တစ္နွစ္ပတ္လံုး ဒုကၡေပးခဲ့တဲ့ ခ်ာတိတ္ေလး ပထမတန္းေရာက္သြားလို႕ စိတ္ခ်မ္းသာေနတဲ့ စိုင္းစိုင္းခမ္းလွိဳင္

ပရိသတ္အခ်စ္ေတာ္တစ္ေယာက္ျဖစ္တဲ့ စိုင္းစိုင္းခမ္လွိဳင္ကေတာ့ Hip Hop အဆိုေတာ္တစ္ေယာက္ျဖစ္ သလို ရုပ္ရွင္မင္းသားတစ္ေယာက္လည္းျဖစ္ျပီး လူငယ္တိုင္းက ေလးစားအားက်ရတဲ့ စံျပအနုပညာရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။ အနုပညာသက္တမ္း(၁၅) နွစ္ေက်ာ္အတြင္း နာမည္ဆိုးတစ္ခုေတာင္ မရွိခဲ့သလို (၁၀) နွစ္ေက်ာ္ အနုပညာသက္တမ္းကို ယေန႕တိုင္ အပ်က္အယြင္းမရွိ ထိန္းသိမ္းထားနိုင္သူလည္းျဖစ္ပါတယ္။

ပရိသတ္ေတြ ဘယ္ေလာက္စေနာက္ကာ Troll ၾကပါေစ၊ ဘယ္ေတာ့ အခါကမွ စိတ္ဆိုးျခင္း အလ်င္းမရွိပဲ ခ်စ္စရာ ေကာင္းေအာင္ ျပန္လည္စေနာက္တတ္တဲ့ ဦးစိုင္းကေတာ့ ပရိသတ္ေတြ သေဘာက်ေလာက္ေအာင္ ခ်စ္ဖို႕ေကာင္းတဲ့ အရာေလးတစ္ခု လုပ္လိုက္ျပန္ပါတယ္။ လြန္ခဲ့တဲ့ (၂၀၁၈) ခုနွစ္၊ ဇြန္လ တုန္းက ကေလးေတြ ေက်ာင္းဖြင့္စမွာ ပထမဆံုး ေက်ာင္းတက္ရတဲ့ ကေလးေလးတစ္ေယာက္လိုေၾကာက္လို႕ ငိုေနတဲ့ ပံုကို စိုင္းစိုင္းရဲ႕ ပံုနဲ႕ ျဖတ္ညွပ္ကပ္ လုပ္ကာ Facebook ရဲ႕ Comment နဲ႕ Postတိုင္း မွာ အသံုးျပဳကာ စေနာက္ခဲ့ၾကတာျဖစ္ျပီး ဦးစိုင္းတစ္ေယာက္ကို ပရိသတ္ေတြက အျမဲလို စေနာက္ကာ Troll ေနတာၾကတာလည္းျဖစ္ပါတယ္။

တစ္နွစ္ခန္႕ ၾကာျမင့္ခဲ့ျပီျဖစ္ေသာ္လည္း ယေန႕တိုင္ စေနာက္လို႕ ေကာင္းေနဆဲ ဒီခ်ာတိတ္ေလးနဲ႕ စိုင္းစိုင္းတို႕ရဲ႕ ျဖတ္ညွပ္ကပ္ပံုကို တစ္နွစ္တာလံုး မရိုးမအီနိုင္ ပရိသတ္ေတြ စေနာက္ကာ အသံုးျပဳခဲ့ၾကျပီး မနွစ္က သူငယ္တန္းတက္စမို႕ ငိုခဲ့တဲ့ ဒီခ်ာတိတ္ေလး ဒီနွစ္ ေတာ့ ပထမတန္းေရာက္ျပီမို႕ ” ငါ့ကို တစ္ႏွစ္ပတ္လံုး ဒုကၡေပးခဲ့တဲ့ ခ်ာတိတ္ ဒီႏွစ္ေတာ့ ပထမတန္းေရာက္ေနေလာက္ၿပီ
မငိုေလာက္ေတာ့ဘူးထင္တယ္ ” လို႕ စိုင္းစိုင္း က စေနာက္ကာ ခုလို ဆိုလာတာျဖစ္ပါတယ္။ တစ္နွစ္ပတ္လံုး ငိုေနခဲ့ရသမွ် ဒီနွစ္ေတာ့ ေအးေဆးျပီလို႕ ထင္ရေပမဲ့လည္း ပရိသတ္ေတြကေတာ့ ခု post ထိ စေနာက္လို႕ ေနဆဲျဖစ္ပါတယ္။

