ေသြးေလးဖက္နာ ေရာဂါနဲ႔ ပတ္သက္ၿပီးလက္ေတြ႕ေပ်ာက္ကင္း သက္သာတဲ့ သဘာဝ ေဆးနည္းမ်ား

Zawgyi ျဖင့္ဖတ္၇န္

ေလးဖက္နာလုိ ့သာမန္အားၿဖင့္ ေရာေထြးေၿပာႀကေပမဲ့ ေလးဖက္နာ ေရာဂါဟာ (၃) မ်ဳိး႐ွိပါတယ္။

(၁) ပိုးေလးဖက္နာ(Rhematice Fever)(RF)

(၂) ေသြးေလး ဖက္နာ(Rhematoid Arthritis)(RA)

(၃) အေရးၿပား ေလးဖက္နာ(Systematic Lupus Erythematosus)(SLE)မ်ား ျဖစ္ပါတယ္။

ေရာဂါသုံးမ်ဳိးစလုံး၏ ေရာဂါျဖစ္တည္ပုံဟာ မတူညီၾကပါဘူး…

(၁) ပိုးေၾကာင့္ျဖစ္ေသာ ေလးဖက္နာသည္ ေနာက္ဆက္တြဲက ႏွလံုးအဆို႔ရွင္ ပ်က္စီးတဲ့ေရာဂါေတြျဖစ္ႏုိင္ပါတယ္ ။

(၂) ေသြးေလးဖက္နာရဲ႕ ႐ႈပ္ေထြးမႈက အဆစ္ေတြ ေကာက္ေကြးသြား တက္ၿပီး အိပ္ရာေပၚ လဲသြားႏုိင္ပါတယ္။

(၃) အေရျပားေလးဖက္နာကေတာ့ အေရျပားမွာ အနာမ်ားျဖစ္ေပၚၿပီး ေက်ာက္ကပ္ပ်က္စီးသြားႏုိင္ပါတယ္။

ေသြးေလးဖက္နာ ေရာဂါနဲ႔ ပတ္သက္ၿပီးလက္ေတြ႕ေပ်ာက္ကင္း သက္သာတဲ့ သဘာဝ ေဆးနည္းမ်ား 2

အခုတင္ၿပေပမည့္ ေလးဖက္နာမ်ားထဲမွ ေသြးေလးဖက္နာ (Rhematoid Arthritis) သည္ တၿခားေလးဖက္နာေတြလုိ ပုိးေႀကာင့္ျဖစ္သည့္ ေလးဖက္နာမ်ဳိး မဟုတ္ပဲ ေသြးေၾကာင့္ ျဖစ္ၿခင္းၿဖစ္ပါသည္ ။

Antibiotic လုိ ပိုးသတ္ေဆးေတြ စားလုိ႔ မေပ်ာက္ပါဘူး။ ေသြးကို ျပန္ၿပီးသန္႔ေပးတဲ့ ေဆးစားရပါမယ္။ ေသြးေလးဖက္နာဟာ ေရရွည္ ပစ္ထားၿပီး မကုသရင္ အဆစ္အေကာက္ ေကြးသြားတက္ပါတယ္။

ေသြးေလးဖက္နာသည္ က်ားမမေရြးၿဖစ္တတ္ၿပီး အသက္အရြယ္လည္း မေရြးၿဖစ္ႏုိင္ပါတယ္။ ေရာဂါပုိမုိၿဖစ္ႏုိင္ေသာ အသက္အပိုင္းအျခားအားျဖင့္( ၃၀) ေက်ာ္ႏွင့္ (၅၀) ႀကားတြင္ ပုိမုိ၍အၿဖစ္မ်ားႀကပါတယ္။

ေသြးေလးဖက္နာေရာဂါေၾကာင့္ တစ္ႏွစ္ကုိ လူဦးေရ (၃)ရာခုိင္ႏႈန္းမ်ွ ေသဆုံးေနပါတယ္။

အဓိကလကၡဏာကေတာ့ အဆစ္နာတာပဲ။ အဆစ္တစ္ဆစ္တည္း မဟုတ္ဘဲ ေလးခုေလာက္နာပါတယ္။ ဒူးအဆစ္တစ္ခု ပဲ နာတယ္ဆိုရင္ေတာ့ အ႐ိုးက်ီးေပါင္း ျဖစ္ဖို႔မ်ားပါတယ္။ အဆစ္ဟာနာ႐ံုတင္မကဘဲ ေရာင္ရမ္းေနမယ္။ ေဖာင္းေနမယ္ဆုိရင္ စမ္းသပ္စစ္ေဆးရပါမယ္။

