ပရိသတ်တွေချစ်ကြတဲ့ အပြုံးချိုချိုးလေးတွေရဲ့ ပိုင်ရှင် မင်းသမီးချောလေး စံရတီမိုးမြင့်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်ကတော့ အချိန်အတော်ကြာ အနုပညာလမ်းမပေါ်မှာ တောက်ပနေသူတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်များစွာကို ပိုင်ဆိုင်ထားနိုင်သူလေး ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား အလှတွေ ပိုတိုးလာတဲ့ စံရတီမိုးမြင့်ကို အားပေးချစ်ခင်သူ အမြောက်အမျာကလည်း အနယ်နယ်အရပ်ရပ်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၃) ရက်နေ့ကတော့ စံရတီမိုးမြင့်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်က သူမရဲ့ မွေးနေ့အလှူအဖြစ် တစ်နေကုန် ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
စံရတီမိုးမြင့်က သူမရဲ့ အလှူနဲ့ ပက်သတ်ပြီး “မွေးနေ့မှာနှစ်နေရာလှူခဲ့တာမှာ သန်လျင်သဘာဝတရားရိပ်သာက ရဟန်း သီလရှင် ဘိုးဘွား ဂီလာနတို့အပြင် ရိပ်သာမှာလာရောက်ကူညီနေတဲ့ နိုင်ငံခြားသားVolunteer များအပါ လူအယောက် ၃၀၀၀ကို အသားသတ်လွတ် နေ့လည်စာ လှူဒါန်းခဲ့ပါတယ်..”
“ကမ္ဘာသူကမ္ဘာသားအားလုံးကို ကုသိုလ်အားလုံးဝေမျှပါတယ်.. ဤကုသိုလ်သည် သံသရာ၌နိဗ္ဗာန်ရောက် ကြောင်း အထောက်အပံ့ဖြစ်ပါစေသတည်း..🙏🏻🙏🏻🙏🏻 ကူညီကယ်ဆယ်ထားသော လူများမှာများပြားလွန်းသောကြောင့် အလှူရှင်များလိုအပ်လျက်ရှိပါသည်။”
“လှူဒါန်းကုသိုလ်ပြုချင်သူများ 09776383266 ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်….🙏🏻 မေတ္တာဖြင့်အပင်ပန်းခံကူညီပေးကြတဲ့မိတ်ဆွေများအပါအဝင် မေတ္တာဖြင့်ရိုက်ကူးပေးကြတဲ့ကိုနေမင်းထွန်းရဲ့တပည့်များကိုလဲကျေးဇူးတင်ပါတယ်💚” ဆိုပြီး ပြောထားပါတယ်။
ကြည်လင်နေတဲ့ မျက်နှာလေးနဲ့ လှလိုက်တာ သဲရယ်
မွေးနေ့ရှင်လေးရဲ့ အပြုံးချိုချိုလေး
စံရတီမိုးမြင့်ကတော့ မွေးနေ့လေးကို မင်္ဂလာရှိရှိနဲ့ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စံရတီမိုးမြင့်ရဲ့ မွေးနေ့အလှူလေးကိုကြည့်ပြီး သာဓုခေါ်နိုင်ကြပါစေနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပ်ါတယ်။
Rowena
Source: San Yati Moe Myint’s fb
Share From Lovely Myanmar