတိတစ်လုံးကိုလွယ်လွယ်လေးပေးပြီး လွယ်လွယ်လေးကတိပျက်တဲ့သူတွေရဲ့အကြောင်းကို ပြောလာတာ တွေ့ရပါတယ်။ ခွန်းဆင့်နေခြည်ကတော့ သူမကိုယ်တိုင်လည်း လွယ်လွယ်လေး ကတိဖျက်တတ်တဲ့သူတစ်ယောက်ကိုနောက်တစ်ခါ ယုံကြည်ပေးဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးလို့လည်း ပြောထားပါသေးတယ်။

ချစ်ပရိသတ်တွေအတွက် လူမှုဆက်ဆံရေးမှာ အရေးပါတဲ့ ကတိတစ်လုံးရဲ့အကြောင်းကို ပြောလာတဲ့ ခွန်းဆင့်နေခြည်ရဲ့စကားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခွန်းဆင့်နေခြည်ကတော့ “ကတိတစ်လုံးကိုလွယ်လွယ်လေးပေးပြီး လွယ်လွယ်လေးကတိပျက်တဲ့သူ လွယ်လွယ်လေး ကတိဖျက်တတ်တဲ့သူတစ်ယောက်ကိုနောက်တစ်ခါ ယုံကြည်ပေးဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး ကတိပျက်တယ်ဆိုတာကိုယ့်ပတ်ဝန်းကျင်ကသူတွေရဲ့ယုံကြည်မှုတွေကိုဖျက်ဆီးပြစ်လိုက်တာနဲ့တူတူပါဘဲ မိမိသည် ဒါမျိုးလူပါဘဲဆိုပြီး ကိုယ့်ကိုလည်းတန်ဖိုးဖြတ်လိုက်တာနဲ့အတူတူပါဘဲ •••

ဒါ့ကြောင့်ကတိတစ်လုံးကိုတန်ဖိုးထားတတ်ရကောင်းမှန်းသိဖို့လိုအပ်ပါတယ် ••• မတည်နိုင်ရင်မပေးသင့်ဘူး ပေးပြီးရင်တည်အောင်လည်းကြိုးစားနိုင်ရမယ် ••• အကြောင်းအမျိုးမျိုးကြောင့်ကတိတည်ချင်ပေမဲ့မတတ်သာလို့ပျက်ရတော့မယ်ဆိုရင်တော့ လူမှုရေးအရ မိမိတန်ဖိုးအရ တဘက်လူနဲ့နားလည်မှုယူနိုင်ဖို့လိုအပ်တယ် ကတိတစ်လုံးရဲ့တန်ဖိုးကိုနားမလည်ရင် ဒါ Fake professional တွေသာဖြစ်တယ်

စီးပွားရေးလောက အနုပညာလောက ပညာရေးလောက ဘာသာရေးလောက အားလုံးသောလောကပေါင်းစုံမှာအလုပ်လုပ်နေကြတဲ့သူတွေကိုတစ်ယောက်ချင်းစီလိုက်မေးကြည့်လိုက်ပါ ကတိမတည်တဲ့သူတွေနဲ့တွေ့ရင်ဘယ်လိုခံစားချက်မျိုးရှိကြလဲဆိုတာ ကြုံဖူးသူတိုင်းသိကြပါလိမ့်မယ် ••• ကတိမတည်တာကြီးကို ကိုယ်တိုင်ကြုံရရင်ရောကြိုက်ပါရဲ့လား တခြားသူတွေကရောကြိုက်ကြမယ်လို့ထင်မိပါသလား ကတိမတည်တဲ့သူဆိုတာ အလကားလူဘဲ ဘောင်မဝင်တန်းမဝင်တဲ့သူဘဲ ဆိုတာကိုလူတိုင်းကနားလည်ထားကြပြီးသားပါ •••” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာပါ။

ခွန်းဆင့်နေခြည်ကတော့ လတ်တလောမှာ နယူးယောခ့်မြို့သို့ အလည်ပါတ်ရောက်ရှိနေတာဖြစ်ပြီး ပရိသတ်တွေအတွက် သူမရဲ့ခရီးသွားပုံရိပ်တွေကို ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခွန်းဆင့်နေခြည်တည်ထောင်ထားတဲ့ ကျောက်ဆူးထုတ်လုပ်ရေးက ရိုက်ကူးတဲ့ “မှော်ဝင်သမန်းကျား” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ ရရှိထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကတိတစ်လုံးက ဘယ်လောက်ထိအရေးပါကြောင်း ပြောထားတဲ့ ခွန်းဆင့်နေခြည်ရဲ့အမြင်ကို ဘယ်လိုထင်မြင်မိလည်းဆိုတာ ပြောသွားခဲ့ပါဦးနော်။

credit- momolay

Share From Lucky Myanmar