ဝရဇိန် (ပေါင်)
မိုးရွာခြင်းမိုးခြိမ်းခြင်းကြောင့် ဓာတ်အားလိုင်းဖြတ်တောက် ခြင်းပြုခွင့်ပေးမထားကြောင်း ထိုသို့ပြုလုပ်ပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ်အင်/ယာ အားအရေးယူသွားမည်ဟု မွန်ပြည်နယ်လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဦးလှထွန်းကပြောသည်
“မိုးကြီးပြီးလေပြင်းတွေတိုက်လို့ ဓာတ်မီးတိုင်တွေပျက်ဆီးမှာ ဓာတ်ကြိုးတွေ ပြတ်ကျ ပြီးပြည်သူတွေ အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတာဆိုယင်တော့ မီးဖြတ်တာရှိပါတယ် မိုးရွာလို့ လျှပ်စီးလက်လို့မီးမိုးကြိုးပစ်မှာစိုးလို့မီးဖြတ်တယ်ဆိုယင်အဲ့ဒီမြို့နယ်လျှပ်စစ်အင်ဂျင်နီယာကိုအရေးယူမယ်” ဟု ဝန်ကြီး ဦးလှထွန်းက မွန်ပြည်နယ် အစိုးရအဖွဲ၏ ဇွန်လ ၄ ရက်နေ့ကပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ လူထုကလောင် သတင်းဂျာနယ်၏မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားပြောဆိုခဲ့သည်
ယခုနှစ်မိုးဦးရာသီစတင်ချိန်ကစတင်ပြီးမွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အကြောင်းအမျိုးမျိုးဖြင့် ဓာတ်အားပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီးတိုက်ဆိုင်စွာပင် မိုးရွာသွန်းပြီး လျှပ်စီးလက်သည်နှင့် လျှပ်စစ်မီးပြတ်တောက်မှုများလည်း ဖြစ်ပွားနေခဲ့ကြောင်းတွေ့ရသည်
၂၀၁၈/၁၉ ဘဏ္ဏာနှစ်အတွင်း မွန်ပြည်နယ် အတွင်း၌ကျေးရွာပေါင်း ၉၇ ခု၌ မီတာအလုံးပေါင်း၂၂၀၀၀ ကျော်တိုးချဲ့တပ်ဆင်ပေးထားကြောင်းပြည်နယ်လျှပ်စစ်ဌာနမှထုတ်ပြန်သောစာရင်းအရသိရသည်
ဝရဇိန် (ပေါင်)

Share From Lovely Myanmar