အသံဖိုင်ကို ဝေဠုကျော်သွင်းခိုင်းလို့သွင်းခဲ့တာဆိုတဲ့ သင်းသင်း

သင်းသင်းနဲ့ဝေဠုကျော်နဲ့အမှုဟာ စစ်ဆေးနေခဲ့တာအချိန်တွေကြာပြီဖြစ်သလို တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာကောင်းလာပြီလို့လည်းဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ရုံးချိန်းမှာ သင်းသင်းဘက်က ဟိုဟာပြုနေသံတွေကို ရုံးတော်ကိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုတင်သွင်းရတာလည်း Auto Record မိနေလို့လို့ပြောခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခါရုံးချိန်းမှာတော့ ဝေဠုကျော်ဘက်ကပျက်ကွက်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးမီဒီယာတွေနဲ့အင်တာဗျူးမှာ သင်းသင်းက ဝေဠုကျော်ဘက်ကို ပြင်းပြင်းထန်ထန်သတိပေးသွားတာကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

သင်းသင်းက ဝေဠုကျော်ဘက်ကရုံးချိန်းကိုပျက်ကွက်ခဲ့တာနဲ့ပတ်သက်ပြီး “ပြီးခဲ့တဲ့အပတ်ကလည်း သူ့ရဲ့ဘက်က ရှေ့နေကလည်းပြောသွားပါတယ်။ မြန်မြန်ပြီးချင်တယ်လို့ပြောတယ်။ ဒီနေ့လည်းတရားခံဘက်က ထပ်ပြီးတော့ ခွင့်ယူပါတယ်။ အဲဒီတော့ တရားခံဘက်က ပျက်တာနှစ်ကြိမ်ရှိပါပြီ။ သူတို့ဘက်ကပဲစပြီးတော့ပျက်နေတာပါ။ သူတို့ဘက်ကရှေ့နေက ပြီးခဲ့တဲ့အပတ်က ရုံးချိန်းမှာ ကျွန်တော်ကကြိုက်တဲ့အချိန်ချိန်းပါ။

အားပါတယ်လို့ပြောသွားပါတယ်။ ကျွန်တော်က အားနေတာပါ။ ဝေဠုကျော်က အမှုခေါ်လို့သာ ကျွန်တော်က ရှေ့နေတစ်ယောက်ဖြစ်နေတာပါလို့ပြောသွားပါတယ်။ ကျွန်မတို့ရဲ့ရှေ့နေကအလေလိုက်နေတာမဟုတ်ဘူးလို့ ပြောချင်တာပါ။ လူတိုင်းလူတိုင်းမှာ သူတို့အကြောင်းပြချက်ကတော့ ရှိကြပါတယ်။ ကျွန်မမှာလည်း ကျွန်မ စီးပွားရေးရှိတယ်။ လူမှုရေးရှိတယ်လေ။ မဟုတ်ဘူးလား။ ဒီ reason ကြီးက အရမ်းကြီးကို ယုတ္တိမရှိဘူးလေ။ သဘာဝမကျဘူးလို့ကျွန်မထင်တယ်။ မတရားဘူးလို့ကျွန်မထင်တယ်”လို့ဖြေကြားသွားပါတယ်။

မပြေလည်တဲ့သူဆိုတော့ အမှုနဲ့ပတ်သက်ပြီးစိုးရိမ်စိတ်တွေများရတယ်လို့လည်း သင်းသင်းက “ကျွန်မတို့က မပြေလည်တဲ့ပိုက်ဆံမရှိတဲ့လူဆိုတော့ နည်းနည်းတော့စိုးရိမ်တာပေါ့။ ညဘက်တောင်အိပ်လို့မပျော်ဘူး။ ဒီလိုများဖြစ်မလားလို့ စိုးရိမ်မိတယ်ရှင့်။ ဝေဠုကျော်ဒီနေ့ထပ်ပြီးခွင့်ယူပါတယ်။ သူတို့ပြောတော့ပရဟိတလို့ပြောတယ်။ ကျွန်မလည်းပရဟိတလုပ်ဖူးပါတယ်။ ကျွန်မနဲ့တွဲခဲ့တဲ့တစ်လျှောက်လုံးမှာ ပရဟိတဘာတွေလုပ်တယ် ကျွန်မလည်းပြောပြချင်ပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