ေနာက္တစ္ခုကေတာ့ နာတဲ့အဆစ္ကို လက္ၫႇိဳးနဲ႔ လက္မၾကားမွာ ဖ်စ္ၫႇစ္ၾကည့္လုိက္လုိ႔ ပိုမနာဘူး ဆုိရင္ ကိစၥမရွိဘူး။ မခံႏုိင္ေအာင္ နာတယ္ဆုိရင္ေတာ့ ေသြးေလးဖက္နာ ျဖစ္ႏုိင္ေခ်ပိုမ်ားပါတယ္။

တတိယတစ္ခ်က္ကေတာ့ အဆစ္နာတာက လႈပ္လုိက္ရွားလုိက္ရင္ ပိုမနာဘဲ သက္သာၿပီး၊ မနက္ေစာေစာမွာ တစ္နာရီေက်ာ္ နာေနတာပါပဲ။ အဲဒီလိုၿဖစ္ေနေသာ လူမ်ိဳးကို ေသြးေဖာက္စစ္ရပါမယ္။

အထူးအသိေပးေၿပာႀကားလုိသည့္မွာ မိမိတုိ ့တြင္ အဆစ္နာတယ္ ဆိုၿပီး ကိုယ္ဟာကုိယ္ ထင္ရာကုၿပီး သာမန္ဖ်ားနာသလုိ ေဆးဆုိင္ေတြသြားၿပီး ေခါင္းေလးကုိက္လုိ ့ ပါရာစီတေမာ ဝယ္ ေသာက္လုိက္ၿပီး လုပ္ေဆာင္ရမည့္ အေၿခအေနမဟုတ္ပါ ။ ေရာဂါနဲ႔ ေဆးမကိုက္ညီပါက အနာကသက္သာေပမယ့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကို မကာ ကြယ္ႏုိင္တဲ့အတြက္ အဆစ္သံုးခု အထက္ေရာင္တယ္ဆိုရင္ ကၽြမ္းက်င္မႈဆိုင္ရာ ဆရာ၀န္နဲ႔ ေစာေစာ စီစီး ကုသဖို႔ လုိအပ္ပါတယ္။ေသြးေလးဖက္နာမွတဆင့္ အေရျပားေလးဖက္နာ(SLE)အျဖစ္သုိ႔ ေျပာင္းလဲသြားတတ္ပါတယ္။

အဆစ္နာလုိ႔ အကုိက္အခဲေပ်ာက္ေဆးမ်ား စြဲျမဲစြာ ေသာက္သုံးေနပါက ေဆးစားခ်ိန္( ၆)လခန္႔အၾကာမွာ မိမိ၏ မ်က္စိကုိ ေဆးစစ္ခ်က္ခံယူပါ။အကုိက္အခဲေပ်ာက္ေဆးမ်ားေၾကာင့္ မ်က္စိမႈန္ၿပီး မ်က္ၾကည္လႊာ ပ်က္စီး တတ္ပါတယ္။

ေသြးေလးဖက္နာ ေရာဂါတစ္မ်ဳိးတည္းအတြက္မဟုတ္ပါဘူး အျခားေသာ ေလးဖက္နာေရာဂါမ်ားအတြက္ပါ ေပ်ာက္ကင္းေစသည့္ ဘသာဝေဆးနည္းအေၾကာင္းကုိ ေဖာ္ျပေပးခ်င္ပါတယ္။

႐ွားေစာင္းလက္ပတ္အႏွစ္ကုိ သၾကားျဖင့္ မနက္ည ႏွစ္ႀကိမ္ ေပ်ာက္ကင္းသက္သာသည့္အထိ့ စြဲျမဲစြာ ေန႔စဥ္စားသုံးေပးပါ။

နႏြင္း(ဆႏြင္း)ခါးကုိ ပ်ားရည္ စစ္စစ္ျဖင့္ေရာစပ္၍ အလုံးေလးမ်ားျပဳလုပ္ၿပီး မနက္ည တစ္ႀကိမ္ေသာက္ ၂လုံးခန္႔မ်ွ ေသာက္သုံးေပးျခင္းျဖင့္ ေလးဖက္နာ ေရာဂါအမ်ဳိးမ်ဳိးကုိ ေပ်ာက္ကင္းေစပါတယ္။

ေလးဖက္နာ ေရာဂါျဖစ္ပြားပါက အဂၤလိပ္ေဆးဝါးမ်ားပုိမုိ ေသာက္သုံးျခင္းကုိ ေ႐ွာင္က်ဥ္ပါ။

