.“ရင်ဖွင့်တိုင်ပင်လို့ရသလို အောင်ရဲလင်းနဲ့အလုပ်အတူတူလုပ်ရရင်ပျော်တယ်လို့ ဆိုလာတဲ့ ရှာရှာ “

ပက်ထရစ်ရှာကတော့ အသက်ငယ်ငယ်လေးတည်းကအနုပညာလောကနဲ့မစိမ်းတဲ့သူတစ်ယောက်ဖြစ်ပြီး ဘော်ဒီသွင်ပြင်တွေကတော့ ပြောစရာမလိုအောင် လှပကျော့ရှင်းတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ မော်ဒယ်လောကကနေ သရုပ်ဆောင်ဘက်ကိုပါ ကူးပြောင်းလာတဲ့သူဖြစ်ပြီး မျက်နှာသွင်ပြင်လေးက နိုင်ငံခြားသူတစ်ယောက်လို သွင်ပြင်မို့ ပရိသတ်တွေကို အလှတစ်မျိုးနဲ့ ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်။သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလေ့ရှိပါတယ်။

လတ်တလောမှာတော့သူမနဲ့ အောင်ရဲလင်းတို့ပါဝင်ရိုက်ကူးထားတဲ့ ”ကောင်းကင်တစ်ခုအလိုရှိသည် ” ဇာတ်ကားကို ပရိသတ်တွေ ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။ အောင်ရဲလင်းနဲ့ပတ်သက်ပြီး” အကိုနဲ့ကကျတော့လိုက်တယ်ဆိုပြီးပရိသတ်တွေတော်တော်များများကပြောကြတယ်။အကိုနဲ့တွဲရိုက်ရင်သူတို့ပျော်ကြတယ်။အကိုကStressသိပ်မပေးဘူး။ပေါ့ပေါ့ပါးပါးအေးဆေးသမားဆိုတော့အကိုနဲ့ အလုပ်လုပ်ရတာ အမှန်တိုင်းပျော်ရရင်ပျော်တယ်။

အကို့ကိုလည်းအမြဲပြောဖြစ်တယ်။Pressureသိပ်မများဘူးပေါ့ပေါ့ပါးပါးပဲမောင်နှမလိုမျိုးပေါ့နော်။တစ်ယောက်နဲ့တစ်ယောက်ကနားလည်မှုရှိတယ်။ဘာဖြစ်ဖြစ်ပေါ့နော်အပြစ်မပြောဘူးနားလည်မှုရှိတယ်။ညီမကလည်းအကို့အပေါ်ဆိုနားလည်မှုရှိတယ်။အကို့ကိုတော့တစ်ခါတစ်လေရင်ဖွင့်မိတာတွေရှိတယ်။အကိုကလည်းဘယ်လိုလေးနေဘယ်လိုထိုင်ဆိုပြီး အကြံပေးဖြစ်တယ်။” လို့ပြောပြခဲ့ပါတယ်။ နားလည်မှုရှိတဲ့ပါတနာ မို့လို့လည်းအလုပ်လုပ်ရအဆင်ပြေတာဖြစ်ပြီး သူမအရမ်းကြိုက်တဲ့မင်းသားတစ်လက်ဖြစ်တယ်လို့လည်းသိရပါတယ်။CeleGabarပရိသတ်ကြီးရော သူတို့နှစ်ယောက်ကိုအားပေးရင်တစ်ခုခုမှတ်ချက်ပေးခဲ့ပါဦးနော်။

Source :MC
khinCeleGabar

 

မင်းသားချော အောင်ရဲလင်းနဲ့ မင်းသမီးချောလေး ပက်ထရစ်ရှာတို့နှစ်ယောက်ကတော့ မော်ဒယ်၊သရုပ်ဆောင်တွေအဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီး အောင်မြင်မှုတွေရရှိထားကြတာ ဖြစ်ပါတယ်။ ဖက်ရှင်ကျပြီး ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ ဝတ်ဆင်တတ်တဲ့ သူတို့နှစ်ယောက်ကတော့ ဆယ်ကျော်သက်လူငယ်ပရိသတ်တွေကြားမှာ လူကြိုက်အများဆုံးနေရာကနေ ရပ်တည်နေကြတာပဲ ဖြစ်ပါတယ်။

မောင်နှမတွေလို ခင်မင်ရင်းနှီးကြတဲ့ အောင်ရဲလင်းနဲ့ ရှာရှာတို့နှစ်ယောက်က ဇာတ်ကားတွေအတူရိုက်ကူးကြသလို ဖက်ရှင်ကြော်ငြာတွေလည် မကြာခဏအတူရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ “ကောင်းကင်တစ်ခု အလိုရှိသည်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ပွဲအခမ်းအနားတစ်ခုကိုလည်း သူတို့နှစ်ယောက်က အတူတူတက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲလေးမှာတော့ ရှာရှာက အဖြူရောင်နတ်သမီးလေးတစ်ပါးလို အလှတွေဖြာနေခဲ့တာ ဖြစ်ပါတယ်။

ရှာရှာက အစ်ကိုအရင်းလို ခင်မင်ရင်းနှီးရတဲ့ အောင်ရဲလင်းနဲ့အတူ ပွဲတက်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို ” အားမာန် နဲ့ တီတီတာ ” ဆိုပြီး တင်ထားတာ တွေ့ရပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်ယောက်အတူတူ ပွဲတက်လာတဲ့ အောင်ရဲလင်းနဲ့ ပက်ထရစ်ရှာတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စကားတွေပြောပြီး စနောက်နေကြတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်ရဲလင်းနဲ့ ပက်ထရစ်ရှာတို့ရဲ့ပွဲတက်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Sue Sha Naing;Photo Credit; credit – myanmarload