အွန်လိုင်းပေါ်မှာ ဟော့နေတဲ့အသံဖိုင်တင်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝေဠုကျော်သွင်းခိုင်းလို့သွင်းရတာပါလို့လည်း “မိန်းကလေးတစ်ယောက်က ကိုယ့်အရှက်သိက္ခာအကျခံပြီး ဒီလိုဖိုင်ကိုသွင်းမလား။ ဝေဠုကျော်သွင်းခိုင်းလို့ ဝေဠုကျော်ဆီမှာလည်း ဒီအသံဖိုင်ရှိပါတယ်ရှင့်။အဲဒီအချိန်မှာလည်း ဝေဠုကျော်နဲ့ရည်းစားဖြစ်နေတာဖြစ်သည့်အတွက် ကိုယ့်ရည်းစားက သူများနောက်ကိုပါပြီးဖောက်ပြန်မလားဆိုတဲ့အတွေးတစ်ခုနဲ့ ကျွန်မမိန်းမသားတစ်ယောက်အနေနဲ့ သူပြောတာလုပ်တာပေါ့။ ကိုယ်ကတော့ အရှက်ခံပြီးတော့ ရည်းစားနဲ့နေတဲ့ဟာကြီးကို ဘယ်သူက အသံ record သွင်းမှာလဲရှင်။ အဲဒါလေးပြောပြတာပါ။ မရှင်းတော့ဘူးလို့တော့နေတာပါ။ ဒီအသံဖိုင်က ဝေဠုကျော်သွင်းခိုင်းလို့သွင်းပါတယ်။ ဝေဠုကျော်ဆီမှာလည်း ဒီအသံဖိုင်ရှိပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

ဝေဠုကျော်ဘက်က နောက်ထပ်ရုံးချိန်းတွေကိုမလာတော့ဘူးလို့ပြောနေတဲ့အပေါ် “ပြောချင်တာက အဲဒီပုံစံမျိုးဆက်သွားမယ်ဆိုရင်ရုံးပြောင်းတိုင်မှာ။တရားရုံးကအမိန့်မှမချသေးတာ။ ကိုယ့်သဘောနဲ့ကိုယ်ပြောတယ်ဆိုတော့ဘာလဲ။ တရားသူကြီးကိုပိုင်တယ်ဆိုတဲ့ပုံစံမျိုးလာပြောတာလား။ ဒါပဲနော်။

သင်းသင်းကတော့ ပြောပြီးသွားပြီ။ တရားသူကြီးကိုယုံတယ်။ သူ့ရဲ့သီလ၊သမာဓိ၊သိက္ခာကိုယုံတယ်။ အမှန်တရားလိုချင်တယ်။ သင်းသင်းအမှန်တရားအတွက်သွားတယ်။ ဒါကိုမှတိုင်မယ်ဆိုလို့ရှိရင် တစ်ဖက်က ရှေ့နေစကားကြောင့်တိုင်မှာပဲ။ဒါကြောင့် အဲဒီဘက်ကရှေ့နေလည်း စကားကို ဆင်ခြင်ပြီးတော့ပြောပါ။ တရားခွင်မှာဆင်ခြင်မပြောလို့ဒီိတိုင်းဆက်သွားမယ်ဆိုရင်ကျွန်မရုံးပြောင်းဖို့အတွက်တိုင်ပါမယ်။ တိုင်ရတဲ့အကြောင်းအရင်းက ကျွန်မခြိမ်းခြောက်တာမဟုတ်ပါဘူး။ ဟိုဘက်ရှေ့နေရဲ့စကားကြောင့် တိုင်မှာပါ”လို့ ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။

Share From nanmalgyi