Source:Sai Sai Kham Leng
Khin Mi MiCeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်လှိုင်ကတော့ Hip Hop အဆိုတော်တစ်ယောက်ဖြစ် သလို ရုပ်ရှင်မင်းသားတစ်ယောက်လည်းဖြစ်ပြီး လူငယ်တိုင်းက လေးစားအားကျရတဲ့ စံပြအနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာသက်တမ်း(၁၅) နှစ်ကျော်အတွင်း နာမည်ဆိုးတစ်ခုတောင် မရှိခဲ့သလို (၁၀) နှစ်ကျော် အနုပညာသက်တမ်းကို ယနေ့တိုင် အပျက်အယွင်းမရှိ ထိန်းသိမ်းထားနိုင်သူလည်းဖြစ်ပါတယ်။

ပရိသတ်တွေ ဘယ်လောက်စနောက်ကာ Troll ကြပါစေ၊ ဘယ်တော့ အခါကမှ စိတ်ဆိုးခြင်း အလျင်းမရှိပဲ ချစ်စရာ ကောင်းအောင် ပြန်လည်စနောက်တတ်တဲ့ ဦးစိုင်းကတော့ ပရိသတ်တွေ သဘောကျလောက်အောင် ချစ်ဖို့ကောင်းတဲ့ အရာလေးတစ်ခု လုပ်လိုက်ပြန်ပါတယ်။ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်၊ ဇွန်လ တုန်းက ကလေးတွေ ကျောင်းဖွင့်စမှာ ပထမဆုံး ကျောင်းတက်ရတဲ့ ကလေးလေးတစ်ယောက်လိုကြောက်လို့ ငိုနေတဲ့ ပုံကို စိုင်းစိုင်းရဲ့ ပုံနဲ့ ဖြတ်ညှပ်ကပ် လုပ်ကာ Facebook ရဲ့ Comment နဲ့ Postတိုင်း မှာ အသုံးပြုကာ စနောက်ခဲ့ကြတာဖြစ်ပြီး ဦးစိုင်းတစ်ယောက်ကို ပရိသတ်တွေက အမြဲလို စနောက်ကာ Troll နေတာကြတာလည်းဖြစ်ပါတယ်။

တစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် စနောက်လို့ ကောင်းနေဆဲ ဒီချာတိတ်လေးနဲ့ စိုင်းစိုင်းတို့ရဲ့ ဖြတ်ညှပ်ကပ်ပုံကို တစ်နှစ်တာလုံး မရိုးမအီနိုင် ပရိသတ်တွေ စနောက်ကာ အသုံးပြုခဲ့ကြပြီး မနှစ်က သူငယ်တန်းတက်စမို့ ငိုခဲ့တဲ့ ဒီချာတိတ်လေး ဒီနှစ် တော့ ပထမတန်းရောက်ပြီမို့ ” ငါ့ကို တစ်နှစ်ပတ်လုံး ဒုက္ခပေးခဲ့တဲ့ ချာတိတ် ဒီနှစ်တော့ ပထမတန်းရောက်နေလောက်ပြီ
မငိုလောက်တော့ဘူးထင်တယ် ” လို့ စိုင်းစိုင်း က စနောက်ကာ ခုလို ဆိုလာတာဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး ငိုနေခဲ့ရသမျှ ဒီနှစ်တော့ အေးဆေးပြီလို့ ထင်ရပေမဲ့လည်း ပရိသတ်တွေကတော့ ခု post ထိ စနောက်လို့ နေဆဲဖြစ်ပါတယ်။

Share From CeleGabar