ေရွာင္ၾကဥ္ရမည့္အစာ

အက္စစ္ဓာတ္ ျဖစ္ေစ တဲ့ အမဲႏွင့္ ဆိတ္ ကလီစာမ်ား ၊ ႏို႔ႏွင့္ ႏို႔ထြက္ ပစၥည္း မ်ား၊ ျဖဴေဖြးႏူးညံ့ တဲ့ ေပါင္မုန္႔ျဖဴ၊ ပီဇာ၊ ေကာ္ဖီ၊ လက္ဖက္ရည္၊ အရက္၊ ကိုကာကိုလာ၊ ကိတ္မုန္႔၊ ခရမ္းခ်ဥ္သီး၊ လိေမၼာ္သီး၊ ဆီးသီး၊ ငွက္ေပ်ာသီး၊ ဥ အမ်ဳိးမ်ဳိး အသင့္ အျမန္စား အစာမ်ား မစားရပါ။

#ဘဝခါးခါး

Unicodeဖြင့်ဖတ်ရန်

သွေးလေးဖက်နာ ရောဂါနဲ့ ပတ်သက်ပြီးလက်တွေ့ပျောက်ကင်း သက်သာတဲ့ သဘာဝ ဆေးနည်းများ

လေးဖက်နာလို့သာမန်အားဖြင့် ရောထွေးပြောကြပေမဲ့ လေးဖက်နာ ရောဂါဟာ (၃) မျိုးရှိပါတယ်။

(၁) ပိုးလေးဖက်နာ(Rhematice Fever)(RF)

(၂) သွေးလေး ဖက်နာ(Rhematoid Arthritis)(RA)

(၃) အရေးပြား လေးဖက်နာ(Systematic Lupus Erythematosus)(SLE)များ ဖြစ်ပါတယ်။

ရောဂါသုံးမျိုးစလုံး၏ ရောဂါဖြစ်တည်ပုံဟာ မတူညီကြပါဘူး…

(၁) ပိုးကြောင့်ဖြစ်သော လေးဖက်နာသည် နောက်ဆက်တွဲက နှလုံးအဆို့ရှင် ပျက်စီးတဲ့ရောဂါတွေဖြစ်နိုင်ပါတယ် ။

(၂) သွေးလေးဖက်နာရဲ့ ရှုပ်ထွေးမှုက အဆစ်တွေ ကောက်ကွေးသွား တက်ပြီး အိပ်ရာပေါ် လဲသွားနိုင်ပါတယ်။

(၃) အရေပြားလေးဖက်နာကတော့ အရေပြားမှာ အနာများဖြစ်ပေါ်ပြီး ကျောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။

သွေးလေးဖက်နာ ရောဂါနဲ့ ပတ်သက်ပြီးလက်တွေ့ပျောက်ကင်း သက်သာတဲ့ သဘာဝ ဆေးနည်းများ 2

အခုတင်ပြပေမည့် လေးဖက်နာများထဲမှ သွေးလေးဖက်နာ (Rhematoid Arthritis) သည် တခြားလေးဖက်နာတွေလို ပိုးကြောင့်ဖြစ်သည့် လေးဖက်နာမျိုး မဟုတ်ပဲ သွေးကြောင့် ဖြစ်ခြင်းဖြစ်ပါသည် ။

Antibiotic လို ပိုးသတ်ဆေးတွေ စားလို့ မပျောက်ပါဘူး။ သွေးကို ပြန်ပြီးသန့်ပေးတဲ့ ဆေးစားရပါမယ်။ သွေးလေးဖက်နာဟာ ရေရှည် ပစ်ထားပြီး မကုသရင် အဆစ်အကောက် ကွေးသွားတက်ပါတယ်။

သွေးလေးဖက်နာသည် ကျားမမရွေးဖြစ်တတ်ပြီး အသက်အရွယ်လည်း မရွေးဖြစ်နိုင်ပါတယ်။ ရောဂါပိုမိုဖြစ်နိုင်သော အသက်အပိုင်းအခြားအားဖြင့်( ၃၀) ကျော်နှင့် (၅၀) ကြားတွင် ပိုမို၍အဖြစ်များကြပါတယ်။

သွေးလေးဖက်နာရောဂါကြောင့် တစ်နှစ်ကို လူဦးရေ (၃)ရာခိုင်နှုန်းမျှ သေဆုံးနေပါတယ်။

အဓိကလက္ခဏာကတော့ အဆစ်နာတာပဲ။ အဆစ်တစ်ဆစ်တည်း မဟုတ်ဘဲ လေးခုလောက်နာပါတယ်။ ဒူးအဆစ်တစ်ခု ပဲ နာတယ်ဆိုရင်တော့ အရိုးကျီးပေါင်း ဖြစ်ဖို့များပါတယ်။ အဆစ်ဟာနာရုံတင်မကဘဲ ရောင်ရမ်းနေမယ်။ ဖောင်းနေမယ်ဆိုရင် စမ်းသပ်စစ်ဆေးရပါမယ်။

