ျမန္မာျပည္နဲ႔ ေရစက္ပါတဲ့ အေမရိကန္ဆရာမေလးရဲ႕ ထူးျခားတဲ့အလွဴ

ပဲခူးတုိင္းေဒသႀကီး၊ သနပ္ပင္ျမိဳ႕ အ.ထ.ကေက်ာင္းဝင္းအတြင္း အေမရိကန္ဆရာမေလး Abby Hester ရဲ႕ အဖြားနဲ႕ မိသားစု လွဴဒါန္းတဲ့ ၃၀ေပ×၉၀ေပ ၂ထပ္ ေက်ာင္းေဆာင္ ဖြင္႔ပြဲအခမ္းအနား ေအာင္ျမင္စြာျပီးဆုံးသြားပါျပီ။

ေက်ာင္းေဆာင္သစ္မွာလ်ွပ္စစ္မီးမပါလုိ႔ ၂၇ႀကိမ္ေျမာက္ အာစရိယပူေဇာ္ပြဲမွ လ်ွပ္စစ္မီးအတြက္ ေကာက္ခံထားတဲ႕ အလွဴရွင္ေတြရဲ႕အလွဴေငြရယ္ ျမိဳ႕မိျမိဳ႔ဖမ်ားထံမ ွအလွဴေငြ၄သိန္းရယ္ မီတာ၁လုံးအသစ္ ေလ်ွာက္ထားတာ ရျပီျဖစ္လုိ႔ ကုိဘုိဘုိထြန္းအဖြဲ႕နဲ႕မနက္ျဖန္ကစျပီး လ်ွပ္စစ္မီးသြယ္တန္းမွာျဖစ္ပါတယ္။

သနပ္ပင္အ.ထ.ကေက်ာင္းသူေဟာင္းတစ္ဦးျဖစ္တဲ႕ ရန္ကုန္ျမိဳ႕ေစာ္ဘြားႀကီးကုန္းမွ လမင္းအိမ္ေဆာက္ပစၥည္းဆုိင္ မွ မေအးေအးနုိင္ လွဴဒါန္းထားတဲ့ အလွဴေငြ၁၂သိန္းနဲ႕ ေရစင္တည္ေဆာက္မွာ ျဖစ္ပါတယ္၊ ေအာက္ခံေဖါင္ေဒးရွင္း တုိင္ ၄တုိင္ ေလာင္းျပီးပါျပီ၊ ေရစင္အတြက္ ၄ေပပါတ္လည္ ေရဂါလံ၄၀၀နီးပါးဆန္႔တဲ႕tank ၁လုံးဝယ္ျပီးပါျပီ။

ကုိေက်ာ္ေဇယ်နဲ႕ အဖြဲ႔မွ တာဝန္ယူတည္ေဆာက္ေပးမွာ ျဖစ္ပါတယ္။ သနပ္ပင္အ.ထ.က ေက်ာင္းအတြက္ လွဴဒါန္း ေပးတဲ႕ အလွဴရွင္မ်ားအားလုံး စိတ္ခ်မ္းသာကုိယ္က်န္းမာနဲ႕ လုိအင္ဆႏၵမ်ား ျပည့္ၾကပါေစလုိ႔ ဆုမြန္ေကာင္းေတာင္းေပး လုိက္ပါတယ္ခင္ဗ်ား။

San Naing

Unicode

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့ အ.ထ.ကကျောင်းဝင်းအတွင်း အမေရိကန်ဆရာမလေး Abby Hester ရဲ့ အဖွားနဲ့ မိသားစု လှူဒါန်းတဲ့ ၃၀ပေ×၉၀ပေ ၂ထပ် ကျောင်းဆောင် ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးဆုံးသွားပါပြီ။

ကျောင်းဆောင်သစ်မှာလျှပ်စစ်မီးမပါလို့ ၂၇ကြိမ်မြောက် အာစရိယပူဇော်ပွဲမှ လျှပ်စစ်မီးအတွက် ကောက်ခံထားတဲ့ အလှူရှင်တွေရဲ့အလှူငွေရယ် မြို့မိမြို့ဖများထံမ ှအလှူငွေ၄သိန်းရယ် မီတာ၁လုံးအသစ် လျှောက်ထားတာ ရပြီဖြစ်လို့ ကိုဘိုဘိုထွန်းအဖွဲ့နဲ့မနက်ဖြန်ကစပြီး လျှပ်စစ်မီးသွယ်တန်းမှာဖြစ်ပါတယ်။

သနပ်ပင်အ.ထ.ကကျောင်းသူဟောင်းတစ်ဦးဖြစ်တဲ့ ရန်ကုန်မြို့စော်ဘွားကြီးကုန်းမှ လမင်းအိမ်ဆောက်ပစ္စည်းဆိုင် မှ မအေးအေးနိုင် လှူဒါန်းထားတဲ့ အလှူငွေ၁၂သိန်းနဲ့ ရေစင်တည်ဆောက်မှာ ဖြစ်ပါတယ်၊ အောက်ခံဖေါင်ဒေးရှင်း တိုင် ၄တိုင် လောင်းပြီးပါပြီ၊ ရေစင်အတွက် ၄ပေပါတ်လည် ရေဂါလံ၄၀၀နီးပါးဆန့်တဲ့tank ၁လုံးဝယ်ပြီးပါပြီ။

ကိုကျော်ဇေယျနဲ့ အဖွဲ့မှ တာဝန်ယူတည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ သနပ်ပင်အ.ထ.က ကျောင်းအတွက် လှူဒါန်း ပေးတဲ့ အလှူရှင်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒများ ပြည့်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်ခင်ဗျား။

San Naing
Share From Lovely Myanmar