




ယူနီကုတ်ဖြင့်ဖတ်ရန်

စီနီယာအစ်မတွေဆီက ပညာတွေအများကြီးရခဲ့ပါတယ်ဆိုတဲ့ မေမြင့်မိုရ်

MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်တွေရင်ထဲ့ကို စတင်ဝင်ရောက်လာခဲ့တဲ့ မေမြင့်မိုရ်ကိုတော့ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ သူကတော့ ဇာတ်လိုက်ကားမှာ စီနီယာအစ်မတွေဖြစ်တဲ့ အိန္ဒြာကျော်ဇင် ၊ ခိုင်သင်းကြည် တို့နဲ့အတူရိုက်ခဲ့တာပဲဖြစ်ပါတယ်။ အဲဇာတ်ကားလေးမှာ စီနီယာအစ်မတွေဆီက ပညာတွေအများကြီးရခဲ့ပါတယ်ဆိုကို Myanmar Celebrity မီဒီယာတွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။

“မမတို့ကချစ်တယ် ညီမလေးတစ်ယောက်လိုလည်းသင်ပေးတယ် ဓါတ်ပုံတွေလည်းရိုက်ဖြစ်တယ် ညစာလည်းအတူစားဖြစ်တယ်။ ပိုပြီးတော့လည်းရင်းနှီးသွားတယ် ဇာတ်ကားလေးပြီးခါနီးမှာ ကိုအောင်ရေချမ်း အသဲကွဲတာလေးနဲ့ ပတ်သက်ပြီးတော့ လိုက်တွေလည်းလွှင့်ဖြစ်တယ်။ သရုပ်ဆောင်ရတဲ့အတောအတွင်းမှာ မမတို့ဆီက အတွေ့အကြုံတွေအများကြီးရခဲ့ပါတယ်” လို့ သူရဲ့ စီနီယာအစ်မတွေဆီက အတွေ့ အကြုံတွေ ပညာတွေကို အများကြီးရခဲ့တယ်ဆိုတဲ့အကြောင်း ကို ပြောပြထားပြီးတော့

“မျှော်ရကြိုးနပ်မယ့် ကားဆိုတာတော့သေချာပါတယ် ပါဝင်တဲ့အနုပညာရှင်အကုန်လုံးက ကြိုးစားပြီးတော့ရိုက်ကြတယ်။ ဘုန်းကြီးကျောင်းမှာပဲ စုပြီးနေခဲ့ကြပြီးတော့ အခက်အခဲအမျိုးမျိုးနဲ့ ရိုက်ခဲ့ရတဲ့ ကားလေးလည်းဖြစ်ပါတယ်။

ညီမကတော့ ဂျိုင်းထောက် ကာရိုက်တာကို ကြိုတင်ပြီးတော့ လေ့ကျင့်ပြီးတော့ရိုက်ကူးထားတာဖြစ်တယ်” လို့လည်း ဇာတ်ကားလေးနဲ့ ပက်သတ်ပြီးတော့ အခက်အခဲတွေကို လည်းဆက်ပြီးတော့ ပြောပြခဲ့တာပဲဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ စီနီယာအစ်မတွေဆီက ပညာတွေအများကြီးရခဲ့ပါတယ်ဆိုတဲ့ မေမြင့်မိုရ်အတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ CeleGabar / Source: Myanmar Celebrity