နောက်တစ်ခုကတော့ နာတဲ့အဆစ်ကို လက်ညှိုးနဲ့ လက်မကြားမှာ ဖျစ်ညှစ်ကြည့်လိုက်လို့ ပိုမနာဘူး ဆိုရင် ကိစ္စမရှိဘူး။ မခံနိုင်အောင် နာတယ်ဆိုရင်တော့ သွေးလေးဖက်နာ ဖြစ်နိုင်ချေပိုများပါတယ်။

တတိယတစ်ချက်ကတော့ အဆစ်နာတာက လှုပ်လိုက်ရှားလိုက်ရင် ပိုမနာဘဲ သက်သာပြီး၊ မနက်စောစောမှာ တစ်နာရီကျော် နာနေတာပါပဲ။ အဲဒီလိုဖြစ်နေသော လူမျိုးကို သွေးဖောက်စစ်ရပါမယ်။

အထူးအသိပေးပြောကြားလိုသည့်မှာ မိမိတို့တွင် အဆစ်နာတယ် ဆိုပြီး ကိုယ်ဟာကိုယ် ထင်ရာကုပြီး သာမန်ဖျားနာသလို ဆေးဆိုင်တွေသွားပြီး ခေါင်းလေးကိုက်လို့ ပါရာစီတမော ဝယ် သောက်လိုက်ပြီး လုပ်ဆောင်ရမည့် အခြေအနေမဟုတ်ပါ ။ ရောဂါနဲ့ ဆေးမကိုက်ညီပါက အနာကသက်သာပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို မကာ ကွယ်နိုင်တဲ့အတွက် အဆစ်သုံးခု အထက်ရောင်တယ်ဆိုရင် ကျွမ်းကျင်မှုဆိုင်ရာ ဆရာဝန်နဲ့ စောစော စီစီး ကုသဖို့ လိုအပ်ပါတယ်။သွေးလေးဖက်နာမှတဆင့် အရေပြားလေးဖက်နာ(SLE)အဖြစ်သို့ ပြောင်းလဲသွားတတ်ပါတယ်။

အဆစ်နာလို့ အကိုက်အခဲပျောက်ဆေးများ စွဲမြဲစွာ သောက်သုံးနေပါက ဆေးစားချိန်( ၆)လခန့်အကြာမှာ မိမိ၏ မျက်စိကို ဆေးစစ်ချက်ခံယူပါ။အကိုက်အခဲပျောက်ဆေးများကြောင့် မျက်စိမှုန်ပြီး မျက်ကြည်လွှာ ပျက်စီး တတ်ပါတယ်။

သွေးလေးဖက်နာ ရောဂါတစ်မျိုးတည်းအတွက်မဟုတ်ပါဘူး အခြားသော လေးဖက်နာရောဂါများအတွက်ပါ ပျောက်ကင်းစေသည့် ဘသာဝဆေးနည်းအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ရှားစောင်းလက်ပတ်အနှစ်ကို သကြားဖြင့် မနက်ည နှစ်ကြိမ် ပျောက်ကင်းသက်သာသည့်အထိ့ စွဲမြဲစွာ နေ့စဉ်စားသုံးပေးပါ။

နနွင်း(ဆနွင်း)ခါးကို ပျားရည် စစ်စစ်ဖြင့်ရောစပ်၍ အလုံးလေးများပြုလုပ်ပြီး မနက်ည တစ်ကြိမ်သောက် ၂လုံးခန့်မျှ သောက်သုံးပေးခြင်းဖြင့် လေးဖက်နာ ရောဂါအမျိုးမျိုးကို ပျောက်ကင်းစေပါတယ်။

လေးဖက်နာ ရောဂါဖြစ်ပွားပါက အင်္ဂလိပ်ဆေးဝါးများပိုမို သောက်သုံးခြင်းကို ရှောင်ကျဉ်ပါ။

ရှောင်ကြဉ်ရမည့်အစာ

အက်စစ်ဓာတ် ဖြစ်စေ တဲ့ အမဲနှင့် ဆိတ် ကလီစာများ ၊ နို့နှင့် နို့ထွက် ပစ္စည်း များ၊ ဖြူဖွေးနူးညံ့ တဲ့ ပေါင်မုန့်ဖြူ၊ ပီဇာ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ကိုကာကိုလာ၊ ကိတ်မုန့်၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ဆီးသီး၊ ငှက်ပျောသီး၊ ဥ အမျိုးမျိုး အသင့် အမြန်စား အစာများ မစားရပါ။

#ဘဝခါးခါး