Zawgyi
ခွေးရူးပြန်ရောဂါ
ရောဂါလက္ခဏာများ
(၂) လေကြောက်ခြင်း
(၃) ရေကြောက်ခြင်း
(၆) ဂနာမငြိမ်ဖြစ်ခြင်း
(၇) တက်ခြင်း
(၈) အသက်ဆုံးရှုံးခြင်း
Unicode
၁။ ဒဏ်ရာ ကို ဆပ်ပြာ၊ ရေတို့ဖြင့် အနည်းဆုံး (၁၅) မိနစ် ဆေးကြပါ။
၂။ အနာကို အရက်ပြန် (သို့) ဘီတာဒင်းကဲ့သို့သော ပိုးသန့်စင်ဆေးရည်ထည့်ပါ။
၃။ ခွေးရူးပြန်ရောဂါမဖြစ်စေရန် တစ်ခုတည်းသော ကာကွယ်ရန် နည်းလမ်းမှာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို အမြန်ဆုံးနှင့်
အကြိမ်ပြည့် ထိုးနှံရန်။
၄။ ဦးခေါင်း၊ လည်ပင်းနှင့် လက်ချောင်းထိပ်တို့တွင် အကိုက်ခံရပါက ရောဂါပိုးပျံ့နှံမှု ပိုမိုလျင်မြန်နိုင်ပါသဖြင့် အရေးပေါ် ချက်ချင်း
ကုသမှုခံယူရန် လိုအပ်ပါသည်။
(ကာကွယ်ဆေးကို အချိန်မီထိုးနှံခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသဖြင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများကို
အမြန်ဆုံးသွားရောက် ကုသမှုခံယူရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။)
ခွေးရူးပြန်ရောဂါ
ခွေးရူးပြန်ရောဂါဆိုသည်မှာ ခွေးရူးပြန်ရောဂါဖြစ်စေသော ဗိုင်းရပ်(စ်)ပိုးတစ်မျိုးကြောင့်ဖြစ်ပွားပြီး၊ ကူးစက်ဖြစ်ပွားလျှင် ရာနှုန်းပြည့်
သေဆုံးနိုင်သောရောဂါဆိုး ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
လူတွင် ခွေးရူးပြန်ရောဂါ ဖြစ်ပွားပါက ခွေး၊ ကြောင်စသည့် တိရစ္ဆာန်များ အကိုက်ခံရခြင်း၊ အကုတ်ခံရခြင်းရာဇဝင်နှင့်
အောက်ပါရောဂါလက္ခဏာများကို တွေ့ရှိရနိုင်ပါသည်။
(၁) ရောဂါဖြစ်ပွားသည့်အနာမှ နာခြင်း၊ ယားခြင်း
(၂) လေကြောက်ခြင်း
(၃) ရေကြောက်ခြင်း
(၄) ရေနှင့်အစာမြိုရခက်ခဲခြင်း
(၅) သွားရည်တစီစီကျခြင်း
(၆) ဂနာမငြိမ်ဖြစ်ခြင်း
(၇) တက်ခြင်း
(၈) အသက်ဆုံးရှုံးခြင်း
Credit_ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန