Zawgyi
သဇင္ထူးျမင့္ကိုေတာ့ ႐ုပ္ရွင္႐ိုက္ဖို႔ လာကမ္းလွမ္းတာေတြရွိတယ္လို႔ ဖခင္ျဖစ္သူ ဦးခင္လႈိင္က ေျပာပါတယ္။ ဒါေပမယ့္
ပညာေရးကို ဆုံးခန္းတိုင္ေအာင္ ေလ့လာရမယ္လို႔လည္း သူကဆိုပါတယ္။
သ႐ုပ္ေဆာင္ ခင္လႈိင္ကေတာ့ သမီးျဖစ္သူ သဇင္ထူးျမင့္ ရဲ႕ အႏုပညာလမ္းေၾကာင္းအေပၚ သူ႔ရဲ႕ သုံးသပ္ခ်က္ကို
ပြင့္ပြင့္လင္းလင္းေျပာျပခဲ့ပါတယ္။ အခုလည္း သမီးေလးကို လာကမ္းလွမ္းထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးအတြက္
ဇာတ္ၫႊန္းဖတ္ေပးေနတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေျပာျပလာပါတယ္။
‘’ အခုကက်ေတာ့ ကိုယ္လည္း ကိုယ့္အလုပ္နဲ႔ကိုယ္၊ သူလည္း သူ႔အလုပ္နဲ႔ သူဆိုေတာ့ လြတ္လပ္မႈေပးတာေတာ့
မဟုတ္ဘူးေပါ့ေနာ္။ သူလည္း အႏုပညာလမ္းေၾကာင္းေပၚ ေလွ်ာက္ေနၿပီဆိုေတာ့ တစ္ခ်ိန္လုံး အေနာက္ကေနၿပီးေတာ့
ေလွ်ာက္လိုက္ေနရင္လည္း အဆင္မေျပဘူးေလ။ မေအကေတာ့ လိုက္ရမွာေပါ့ေနာ္။ ၆ လပိုင္းထဲမွာ ႐ုပ္ရွင္႐ိုက္ဖို႔
ကမ္းလွမ္းထားတာေတာ့ရွိတယ္။ သမီး အတြက္ေပါ့။ အစ္ကို မပါဘူး သူ႔အတြက္ ဇာတ္ၫႊန္းဖတ္ေပးေနတယ္။
အဆင္ေျပရင္ေတာ့ ႐ိုက္ျဖစ္မွာပါ’’ လို႔ ဇြန္လ ၃ ရက္ေန႔က Lady Boy ႐ုပ္ရွင္ Press Show မွာ ေျဖဆိုခဲ့တာပါ။
အဲဒီေနာက္ မၾကာေသးခင္က Star Academy ေက်ာင္းကေန ဘြဲ႕ယူခဲ့တဲ့ သမီးငယ္အေၾကာင္းကိုလည္း ေျပာျပလာပါတယ္။
စင္ကာပူမွာလည္း ေက်ာင္းထားေပးဖို႔ရွိတယ္လို႔ ဆိုပါတယ္။
‘’ သူက Star Academy ေက်ာင္းမွာ သူက Hotel Management တက္တာ အခုက ျမန္မာႏိုင္ငံမွာရတာေပါ့ေနာ္။
ၿပီးရင္လည္း စင္ကာပူမွာ ထပ္ရဦးမွာ။ အခုလက္ရွိမွာေတာ့ သူ႔မွာ ႐ိုက္ကူးေရးေတြ လက္ခံထားတဲ့အတြက္ ဒီႏွစ္ေတာ့
စင္ကာပူမွာ ေက်ာင္းတက္ဖို႔ အဆင္မေျပေသးဘူး။ ၿပီးေတာ့ ဒဂုံတကၠသိုလ္မွာလည္း တတိယႏွစ္တက္ေနတုန္းဆိုေတာ့ ဒီမွာ
ဘြဲ႕ရၿပီးေတာ့မွ ဟိုမွာ ေက်ာင္းဆက္တက္မယ္လို႔ေျပာတယ္’’ လို႔ သူကဆိုပါတယ္။
သ႐ုပ္ေဆာင္ခင္လႈိင္မွာေတာ့ သား ၂ ေယာက္၊ သမီး ၁ ေယာက္ရွိပါတယ္။ သားအႀကီးဆုံးကေတာ့ အိမ္ေထာင္က်ၿပီး
ကေလးတစ္ေယာက္ရွိေနပါၿပီ။ သားငယ္ ေနရဲ ကေတာ့ အႏုပညာအလုပ္ေတြ လုပ္ေနတာ ေတြ႕ရပါတယ္။ သမီး
အငယ္ဆုံးေလး သဇင္ထူးျမင့္ကလည္း ၂၀၁၈ ခုႏွစ္အတြက္ အကယ္ဒမီထူးခြၽန္ဆုေပးပြဲ မွာ ေ႐ႊႀကိဳမယ္ တစ္ေယာက္အျဖစ္
ပါဝင္ခဲ့ရမွ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာၿပီျဖစ္ပါတယ္။
သ႐ုပ္ေဆာင္ ခင္လႈိင္ရဲ႕ အႏုပညာသက္တမ္းက အႏွစ္ ၂၀ ေက်ာ္ကို ေရာက္ရွိလို႔လာပါၿပီ။ သူ႔ကိုေတာ့ ဟာသသ႐ုပ္ေဆာင္
တစ္ေယာက္အေနနဲ႔ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္အားေပးလာခဲ့ၾကတာပါ။
အခုလက္ရွိအခ်ိန္အထိ ပရိသတ္ခိုင္ခိုင္မာမာနဲ႔ ရပ္တည္လ်က္ရွိေနတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ေယာက္ဆိုရင္လည္း
မမွားပါဘူး။
CRD-Cele Yatkwat
UNICODE
ရုပ်ရှင်ကားကြီးရိုက်တော့မယ့် သမီးငယ်အကြောင်းပြောလာတဲ့ ခင်လှိုင်
သဇင်ထူးမြင့်ကိုတော့ ရုပ်ရှင်ရိုက်ဖို့ လာကမ်းလှမ်းတာတွေရှိတယ်လို့ ဖခင်ဖြစ်သူ ဦးခင်လှိုင်က ပြောပါတယ်။
ဒါပေမယ့် ပညာရေးကို ဆုံးခန်းတိုင်အောင် လေ့လာရမယ်လို့လည်း သူကဆိုပါတယ်။
သရုပ်ဆောင် ခင်လှိုင်ကတော့ သမီးဖြစ်သူ သဇင်ထူးမြင့် ရဲ့ အနုပညာလမ်းကြောင်းအပေါ် သူ့ရဲ့ သုံးသပ်ချက်ကို
ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ အခုလည်း သမီးလေးကို လာကမ်းလှမ်းထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက်
ဇာတ်ညွှန်းဖတ်ပေးနေတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။
‘’ အခုကကျတော့ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ်၊ သူလည်း သူ့အလုပ်နဲ့ သူဆိုတော့ လွတ်လပ်မှုပေးတာတော့
မဟုတ်ဘူးပေါ့နော်။ သူလည်း အနုပညာလမ်းကြောင်းပေါ် လျှောက်နေပြီဆိုတော့ တစ်ချိန်လုံး အနောက်ကနေပြီးတော့
လျှောက်လိုက်နေရင်လည်း အဆင်မပြေဘူးလေ။ မအေကတော့ လိုက်ရမှာပေါ့နော်။ ၆ လပိုင်းထဲမှာ ရုပ်ရှင်ရိုက်ဖို့
ကမ်းလှမ်းထားတာတော့ရှိတယ်။ သမီး အတွက်ပေါ့။ အစ်ကို မပါဘူး သူ့အတွက် ဇာတ်ညွှန်းဖတ်ပေးနေတယ်။
အဆင်ပြေရင်တော့ ရိုက်ဖြစ်မှာပါ’’ လို့ ဇွန်လ ၃ ရက်နေ့က Lady Boy ရုပ်ရှင် Press Show မှာ ဖြေဆိုခဲ့တာပါ။
အဲဒီနောက် မကြာသေးခင်က Star Academy ကျောင်းကနေ ဘွဲ့ယူခဲ့တဲ့ သမီးငယ်အကြောင်းကိုလည်း ပြောပြလာပါတယ်။
စင်ကာပူမှာလည်း ကျောင်းထားပေးဖို့ရှိတယ်လို့ ဆိုပါတယ်။
‘’ သူက Star Academy ကျောင်းမှာ သူက Hotel Management တက်တာ အခုက မြန်မာနိုင်ငံမှာရတာပေါ့နော်။
ပြီးရင်လည်း စင်ကာပူမှာ ထပ်ရဦးမှာ။ အခုလက်ရှိမှာတော့ သူ့မှာ ရိုက်ကူးရေးတွေ လက်ခံထားတဲ့အတွက်
ဒီနှစ်တော့ စင်ကာပူမှာ ကျောင်းတက်ဖို့ အဆင်မပြေသေးဘူး။ ပြီးတော့ ဒဂုံတက္ကသိုလ်မှာလည်း
တတိယနှစ်တက်နေတုန်းဆိုတော့ ဒီမှာ ဘွဲ့ရပြီးတော့မှ ဟိုမှာ ကျောင်းဆက်တက်မယ်လို့ပြောတယ်’’ လို့
သူကဆိုပါတယ်။
သရုပ်ဆောင်ခင်လှိုင်မှာတော့ သား ၂ ယောက်၊ သမီး ၁ ယောက်ရှိပါတယ်။ သားအကြီးဆုံးကတော့ အိမ်ထောင်ကျပြီး
ကလေးတစ်ယောက်ရှိနေပါပြီ။ သားငယ် နေရဲ ကတော့ အနုပညာအလုပ်တွေ လုပ်နေတာ တွေ့ရပါတယ်။ သမီး
အငယ်ဆုံးလေး သဇင်ထူးမြင့်ကလည်း ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲ မှာ ရွှေကြိုမယ်
တစ်ယောက်အဖြစ် ပါဝင်ခဲ့ရမှ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။
သရုပ်ဆောင် ခင်လှိုင်ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော်ကို ရောက်ရှိလို့လာပါပြီ။ သူ့ကိုတော့
ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။
အခုလက်ရှိအချိန်အထိ ပရိသတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်လျက်ရှိနေတဲ့ ဇာတ်ပို့သရုပ်ဆောင်
တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
Share From Global Myanmar Media