ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်အသွင် တွေ့မြင်ရတဲ့ ယွန်းဝတီလွင်မိုး
ချစ်စရာလေး ခေးရယ်
CRD-Rowena,Source: Yunn Wady Lwin Moe’s ig
UNICODE
မင်းသားကြီးလွင်မိုးရဲ့ သမီးချောလေးဖြစ်သူ ယွန်းဝတီလွင်မိုးက ဘိုဆန်တဲ့မျက်နှာနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားသူလေးပါ။ ယွန်းဝတီလွင်မိုးက လက်ရှိမှာတော့ မိသားစုနဲ့ ခွဲခွာပြီး သြစတေးလျမှာ ခင်ပွန်းဖြစ်သူနဲ့အတူတူ ကျောင်းတက်နေတာပဲ ဖြစ်ပါတယ်။ သားလေးနဲ့ ခွဲပြီး ကျောင်းတက်နေရတဲ့အတွက် ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံက သားလေးကို လွမ်းရင်း နှစ်ယောက်တည်း အဆင်ပြေအောင် နေထိုင်နေရတာပဲ ဖြစ်ပါတယ်။
ယွန်းဝတီလွင်မိုးက ဒီတစ်ခါမှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်ကို ကလေးလေးတစ်ယောက်အသွင် ပုံစံလေးလုပ်ပြီး ပရိသတ်တွေဆီ မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။
ချစ်စရာလေး ခေးရယ်
ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံက အခုဆိုရင် ကျောင်းသွားတက်တာ (၄) လ ကျော်ရှိပြီဖြစ်လို့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သားလေးလွင်ထက်ကို တော်တော်လေး အောက်မေ့သတိရနေတာပဲ ဖြစ်ပါတယ်။
ယွန်းဝတီလွင်မိုးကတော့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မိခင်ဖြစ်သွားပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရှိနေဆဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေလည်း ယွန်းဝတီလွင်မိုးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါ်တယ်။
Share From Global Myanmar Media