ဖခင်ကြီးမွေးနေ့အဖြစ် ဆရာတော်အရှင်ဆေကိန္ဒကျောင်းမှာ အလှူလုပ်ခဲ့တဲ့ ဝတ်မှုံရွှေရည်
CRD-Momolay
UNICODE
ပရိသတ်တွေချစ်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ လျှောက်လှမ်းနေသူဖြစ်ပြီး ပရိသတ်ပေါင်းများစွာရဲ့ အချစ်တွေကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး တစ်ကိုယ်တည်း အပျိကြီးဘဝနဲ့ အချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သူမရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက် ရှိပါတယ်။
ဒီကနေ့ ဇွန်လ(၄) ရက်နေ့ကတော့ ဝတ်မှုံရွှေရည်ရဲ့ ဖေဖေ ဦးဝင်းသိန်းနိုင်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်တို့ မိသားစုတွေက ဖခင်ကြီးရဲ့ မွေးနေ့အမှတ်တရအဖြစ် ဆရာတော့ အရှင်ဆေကိန္ဒရဲ့ မှော်ဘီမြို့က ကျောင်းတိုက်မှာ အလှူပြုလုပ်ခဲ့ပါတယ်။
ချစ်ရတဲ့ မိသားစုတွေနဲ့ စုံစုံလင်လင် တွေ့ရတဲ့ ဝတ်မှုံရွှေရည်ဖခင်ရဲ့ မွေးနေ့မင်္ဂလာဖခင်ဖြစ်သူရဲ့ မွေးနေ့မှာ ရိုးရိုးယဉ်ယဉ်လေးဝတ်ပြီး ပကတိအလှလေးနဲ့ လှနေတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်
ဆရာတော်ကြီးကို အနီးကပ် ဖူးမြှော်ခွင့်ရခဲ့တဲ့ ကစ်ကစ်မိသားစုတွေ စုံစုံလင်လင်နဲ့ တွေ့ရတဲ့ ဦးဝင်းသိန်းနိုင်ရဲ့ မွေးနေ့ကတော့ တကယ်ကို မင်္ဂလာရှိလှပါတယ်။ မွေးနေ့ကနေစပြီး ချစ်ရတဲ့ မိသားစုလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Share From Global Myanmar Media